ရိုဒရီဂွက်ဇ်ကို ကနဦးအငှားနဲ့ ခေါ်ယူနိုင်ဖို့ အဲဗာတန် မျှော်လင့်နေ

Photo Credit

Photo Credit

အဲဗာတန်အသင်းဟာ ရီးရဲလ်ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး နည်းပြအန်ဆလော့တီကလည်း အဆိုပါကိုလံဘီယာအသင်းခေါင်းဆောင်နဲ့ တတိယအကြိမ်မြောက် လက်တွဲဖို့ ဆန္ဒပြင်းပြနေပါတယ်။

Photo Credit

ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မာကိုဆေးလ်ဗားရဲ့နေရာမှာ အစားဝင်လာတဲ့ အီတလီနိုင်ငံသား အန်ဆလော့တီဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး ရီးရဲလ်နည်းပြအဖြစ်သာမက ဘိုင်ယန်မြူးနစ်နည်းပြအဖြစ်နဲ့ပါ အန်ဆလော့တီက သူ့ကို ခေါ်ယူခဲ့တာပါ။

Photo Credit

အသက် ၂၈နှစ်အရွယ်ရှိ ရိုဒရီဂွက်ဇ်ဟာ ဘိုင်ယန်မှာ ၂နှစ်ကြာအငှားကစားပြီးနောက် ပြီးခဲ့တဲ့နွေရာသီက မိခင်ကလပ် ရီးရဲလ်ဆီ ပြန်ရောက်လာပေမယ့် နည်းပြဇီဒန်းရဲ့ယုံကြည်မှုမရသေးဘဲ ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးနေရပါတယ်။

Photo Credit

The Mirror သတင်းစာရဲ့ဖော်ပြချက်အရ အန်ဆလော့တီဟာ ကွင်းလယ်ဖန်တီးမှုပိုင်းအတွက် ရိုဒရီဂွက်ဇ်က အသင့်တော်ဆုံးလို့ မှတ်ယူထားကြောင်း သိရပါတယ်။ အဲဗာတန်အသင်းကလည်း အန်ဆလော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်မှုမှာ ထိပ်တန်းကစားသမားတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိမှုက အချက်တစ်ချက်အနေနဲ့ ပါဝင်နေပါတယ်။

Photo Credit

အဲဗာတန်အသင်းနည်းပြအဖြစ် တစ်နှစ်လုပ်ခ ပေါင် ၁၁.၅သန်းအထိရရှိနေတဲ့ အန်ဆလော့တီဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း နာပိုလီနည်းပြအဖြစ် ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ အသည်းအသန်ကြိုးစားခဲ့ဖူးပြီး ခေါ်ယူဖို့ အလွန်နီးစပ်ခဲ့ပါတယ်။

Photo Credit

အန်ဆလော့တီဟာ အဲဗာတန်နည်းပြအဖြစ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့် ၂ပွဲဆက်အနိုင်ရခဲ့ပေမယ့် တနင်္ဂနွေညက ကစားခဲ့တဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာတော့ ဒါဘီပြိုင်ဘက်လီဗာပူးကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit

Zawgyi

႐ိုဒရီဂြက္ဇ္ကို ကနဦးအငွားနဲ႔ ေခၚယူႏုိင္ဖို႔ အဲဗာတန္ ေမွ်ာ္လင့္ေန

အဲဗာတန္အသင္းဟာ ရီးရဲလ္ကြင္းလယ္လူ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကို အငွားနဲ႔ ေခၚယူဖုိ႔ ႀကိဳးစားေနၿပီး နည္းျပအန္ဆေလာ့တီကလည္း အဆုိပါကိုလံဘီယာအသင္းေခါင္းေဆာင္နဲ႔ တတိယအႀကိမ္ေျမာက္ လက္တြဲဖို႔ ဆႏၵျပင္းျပေနပါတယ္။
ရာထူးကေန ထုတ္ပယ္ခံခဲ့ရတဲ့ မာကိုေဆးလ္ဗားရဲ႕ေနရာမွာ အစား၀င္လာတဲ့ အီတလီႏိုင္ငံသား အန္ဆေလာ့တီဟာ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိသူျဖစ္ၿပီး ရီးရဲလ္နည္းျပအျဖစ္သာမက ဘိုင္ယန္ျမဴးနစ္နည္းျပအျဖစ္နဲ႔ပါ အန္ဆေလာ့တီက သူ႕ကို ေခၚယူခဲ့တာပါ။
အသက္ ၂၈ႏွစ္အရြယ္ရွိ ႐ိုဒရီဂြက္ဇ္ဟာ ဘိုင္ယန္မွာ ၂ႏွစ္ၾကာအငွားကစားၿပီးေနာက္ ၿပီးခဲ့တဲ့ေႏြရာသီက မိခင္ကလပ္ ရီးရဲလ္ဆီ ျပန္ေရာက္လာေပမယ့္ နည္းျပဇီဒန္းရဲ႕ယုံၾကည္မႈမရေသးဘဲ ပုံမွန္ပြဲထြက္ခြင့္ဆုံး႐ံႈးေနရပါတယ္။
The Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရ အန္ဆေလာ့တီဟာ ကြင္းလယ္ဖန္တီးမႈပိုင္းအတြက္ ႐ိုဒရီဂြက္ဇ္က အသင့္ေတာ္ဆုံးလုိ႔ မွတ္ယူထားေၾကာင္း သိရပါတယ္။ အဲဗာတန္အသင္းကလည္း အန္ဆေလာ့တီကို နည္းျပသစ္အျဖစ္ ခန္႔အပ္မႈမွာ ထိပ္တန္းကစားသမားေတြနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိမႈက အခ်က္တစ္ခ်က္အေနနဲ႔ ပါ၀င္ေနပါတယ္။
အဲဗာတန္အသင္းနည္းျပအျဖစ္ တစ္ႏွစ္လုပ္ခ ေပါင္ ၁၁.၅သန္းအထိရရွိေနတဲ့ အန္ဆေလာ့တီဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းကလည္း နာပိုလီနည္းျပအျဖစ္ ႐ိုဒရီဂြက္ဇ္ကို ေခၚယူဖုိ႔ အသည္းအသန္ႀကိဳးစားခ့ဲဖူးၿပီး ေခၚယူဖုိ႔ အလြန္နီးစပ္ခဲ့ပါတယ္။
အန္ဆေလာ့တီဟာ အဲဗာတန္နည္းျပအျဖစ္ ကစားခဲ့တ့ဲ ပရီးမီးယားလိဂ္အဖြင့္ ၂ပြဲဆက္အႏိုင္ရခဲ့ေပမယ့္ တနဂၤေႏြညက ကစားခဲ့တ့ဲ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္မွာေတာ့ ဒါဘီၿပိဳင္ဘက္လီဗာပူးကို ၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရပါတယ္။