
Photo Credit
Photo Credit
သတင်းတွေရဲ့ဖော်ပြချက်အရ အဲဗာတန်အသင်းဟာ ရီးရဲလ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီလို့ သိရပါတယ်။ နည်းပြသစ်အန်ဆလော့တီဟာ အသင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေပြီး တိုက်စစ်မှူးအီဘရာဟီမိုဗစ်ကို ခေါ်ယူရေးအဆင်မပြေဖြစ်ခဲ့ရပေမယ့် အခုတော့ ကိုလံဘီယာအသင်းခေါင်းဆောင်ကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။
Photo Credit
စပိန်သတင်းဌာန El Desmarque ရဲ့ ဖော်ပြချက်အရ အဲဗာတန်ဟာ ရိုဒရီဂွက်ဇ်ကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ သိရပြီး အာဆင်နယ်၊ အင်တာမီလန်၊ ရိုးမားနဲ့ မာဆေးလ်အသင်းတို့ထက်စာရင် သူ့ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးပိုများနေပါတယ်။
Photo Credit
ပေါ်တိုနဲ့ မိုနာကိုကွင်းလယ်လူဟောင်း ရိုဒရီဂွက်ဇ်ဟာ ဒီရာသီမှာ ရီးရဲလ်အတွက် စုစုပေါင်း ၉ပွဲပဲ ပါဝင်ကစားခွင့်ရရှိထားပြီး အန်ဆလော့တီက ရိုဒရီဂွက်ဇ်နဲ့ တတိယအကြိမ်မြောက် ပြန်လည်လက်တွဲဖို့ ဆန္ဒပြင်းပြနေပါတယ်။
Photo Credit
သူတို့နှစ်ယောက်ဟာ ရီးရဲလ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ လက်တွဲခဲ့ဖူးပြီး အထူးသဖြင့် အန်ဆလော့တီက ရိုဒရီဂွက်ဇ်ကို ၂ကြိမ်တိတိ ခေါ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီဈေးကွက်တုန်းကလည်း အန်ဆလော့တီဟာ နာပိုလီနည်းပြအဖြစ် ရိုဒရီဂွက်ဇ်ကို ခေါ်ယူနိုင်ဖို့ အသည်းအသန်ကြိုးစားခဲ့ဖူးပါတယ်။
Photo Credit
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းနဲ့အတူ ခြေစွမ်းပြဂိုးမြူးခဲ့ပြီးနောက် မိုနာကိုကနေ ရီးရဲလ်ကို ရောက်လာခဲ့တဲ့ ရိုဒရီဂွက်ဇ်ဟာ အဲဗာတန်နည်းပြသစ် အန်ဆလော့တီရဲ့ပထမဆုံးကစားသမားသစ်ခေါ်ယူမှုဖြစ်လာနိုင်ပြီး သူ့အတွက် ပေါင် ၄၃သန်းသုံးစွဲရဖွယ်ရှိနေပါတယ်။
Photo Credit
ရီးရဲလ်ကလည်း ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ရေးအတွက် အသင်းမှာရှိတဲ့ ပုံမှန်ပွဲထွက်ဆုံးရှုံးနေသူတွေကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ရိုဒရီဂွက်ဇ်က ထိပ်ဆုံးမှာ ပါဝင်နေကြောင်း သိရပါတယ်။
Photo Credit
ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီက ဘိုင်ယန်မြူးနစ်ကနေ မိခင်ကလပ် ရီးရဲလ်ထံ ပြန်ရောက်လာပြီး မြူးနစ်မှာ အငှားကစားသမားအဖြစ် ၂နှစ်ကြာကစားခဲ့ပေမယ့် အဲဒီဘွန်ဒက်စ်လီဂါကလပ်က အပြီးသတ်မခေါ်ယူခဲ့လို့ စပိန်ကို ပြန်ရောက်လာခဲ့တာပါ။
Photo Credit
Zawgyi
႐ိုဒရီဂြက္ဇ္ကို ေပါင္ ၄၃သန္းနဲ႔ ေခၚယူႏုိင္ဖို႔ အဲဗာတန္အသင္း အလြန္နီးစပ္ေန
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အဲဗာတန္အသင္းဟာ ရီးရဲလ္ကြင္းလယ္လူ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကို ေခၚယူႏိုင္ဖို႔ အလြန္နီးစပ္ေနၿပီလုိ႔ သိရပါတယ္။ နည္းျပသစ္အန္ဆေလာ့တီဟာ အသင္းကို အင္အားျဖည့္တင္းဖို႔ စီစဥ္ေနၿပီး တိုက္စစ္မွဴးအီဘရာဟီမိုဗစ္ကို ေခၚယူေရးအဆင္မေျပျဖစ္ခဲ့ရေပမယ့္ အခုေတာ့ ကိုလံဘီယာအသင္းေခါင္းေဆာင္ကို ေခၚယူႏုိင္ေတာ့မွာျဖစ္ပါတယ္။
စပိန္သတင္းဌာန El Desmarque ရဲ႕ ေဖာ္ျပခ်က္အရ အဲဗာတန္ဟာ ႐ိုဒရီဂြက္ဇ္ကို ေခၚယူႏိုင္ဖို႔ ထိပ္ဆုံးကေန ဦးေဆာင္ေနတယ္လုိ႔ သိရၿပီး အာဆင္နယ္၊ အင္တာမီလန္၊ ႐ိုးမားနဲ႔ မာေဆးလ္အသင္းတို႔ထက္စာရင္ သူ႕ကို ေခၚယူႏိုင္ဖို႔ အခြင့္အေရးပိုမ်ားေနပါတယ္။
ေပၚတိုနဲ႔ မုိနာကုိကြင္းလယ္လူေဟာင္း ႐ိုဒရီဂြက္ဇ္ဟာ ဒီရာသီမွာ ရီးရဲလ္အတြက္ စုစုေပါင္း ၉ပြဲပဲ ပါ၀င္ကစားခြင့္ရရွိထားၿပီး အန္ဆေလာ့တီက ႐ုိဒရီဂြက္ဇ္နဲ႔ တတိယအႀကိမ္ေျမာက္ ျပန္လည္လက္တြဲဖို႔ ဆႏၵျပင္းျပေနပါတယ္။
သူတုိ႔ႏွစ္ေယာက္ဟာ ရီးရဲလ္နဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းေတြမွာ လက္တြဲခဲ့ဖူးၿပီး အထူးသျဖင့္ အန္ဆေလာ့တီက ႐ိုဒရီဂြက္ဇ္ကို ၂ႀကိမ္တိတိ ေခၚယူခဲ့ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီေစ်းကြက္တုန္းကလည္း အန္ဆေလာ့တီဟာ နာပိုလီနည္းျပအျဖစ္ ႐ိုဒရီဂြက္ဇ္ကို ေခၚယူႏုိင္ဖို႔ အသည္းအသန္ႀကိဳးစားခ့ဲဖူးပါတယ္။
၂၀၁၄ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ကိုလံဘီယာအသင္းနဲ႔အတူ ေျခစြမ္းျပဂိုးျမဴးခဲ့ၿပီးေနာက္ မုိနာကိုကေန ရီးရဲလ္ကို ေရာက္လာခဲ့တဲ့ ႐ိုဒရီဂြက္ဇ္ဟာ အဲဗာတန္နည္းျပသစ္ အန္ဆေလာ့တီရဲ႕ပထမဆုံးကစားသမားသစ္ေခၚယူမႈျဖစ္လာႏိုင္ၿပီး သူ႕အတြက္ ေပါင္ ၄၃သန္းသုံးစြဲရဖြယ္ရွိေနပါတယ္။
ရီးရဲလ္ကလည္း ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာကို ေခၚယူႏုိင္ေရးအတြက္ အသင္းမွာရွိတဲ့ ပုံမွန္ပြဲထြက္ဆုံး႐ံႈးေနသူေတြကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနၿပီး ႐ုိဒရီဂြက္ဇ္က ထိပ္ဆုံးမွာ ပါ၀င္ေနေၾကာင္း သိရပါတယ္။
႐ိုဒရီဂြက္ဇ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဘုိင္ယန္ျမဴးနစ္ကေန မိခင္ကလပ္ ရီးရဲလ္ထံ ျပန္ေရာက္လာၿပီး ျမဴးနစ္မွာ အငွားကစားသမားအျဖစ္ ၂ႏွစ္ၾကာကစားခဲ့ေပမယ့္ အဲဒီဘြန္ဒက္စ္လီဂါကလပ္က အၿပီးသတ္မေခၚယူခဲ့လုိ႔ စပိန္ကို ျပန္ေရာက္လာခဲ့တာပါ။