ရိုမေးနီးယားနဲ့ပွဲမှာ မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ ပယ်နယ်တီကန်သွင်းပုံအပေါ် ပရိသတ်တွေ စိုးရိမ်နေကြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ရိုမေးနီးယားအသင်းနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းဟာ ရပ်ရှ်ဖို့ဒ်ရဲ့ ပယ်နယ်တီဂိုးနဲ့အနိုင်ရခဲ့ပြီး (၅၁)နှစ်အတွင်း ရိုမေးနီးယားအသင်းကို ပထမဆုံးအကြိမ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ရိုမေးနီးယားအသင်းကို အနိုင်ရခဲ့ပြီးနောက်ပိုင်း အခုပွဲမတိုင်ခင် (၇)ပွဲဆုံတွေ့ခဲ့တာမှာ (၃)ပွဲရှုံး၊ (၄)ပွဲသရေကျခဲ့ပြီး နိုင်ပွဲမရှိခဲ့ပါဘူး။

အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာ တစ်ဦးချင်းစံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပေမယ့် ပယ်နယ်တီကန်သွင်းချိန်မှာ သူရဲ့ ခြေချင်းဝတ်အနေအထားက ပုံမှန်မဟုတ်တာကြောင့် အင်္ဂလန်ပရိသတ်တွေ စိုးရိမ်နေကြတာပါ။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ဓာတ်ပုံတွေအရ ရပ်ရှ်ဖို့ဒ်ရဲ့ခြေချင်းဝတ်က သိသိသာသာကို လည်ထွက်နေပြီး တချို့က ရပ်ရှ်ဖို့ဒ်အနေနဲ့

ခြေချင်းဝတ်မှာဒဏ်ရာများရနေတာလားလို့ စိုးရိမ်နေကြသလို တချို့ပရိသတ်တွေကတော့ ရပ်ရှ်ဖို့ဒ်ဟာ အဲဒီလိုအနေအထားနဲ့ ဂိုးကန်သွင်းလေ့ရှိတာကြောင့် ခြေချင်းဝတ်ဒဏ်ရာ မကြာခဏရလေ့ရှိတာ မဆန်းဘူးလို့ သုံးသပ်ခဲ့ကြပါတယ်။

နောက်ထပ် ပရိသတ်တစ်ဦးကတော့ ‘ရပ်ရှ်ဖို့ဒ်ဟာ ဘယ်လိုပုံစံနဲ့ ကန်ခဲ့တာလဲ။

သူ့လိုသာ လိုက်ကန်မယ်ဆိုရင် ငါတော့ လမ်းတောင်လျှောက်နိုင်မှာမဟုတ်ဘူး’လို့ ရေးသားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ အခုလောလောဆယ် ခြေချင်းဝတ်ဒဏ်ရာနဲ့ ပခုံးဒဏ်ရာခံစားနေရပြီး ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိသေးပေမယ့် အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဆင်နွှဲလိုတာကြောင့် သူ့ဒဏ်ရာတွေကို ယူရိုပြိုင်ပွဲအပြီးမှ ခွဲစိတ်ကုသဖို့ စီစဉ်ထားတာပါ။

ရိုမေးနီးယားနဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရခဲ့ပြီး အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူး မိုက်ကယ်အိုဝင်နောက်ပိုင်း အသက်အငယ်ဆုံးအသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မိုက်ကယ်အိုဝင်ဟာ ၂၀၀၃၊ ဇွန်လတုန်းက ဆလိုဗက်ကီးယားနဲ့ကစားခဲ့တဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရခဲ့သလို အဲဒီအချိန်က သူ့အသက်ဟာ (၂၃)နှစ်၊

(၁၇၉)ရက်သာရှိခဲ့တာကြောင့် စံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး အခု ရပ်ရှ်ဖို့ဒ်က (၂၃)နှစ်၊ (၂၁၈)ရက်နဲ့ အိုဝင်နောက်ပိုင်း အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒ့ါအပြင် ရပ်ရှ်ဖို့ဒ်ဟာ သူ့ကစားသမားဘဝတစ်လျှောက် နိုင်ငံနဲ့ကလပ်အသင်းအတွက် သွင်းဂိုး(၁၀၀)ပြည့်မြောက်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက်(၈၈)ဂိုး၊ အင်္ဂလန်အသင်းနဲ့အတူ (၁၂)ဂိုးသွင်းယူခဲ့သလို ပွဲပေါင်း(၂၁၆)ပွဲကစား၊ သွင်းဂိုး(၁၀၀)၊ ဂိုးဖန်တီးမှု (၆၂)ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါပြီ။

အခုဆိုရင် ယူနိုက်တက်ကစားသမားတွေထဲမှာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခွင့်ရချိန်မှာ ဂိုးသွင်းနိုင်ခဲ့တာက ရပ်ရှ်ဖို့ဒ်အပါအဝင် စုစုပေါင်း(၇)ဦးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။

အဲဒီကစားသမားတွေကတော့ ဘော်ဘီချာလ်တန်၊ ဘရိုင်ယန်ရော့ဘ်ဆင်၊ ဒေးဗစ်ဘက်ခမ်၊ ဖာဒီနန်၊ ရွန်နီ၊ မက်ဂွိုင်းယားနဲ့ အခု ရပ်ရှ်ဖို့ဒ်တို့ပဲဖြစ်ပြီး တခြားကလပ်အသင်းတွေထက် နှစ်ဆပိုများတဲ့အရေအတွက်ပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

႐ိုေမးနီးယားနဲ႔ပြဲမွာ မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္ရဲ႕ ပယ္နယ္တီကန္သြင္းပုံအေပၚ ပရိသတ္ေတြ စိုးရိမ္ေနၾက

မေန႔က ႐ိုေမးနီးယားအသင္းနဲ႔ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ အဂၤလန္အသင္းဟာ ရပ္ရွ္ဖို႔ဒ္ရဲ႕ ပယ္နယ္တီဂိုးနဲ႔အႏိုင္ရခဲ့ၿပီး (၅၁)ႏွစ္အတြင္း ႐ိုေမးနီးယားအသင္းကို ပထမဆုံးအႀကိမ္ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။ အဂၤလန္အသင္းဟာ ၁၉၇၀ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ႐ိုေမးနီးယားအသင္းကို အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း အခုပြဲမတိုင္ခင္ (၇)ပြဲဆုံေတြ႕ခဲ့တာမွာ (၃)ပြဲရႈံး၊ (၄)ပြဲသေရက်ခဲ့ၿပီး ႏိုင္ပြဲမရွိခဲ့ပါဘူး။

အဂၤလန္အသင္းအတြက္ အႏိုင္ဂိုးသြင္းယူခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္ဟာ တစ္ဦးခ်င္းစံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ေပမယ့္ ပယ္နယ္တီကန္သြင္းခ်ိန္မွာ သူရဲ႕ ေျခခ်င္းဝတ္အေနအထားက ပုံမွန္မဟုတ္တာေၾကာင့္ အဂၤလန္ပရိသတ္ေတြ စိုးရိမ္ေနၾကတာပါ။ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဓာတ္ပုံေတြအရ ရပ္ရွ္ဖို႔ဒ္ရဲ႕ေျခခ်င္းဝတ္က သိသိသာသာကို လည္ထြက္ေနၿပီး တခ်ိဳ႕က ရပ္ရွ္ဖို႔ဒ္အေနနဲ႔ ေျခခ်င္းဝတ္မွာဒဏ္ရာမ်ားရေနတာလားလို႔ စိုးရိမ္ေနၾကသလို တခ်ိဳ႕ပရိသတ္ေတြကေတာ့ ရပ္ရွ္ဖို႔ဒ္ဟာ အဲဒီလိုအေနအထားနဲ႔ ဂိုးကန္သြင္းေလ့ရွိတာေၾကာင့္ ေျခခ်င္းဝတ္ဒဏ္ရာ မၾကာခဏရေလ့ရွိတာ မဆန္းဘူးလို႔ သုံးသပ္ခဲ့ၾကပါတယ္။

ေနာက္ထပ္ ပရိသတ္တစ္ဦးကေတာ့ ‘ရပ္ရွ္ဖို႔ဒ္ဟာ ဘယ္လိုပုံစံနဲ႔ ကန္ခဲ့တာလဲ။ သူ႔လိုသာ လိုက္ကန္မယ္ဆိုရင္ ငါေတာ့ လမ္းေတာင္ေလွ်ာက္ႏိုင္မွာမဟုတ္ဘူး’လို႔ ေရးသားခဲ့ပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာ အခုေလာေလာဆယ္ ေျခခ်င္းဝတ္ဒဏ္ရာနဲ႔ ပခုံးဒဏ္ရာခံစားေနရၿပီး ရာႏႈန္းျပည့္ႀကံ့ခိုင္မႈမရွိေသးေပမယ့္ အဂၤလန္အသင္းနဲ႔အတူ ယူ႐ိုၿပိဳင္ပြဲဆင္ႏႊဲလိုတာေၾကာင့္ သူ႔ဒဏ္ရာေတြကို ယူ႐ိုၿပိဳင္ပြဲအၿပီးမွ ခြဲစိတ္ကုသဖို႔ စီစဥ္ထားတာပါ။

႐ိုေမးနီးယားနဲ႔ပြဲမွာ ရပ္ရွ္ဖို႔ဒ္ဟာ အဂၤလန္အသင္းေခါင္းေဆာင္အျဖစ္ ပြဲထြက္ခြင့္ရခဲ့ၿပီး အဂၤလန္ဂႏၴဝင္တိုက္စစ္မႉး မိုက္ကယ္အိုဝင္ေနာက္ပိုင္း အသက္အငယ္ဆုံးအသင္းေခါင္းေဆာင္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ မိုက္ကယ္အိုဝင္ဟာ ၂၀၀၃၊ ဇြန္လတုန္းက ဆလိုဗက္ကီးယားနဲ႔ကစားခဲ့တဲ့ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ ပြဲထြက္ခြင့္ရခဲ့သလို အဲဒီအခ်ိန္က သူ႔အသက္ဟာ (၂၃)ႏွစ္၊ (၁၇၉)ရက္သာရွိခဲ့တာေၾကာင့္ စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ၿပီး အခု ရပ္ရွ္ဖို႔ဒ္က (၂၃)ႏွစ္၊ (၂၁၈)ရက္နဲ႔ အိုဝင္ေနာက္ပိုင္း အသက္အငယ္ဆုံး အသင္းေခါင္းေဆာင္အျဖစ္ မွတ္တမ္းဝင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒ့ါအျပင္ ရပ္ရွ္ဖို႔ဒ္ဟာ သူ႔ကစားသမားဘဝတစ္ေလွ်ာက္ ႏိုင္ငံနဲ႔ကလပ္အသင္းအတြက္ သြင္းဂိုး(၁၀၀)ျပည့္ေျမာက္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္(၈၈)ဂိုး၊ အဂၤလန္အသင္းနဲ႔အတူ (၁၂)ဂိုးသြင္းယူခဲ့သလို ပြဲေပါင္း(၂၁၆)ပြဲကစား၊ သြင္းဂိုး(၁၀၀)၊ ဂိုးဖန္တီးမႈ (၆၂)ႀကိမ္အထိျပဳလုပ္ႏိုင္ခဲ့ပါၿပီ။

အခုဆိုရင္ ယူႏိုက္တက္ကစားသမားေတြထဲမွာ အဂၤလန္အသင္းေခါင္းေဆာင္အျဖစ္ ပြဲထြက္ခြင့္ရခ်ိန္မွာ ဂိုးသြင္းႏိုင္ခဲ့တာက ရပ္ရွ္ဖို႔ဒ္အပါအဝင္ စုစုေပါင္း(၇)ဦးအထိရွိလာခဲ့ၿပီျဖစ္ပါတယ္။ အဲဒီကစားသမားေတြကေတာ့ ေဘာ္ဘီခ်ာလ္တန္၊ ဘ႐ိုင္ယန္ေရာ့ဘ္ဆင္၊ ေဒးဗစ္ဘက္ခမ္၊ ဖာဒီနန္၊ ႐ြန္နီ၊ မက္ဂြိဳင္းယားနဲ႔ အခု ရပ္ရွ္ဖို႔ဒ္တို႔ပဲျဖစ္ၿပီး တျခားကလပ္အသင္းေတြထက္ ႏွစ္ဆပိုမ်ားတဲ့အေရအတြက္ပါပဲ။