ရိုဒရီရဲ့ကန်ချက်နဲ့ ထိမိရင် ဂျမေကာပြန်ရောက်သွားနိုင်တယ်လို့ စတာလင်းနောက်ပြောင်

Photo-Internet
Photo-Internet

မန်စီးတီးအသင်းတောင်ပံကစားသမား စတာလင်းက ဘန်လေနဲ့ပွဲမှာ ရိုဒရီရဲ့ဂိုကန်သွင်းချက် သူ့မျက်နှာကိုမထိခဲ့တာ သိပ်ကိုကံကောင်းသွားတယ်လို့ ပြောလိုက်ပါတယ်။ မန်စီးတီးက ၄-၁ နဲ့နိုင်ခဲ့တဲ့ ဒီပွဲမှာ ရိုဒရီဟာ ၆၈ မိနစ်မှာဂိုးဧရိယာထိပ်ကနေ ပြင်းထန်စွာနဲ့ကန်သွင်းပြီး တတိယဂိုးရယူပေးခဲ့တာပါ။

ဒီစပိန်သားရဲ့ ကန်ချက်ကပြင်းထန်လွန်းလို့ ဘန်လေဂိုးသမားနစ်ခ်ပုပ်တစ်ယောက် ဘာမှမတတ်နိုင်ဘဲဂိုးပေးလိုက်ရပါတယ်။ ရိုဒရီကန်လိုက်ချိန်မှာ စတာလင်းဟာဘောလုံးလမ်းကြောင်းပေါ်မှာ ရှိနေပြီးအချိန်မီငုံ့ရှောင်နိုင်ခဲ့လို့သာ မျက်နှာကိုမထိခဲ့တာဖြစ်ပါတယ်။

https://twitter.com/sterling7/status/1201996528870739968

ဒါကြောင့်လည်း စတာလင်းက သူ့မျက်နှာကိုသာထိလိုက်ရင် မွေးရပ်မြေဖြစ်တဲ့ ဂျမေကာကိုတောင် ပြန်ရောက်သွားနိုင်တယ်လို့ တွစ်တာကနေ နောက်ပြောင်သွားခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ တွစ်တာကနေတစ်ဆင့် စတာလင်းက” ရိုဒရီရဲ့ကန်ချက် ကျွန်တော့်မျက်နှာကိုမထိခဲ့တာ ကံကောင်းတာပါဗျာ။

Photo-Internet

ထိများထိလိုက်ရင်တော့ ဂျမေကာကို တစ်ခါတည်းပြန်ရောက်သွားနိုင်ပါတယ်” လို့ပြောသွားပါတယ်။ ဒီပွဲမှာ  မန်စီးတီးအတွက်ဂိုးတွေကို ၈ ပွဲဆက်ဂိုးပေါက်ပျောက်နေတဲ့ ဂျီးဆပ်က ၂ ဂိုးသွင်းယူခဲ့ပြီး နောက်ဆုံးဂိုးကို မာရက်ဇ်က သွင်းပေးခဲ့တာဖြစ်ပါတယ်။

Photo-Internet

မန်စီးတီးဟာ ပြီးခဲ့တဲ့ စနေနေ့က နယူးကာဆယ်နဲ့ ၂-၂ သရေကျခဲ့မှုကို ပြန်လည်တုံ့ပြန်နိုင်ခဲ့တာလည်းဖြစ်ပြီး လက်ရှိမှာ လီဗာပူးနဲ့ ၈ မှတ်သာကွာပါတော့တယ်။ ဒါပေမယ့် ဒီကနေ့ညမှာ လီဗာပူးက အဲဗာတန်ကိုနိုင်ခဲ့မယ်ဆိုရင် ၁၁ မှတ်ပြန်ကွာသွားမှာဖြစ်ပါတယ်။

Photo-Internet

Zawgyi

ရိုဒရီရဲ႕ကန္ခ်က္နဲ႔ ထိမိရင္ ဂ်ေမကာျပန္ေရာက္သြားႏိုင္တယ္လို႔ စတာလင္းေနာက္ေျပာင္

မန္စီးတီးအသင္းေတာင္ပံကစားသမား စတာလင္းက ဘန္ေလနဲ႔ပြဲမွာ ရိုဒရီရဲ႕ဂိုကန္သြင္းခ်က္ သူ႔မ်က္ႏွာကိုမထိခဲ့တာ သိပ္ကိုကံေကာင္းသြားတယ္လို႔ ေျပာလိုက္ပါတယ္။ မန္စီးတီးက ၄-၁ နဲ႔ႏိုင္ခဲ့တဲ႔ ဒီပြဲမွာ ရိုဒရီဟာ ၆၈ မိနစ္မွာဂိုးဧရိယာထိပ္ကေန ျပင္းထန္စြာနဲ႔ကန္သြင္းၿပီး တတိယဂိုးရယူေပးခဲ့တာပါ။

ဒီစပိန္သားရဲ႕ ကန္ခ်က္ကျပင္းထန္လြန္းလို႔ ဘန္ေလဂိုးသမားနစ္ခ္ပုပ္တစ္ေယာက္ ဘာမွမတတ္ႏိုင္ဘဲဂိုးေပးလိုက္ရပါတယ္။ ရိုဒရီကန္လိုက္ခ်ိန္မွာ စတာလင္းဟာေဘာလုံးလမ္းေၾကာင္းေပၚမွာ ရွိေနၿပီးအခ်ိန္မီငုံ႔ေရွာင္ႏိုင္ခဲ့လို႔သာ မ်က္ႏွာကိုမထိခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း စတာလင္းက သူ႔မ်က္ႏွာကိုသာထိလိုက္ရင္ ေမြးရပ္ေျမျဖစ္တဲ႔ ဂ်ေမကာကိုေတာင္ ျပန္ေရာက္သြားႏိုင္တယ္လို႔ တြစ္တာကေန ေနာက္ေျပာင္သြားခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာ တြစ္တာကေနတစ္ဆင့္ စတာလင္းက” ရိုဒရီရဲ႕ကန္ခ်က္ က်ြန္ေတာ္႔မ်က္ႏွာကိုမထိခဲ့တာ ကံေကာင္းတာပါဗ်ာ။

ထိမ်ားထိလိုက္ရင္ေတာ႔ ဂ်ေမကာကို တစ္ခါတည္းျပန္ေရာက္သြားႏိုင္ပါတယ္” လို႔ေျပာသြားပါတယ္။ ဒီပြဲမွာ  မန္စီးတီးအတြက္ဂိုးေတြကို ၈ ပြဲဆက္ဂိုးေပါက္ေပ်ာက္ေနတဲ႔ ဂ်ီးဆပ္က ၂ ဂိုးသြင္းယူခဲ့ၿပီး ေနာက္ဆုံးဂိုးကို မာရက္ဇ္က သြင္းေပးခဲ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ ၿပီးခဲ့တဲ႔ စေနေန႔က နယူးကာဆယ္နဲ႔ ၂-၂ သေရက်ခဲ့မႈကို ျပန္လည္တံု႔ျပန္ႏိုင္ခဲ့တာလည္းျဖစ္ၿပီး လက္ရွိမွာ လီဗာပူးနဲ႔ ၈ မွတ္သာကြာပါေတာ႔တယ္။ ဒါေပမယ္႔ ဒီကေန႔ညမွာ လီဗာပူးက အဲဗာတန္ကိုႏိုင္ခဲ့မယ္ဆိုရင္ ၁၁ မွတ္ျပန္ကြာသြားမွာျဖစ္ပါတယ္။