ရိုမီယိုရဲ့အမှားပါပေမယ့် ပေးဂိုးအတွက် ဒိုင်လူကြီးကို မန်ယူကစားသမားတွေဒေါသထွက်နေ

Photo - Internet
Photo – Internet

မန်ယူအသင်းဟာ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့အဝေးကွင်းပွဲစဉ်မှာ ဘရုဂျက်နဲ့ ၁-၁ သရေကျခဲ့ပြီး အဆိုပါပွဲမှပေးဂိုးအတွက် ဒိုင်လူကြီးအပေါ်ကစားသမားများကဒေါသထွက်နေတေယ်လို့ သိရပါတယ်။ ဒီပွဲမှာမန်ယူဟာ ပွဲချိန် ၁၅ မိနစ်မှာအဖွင့်ဂိုးပေးလိုက်ရတာဖြစ်ပြီး ၃၆ မိနစ်မှာ မာရှယ်ကပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဘရုဂျက်ဂိုးသမား မစ်ဂ်နိုလက်က ဂိုးလွန်ဘောကိုကန်တင်ပေးလိုက်တာကနေတစ်ဆင့် ဒန်းနစ်ဆီဘောလုံးတိုက်ရိုက်ရောက်ရှိသွားပြီး ဂိုးဧရိယာထိပ်ကိုပြေးထွက်လာတဲ့ မန်ယူဂိုးသမား ရိုမီယိုကိုကျော်ကာ ကန်သွင်းယူသွားတာဖြစ်ပါတယ်။ ဒီဂိုးအတွက် မစ်ဂ်နိုလက်ကဘောလုံးကန်တင်ချိန်မှာ ဘောလုံးကငြိမ်မနေခဲ့ဘဲ လိမ့်နေလို့ ဂိုးမပေးသင့်ဘူးဆိုပြီး မန်ယူအသင်းသားတွေက စောဒကတက်ခဲ့ကြတာပါ။

Photo – Internet

မန်ယူကွင်းလယ်လူ မာတစ်ကထောင့်ကန်ဘောရဖို့ အငြင်းပွားနေချိန်မှာ ဘောလုံးရသွားတဲ့ မစ်ဂ်နိုလက်က အမြန်ကန်တင်ပေးလိုက်တာဖြစ်ပါတယ်။ သူ့ကန်ချက်က ဒန်းနစ်ဆီတိုက်ရိုက်ရောက်သွားတာကနေ ဂိုးပေးလိုက်ရတာပါ။ ဒီဂိုးအတွက် ဒိုင်လူကြီးကို မန်ယူကစားသမားတွေစောဒကတက်ခဲ့ပေမယ့် ဒိုင်ကတော့ ဂိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo – Internet

ဒါပေမယ့်လည်း ဒီပွဲအတွက်ဘောလုံးဝေဖန်သုံးသပ်သူဖြစ်ခဲ့တဲ့ မန်ယူကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်ကတော့ ဒိုင်လူကြီးထက်စာရင် မန်ယူခံစစ်နဲ့ ဂိုးသမား ရိုမီယိုတို့ကိုသာ အပြစ်တင်ရမယ်လို့ ပြောသွားပါတယ်။ ထိုနည်းတူ မန်ယူတိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဗန်ပါစီကလည်း မန်ယူရဲ့ပထမပိုင်းကစားပုံမကောင်းခဲ့တာကသာ အဓိကကျခဲ့တယ်လို့ ဆိုသွားပါတယ်။

Photo – Internet

ဟားဂရေ့ဗ်က”မာတစ်က ထောင့်ကန်ဘောရဖို့ငြင်းနေပေမယ့် မရခဲ့ဘူး။ အဲဒီအချိန်မှာ မစ်ဂ်နိုလက်က ဘောလုံးကိုအမြန်ကန်တင်လိုက်တယ်။ ကွင်းကလည်းစိုနေတော့ ရိုမီယိုရှေ့မထွက်သင့်ဘူး။ ခံစစ်ကလည်း စုစည်းမှုမရှိချိန်ဖြစ်လို့ ဒီအတွက်ပေးဆပ်လိုက်ရတယ်” လို့ပြောသွားပါတယ်။

Photo – Internet

Zawgyi

ရိုမီယိုရဲ႕အမွွားပါေပမယ္႔ ေပးဂိုးအတြက္ ဒိုင္လူႀကီးကို မန္ယူကစားသမားေတြေဒါသထြက္ေန

မန္ယူအသင္းဟာ ယူရိုပါလိဂ္ ၃၂ သင္းအဆင့္ ပထမအေက်ာ႔အေ၀းကြင္းပြဲစဥ္မွာ ဘရုဂ်က္နဲ႔ ၁-၁ သေရက်ခဲ့ၿပီး အဆိုပါပြဲမွေပးဂိုးအတြက္ ဒိုင္လူႀကီးအေပၚကစားသမားမ်ားကေဒါသထြက္ေနေတယ္လို႔ သိရပါတယ္။ ဒီပြြဲမွာမန္ယူဟာ ပြဲခ်ိန္ ၁၅ မိနစ္မွာအဖြင့္ဂိုးေပးလိုက္ရတာျဖစ္ၿပီး ၃၆ မိနစ္မွာ မာရွယ္ကျပန္လည္ေခ်ပခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ဘရုဂ်က္ဂိုးသမား မစ္ဂ္ႏိုလက္က ဂိုးလြန္ေဘာကိုကန္တင္ေပးလိုက္တာကေနတစ္ဆင့္ ဒန္းနစ္ဆီေဘာလုံးတိုက္ရိုက္ေရာက္ရွိသြားၿပီး ဂိုးဧရိယာထိပ္ကိုေျပးထြက္လာတဲ႔ မန္ယူဂိုးသမား ရိုမီယိုကိုေက်ာ္ကာ ကန္သြင္းယူသြားတာျဖစ္ပါတယ္။ ဒီဂိုးအတြက္ မစ္ဂ္ႏိုလက္ကေဘာလုံးကန္တင္ခ်ိန္မွာ ေဘာလုံးကၿငိမ္မေနခဲ့ဘဲ လိမ့္ေနလို႔ ဂိုးမေပးသင့္ဘူးဆိုၿပီး မန္ယူအသင္းသားေတြက ေစာဒကတက္ခဲ့ၾကတာပါ။

မန္ယူကြင္းလယ္လူ မာတစ္ကေထာင့္ကန္ေဘာရဖို႔ အျငင္းပြားေနခ်ိန္မွာ ေဘာလုံးရသြားတဲ႔ မစ္ဂ္ႏိုလက္က အျမန္ကန္တင္ေပးလိုက္တာျဖစ္ပါတယ္။ သူ႔ကန္ခ်က္က ဒန္းနစ္ဆီတိုက္ရိုက္ေရာက္သြားတာကေန ဂိုးေပးလိုက္ရတာပါ။ ဒီဂိုးအတြက္ ဒိုင္လူႀကီးကို မန္ယူကစားသမားေတြေစာဒကတက္ခဲ့ေပမယ္႔ ဒိုင္ကေတာ႔ ဂိုးေပးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဒါေပမယ္႔လည္း ဒီပြဲအတြက္ေဘာလုံးေ၀ဖန္သုံးသပ္သူျဖစ္ခဲ့တဲ႔ မန္ယူကြင္းလယ္လူေဟာင္း အို၀င္ဟားဂေရ႕ဗ္ကေတာ႔ ဒိုင္လူႀကီးထက္စာရင္ မန္ယူခံစစ္နဲ႔ ဂိုးသမား ရိုမီယိုတို႔ကိုသာ အျပစ္တင္ရမယ္လို႔ ေျပာသြားပါတယ္။ ထိုနည္းတူ မန္ယူတိုက္စစ္မွဴးေဟာင္းျဖစ္တဲ႔ ဗန္ပါစီကလည္း မန္ယူရဲ႕ပထမပိုင္းကစားပုံမေကာင္းခဲ့တာကသာ အဓိကက်ခဲ့တယ္လို႔ ဆိုသြားပါတယ္။

ဟားဂေရ႕ဗ္က”မာတစ္က ေထာင့္ကန္ေဘာရဖို႔ျငင္းေနေပမယ္႔ မရခဲ့ဘူး။ အဲဒီအခ်ိန္မွာ မစ္ဂ္ႏိုလက္က ေဘာလုံးကိုအျမန္ကန္တင္လိုက္တယ္။ ကြင္းကလည္းစိုေနေတာ႔ ရိုမီယိုေရွ႕မထြက္သင့္ဘူး။ ခံစစ္ကလည္း စုစည္းမႈမရွိခ်ိန္ျဖစ္လို႔ ဒီအတြက္ေပးဆပ္လိုက္ရတယ္” လို႔ေျပာသြားပါတယ္။