
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အတ္တလန်တာ ဗဟိုနောက်ခံလူ Cristian Romero ကို ယူနိုက်တက်က ယူရို (၃၉) သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။
အဲဒီကမ်းလှမ်းချက်ကို အတ္တလန်တာအသင်းဘက်ကနေ ပယ်ချသွားခဲ့ပြီး ပြောင်းရွှေ့ကြေးကို ထပ်တိုးကမ်းလှမ်းလာမှသာ လက်ခံသွားဖွယ် ရှိနေပါတယ်။
အတ္တလန်တာ အသင်းဘက်က ကစားသမားနဲ့ ပတ်သက်ပြီး ယူရို (၅၂)သန်းခန့် အလိုရှိနေတာဖြစ်ပါတယ်။
အသက်(၂၃)နှစ်အရွယ်ရှိ အာဂျင်တီးနားနောက်ခံကစားသမား ရိုမဲရိုးဟာ ၂၀၁၈ခုနှစ်မှာပဲ အာဂျင်တီးနားကနေ ဥရောပကို စတင်ခြေချလာခဲ့ပြီး စီးရီးအေကလပ် ဂျီနိုအာအသင်းဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်။
စီးရီးအေမှာ တစ်ရာသီ ကျင်လည်ခဲ့ပြီးတဲ့နောက်မှာ ရိုမဲရိုးကို ဂျူဗင်တပ်စ်အသင်းကနေ ခေါ်ယူခဲ့ပြီး ဂျီနီုအာအသင်းဆီကိုပဲ တစ်ရာသီ အငှားချဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာတော့ ရိုမဲရိုးကို အတ္တလန်တာအသင်းဆီ (၂)ရာသီ အငှားချခဲ့ပြန်ပြီး အပြီးသတ် ဝယ်ယူခွင့်ကိုပါ အငှားစာချုပ်ထဲ ထည့်သွင်းခဲ့ပါသေးတယ်။
အဲဒီကစားသမားဟာ အတ္တလန်တာ အသင်းမှာ ပွဲပေါင်း (၄၂)ပွဲကစားပြီး (၃)ဂိုးသွင်း ၊ ဂိုးဖန်တီးမူ (၅)ခုပြုလုပ်ထားပြီး ခံစစ်မှာ လည်း အကောင်းဆုံးစွမ်းဆောင်ထားနိုင်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းရဲ့ အဓိကအားနည်းချက် ဖြစ်ခဲ့ရတဲ့ ဗဟိုခံစစ်နေရာမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားဖို့အတွက် ခံစစ်မှူးတစ်ယောက်ကို အလိုရှိနေတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ တစ်ဖက်မှာလည်း ဗာရာနီ၊ ရာမို့စ်နှင့် ကွန်ဒီတို့ကိုလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ ကြားသိရတာကြောင့် ရိုမဲရိုးကို နောက်တစ်ကြိမ် ထပ်မံကမ်းလှမ်းမှာလား၊လက်လွှတ်လိုက်မှာလား?
ဒါမှမဟုတ်အတ္တလန်တာဘက်က ဈေးလျှော့ပေးဖို့ကို စောင့်မှာလား ဆိုတာကိုတော့ ပိတ်ကားထက် ဆက်ကြည့်ရပါမယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
႐ိုမဲ႐ိုးအတြက္ ကမ္းလွမ္းတဲ့ ပိုက္ဆံနည္းလို႔ ျငင္းလြတ္ခံလိုက္ရတဲ့ ယူႏိုက္တက္
အတၱလန္တာ ဗဟိုေနာက္ခံလူ Cristian Romero ကို ယူႏိုက္တက္က ယူ႐ို (၃၉) သန္းနဲ႔ ကမ္းလွမ္းခဲ့ပါတယ္။ အဲဒီကမ္းလွမ္းခ်က္ကို အတၱလန္တာအသင္းဘက္ကေန ပယ္ခ်သြားခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကးကို ထပ္တိုးကမ္းလွမ္းလာမွသာ လက္ခံသြားဖြယ္ ရွိေနပါတယ္။
အတၱလန္တာ အသင္းဘက္က ကစားသမားနဲ႔ ပတ္သက္ၿပီး ယူ႐ို (၅၂)သန္းခန႔္ အလိုရွိေနတာျဖစ္ပါတယ္။ အသက္(၂၃)ႏွစ္အ႐ြယ္ရွိ အာဂ်င္တီးနားေနာက္ခံကစားသမား ႐ိုမဲ႐ိုးဟာ ၂၀၁၈ခုႏွစ္မွာပဲ အာဂ်င္တီးနားကေန ဥေရာပကို စတင္ေျခခ်လာခဲ့ၿပီး စီးရီးေအကလပ္ ဂ်ီႏိုအာအသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။
စီးရီးေအမွာ တစ္ရာသီ က်င္လည္ခဲ့ၿပီးတဲ့ေနာက္မွာ ႐ိုမဲ႐ိုးကို ဂ်ဴဗင္တပ္စ္အသင္းကေန ေခၚယူခဲ့ၿပီး ဂ်ီႏီုအာအသင္းဆီကိုပဲ တစ္ရာသီ အငွားခ်ျဖစ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေႏြေဈးကြက္အတြင္းမွာေတာ့ ႐ိုမဲ႐ိုးကို အတၱလန္တာအသင္းဆီ (၂)ရာသီ အငွားခ်ခဲ့ျပန္ၿပီး အၿပီးသတ္ ဝယ္ယူခြင့္ကိုပါ အငွားစာခ်ဳပ္ထဲ ထည့္သြင္းခဲ့ပါေသးတယ္။
အဲဒီကစားသမားဟာ အတၱလန္တာ အသင္းမွာ ပြဲေပါင္း (၄၂)ပြဲကစားၿပီး (၃)ဂိုးသြင္း ၊ ဂိုးဖန္တီးမူ (၅)ခုျပဳလုပ္ထားၿပီး ခံစစ္မွာ လည္း အေကာင္းဆုံးစြမ္းေဆာင္ထားႏိုင္ပါတယ္။
ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက အသင္းရဲ႕ အဓိကအားနည္းခ်က္ ျဖစ္ခဲ့ရတဲ့ ဗဟိုခံစစ္ေနရာမွာ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားနဲ႔ တြဲဖက္ကစားဖို႔အတြက္ ခံစစ္မႉးတစ္ေယာက္ကို အလိုရွိေနတာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ တစ္ဖက္မွာလည္း ဗာရာနီ၊ ရာမို႔စ္ႏွင့္ ကြန္ဒီတို႔ကိုလည္း ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတယ္လို႔ ၾကားသိရတာေၾကာင့္ ႐ိုမဲ႐ိုးကို ေနာက္တစ္ႀကိမ္ ထပ္မံကမ္းလွမ္းမွာလား၊လက္လႊတ္လိုက္မွာလား ဒါမွမဟုတ္အတၱလန္တာဘက္က ေဈးေလွ်ာ့ေပးဖို႔ကို ေစာင့္မွာလား ဆိုတာကိုေတာ့ ပိတ္ကားထက္ ဆက္ၾကည့္ရပါမယ္။