ရိုဒရီဂိုရဲ့အထင်ကြီးလောက်စရာ ခြေစွမ်းအတွက် မအံ့သြဘူးလို့ ဇီဒန်းပြော

PC ; Internet

ရိုဒရီဂိုရဲ့အထင်ကြီးလောက်စရာ ရီးရဲလ်ကစားသမားဘ၀ အစပိုင်းကာလတွေအတွက် အံ့အားသင့်ခြင်းမဖြစ်မိဘူးလို့ နည်းပြဇီဒန်းက ဂါလာတာဆာရေးကို ၆ ဂိုးပြတ်အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒီလူငယ်ကစားသမားလေး ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့နောက် ဖွင့်ဟလိုက်ပါတယ်။အသက် ၁၈နှစ်အရွယ် ရိုဒရီဂိုဟာ ဘာနေဗျူးကချန်ပီယံလိဂ်ပွဲစဉ်မှာ ၃ဂိုးသွင်းပေးနိုင်ရုံသာမက ဖန်တီးမှုတစ်ကြိမ်လည်းလုပ်ပေးနိုင်ခဲ့ပါတယ်။

PC ; Internet

ဘရာဇီးသားလေးဟာ ဆန်းတို့စ်ကရောက်လာတဲ့နောက် ရီးရဲလ်အတွက် ၆ပွဲမှာ ၅ဂိုးသွင်းပြီး ချီးကျူးမှုတွေခံနေရသူပါ။ဇီဒန်းကိုယ်တိုင်ကလည်း ရိုဒရီဂိုရဲ့ခြေစွမ်းအတွက် ပျော်ရွှင်ကျေနပ်နေပေမယ့် သူ့ရဲ့တိုက်စစ်မှူးလေးအပေါ် ကြီးမားတဲ့ဖိအားတွေကျရောက်လာမှာကို ကာကွယ်တဲ့အနေနဲ့ မအံ့သြဘူးလို့ပြောဆိုလိုက်တာဖြစ်ပါတယ်။

PC ; Internet

“ သူ့အသက်က ၁၈နှစ်ပဲရှိပါသေးတယ်။သူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကျေနပ်ရပါတယ်။ကစားခွင့်ရတာနဲ့ သူဟာ အကောင်းဆုံးတွေအမြဲလုပ်တတ်တယ်။ကြိုးစားတယ်။ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သူ့အပေါ်စိတ်ရှည်ဖို့နဲ့ ဖိအားတွေမကျရောက်စေဖို့လိုအပ်ပါတယ်။ကျွန်တော်ကတော့ သူ့ခြေစွမ်းနဲ့ပတ်သက်ပြီး ဘာမှ မအံ့သြမိပါဘူး။သူဟာ သိပ်ကိုအရည်အသွေးရှိသူပါ။သူ့ရဲ့ဂိုး ၃ဂိုးကြောင့်တော့ ကျွန်တော်တို့ အံ့အားသင့်မှု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။သူကစားတဲ့ပွဲတွေကြည့်ရတာ သိပ်ကိုပျော်စရာကောင်းပါတယ် ” လို့ ဇီဒန်းက ပြောဆိုလိုက်ပါတယ်။

PC ; Internet

ရိုဒရီဂိုဟာ ဂါလာတာဆာရေးနဲ့ပွဲမှာ ပွဲအစ ၇မိနစ်အတွင်း ၂ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီး ဇီဒန်းက သူ့အသင်းရဲ့ပြိုင်ဘက်အပေါ် ရက်ရက်စက်စက်ချေမှုန်းမှုအပေါ်မှာလည်း ချီးကျူးသွားပါတယ်။ရီးရဲလ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ပွဲမှာ ၃ပွဲမြောက်အနိုင်ရခဲ့တာဖြစ်ပြီး ပြင်သစ်သားနည်းပြလည်း ဖိအားတွေလျော့သွားခဲ့ပါပြီ။

(zawgyi)

ရိုဒရီဂိုရဲ႕အထင္ႀကီးေလာက္စရာ ရီးရဲလ္ကစားသမားဘ၀ အစပိုင္းကာလေတြအတြက္ အံ့အားသင့္ျခင္းမျဖစ္မိဘူးလို႔ နည္းျပဇီဒန္းက ဂါလာတာဆာေရးကို ၆ ဂိုးျပတ္အႏိုင္ရတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဒီလူငယ္ကစားသမားေလး ဟက္ထရစ္သြင္းႏိုင္ခဲ့တဲ့ေနာက္ ဖြင့္ဟလိုက္ပါတယ္။အသက္ ၁၈ႏွစ္အရြယ္ ရိုဒရီဂိုဟာ ဘာေနဗ်ဴးကခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၃ဂိုးသြင္းေပးႏိုင္ရံုသာမက ဖန္တီးမႈတစ္ႀကိမ္လည္းလုပ္ေပးႏိုင္ခဲ့ပါတယ္။ ဘရာဇီးသားေလးဟာ ဆန္းတို႔စ္ကေရာက္လာတဲ့ေနာက္ ရီးရဲလ္အတြက္ ၆ပြဲမွာ ၅ဂိုးသြင္းၿပီး ခ်ီးက်ဴးမႈေတြခံေနရသူပါ။ဇီဒန္းကိုယ္တိုင္ကလည္း ရိုဒရီဂိုရဲ႕ေျခစြမ္းအတြက္ ေပ်ာ္ရႊင္ေက်နပ္ေနေပမယ့္ သူ႔ရဲ႕တိုက္စစ္မွဴးေလးအေပၚ ႀကီးမားတဲ့ဖိအားေတြက်ေရာက္လာမွာကို ကာကြယ္တဲ့အေနနဲ႔ မအံ့ၾသဘူးလို႔ေျပာဆိုလိုက္တာျဖစ္ပါတယ္။“ သူ႔အသက္က ၁၈ႏွစ္ပဲရွိပါေသးတယ္။သူနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ေက်နပ္ရပါတယ္။ကစားခြင့္ရတာနဲ႔ သူဟာ အေကာင္းဆံုးေတြအၿမဲလုပ္တတ္တယ္။ႀကိဳးစားတယ္။ဒါေပမဲ့ ကၽြန္ေတာ္တို႔အေနနဲ႔ သူ႔အေပၚစိတ္ရွည္ဖို႔နဲ႔ ဖိအားေတြမက်ေရာက္ေစဖို႔လိုအပ္ပါတယ္။ကၽြန္ေတာ္ကေတာ့ သူ႔ေျခစြမ္းနဲ႔ပတ္သက္ၿပီး ဘာမွ မအံ့ၾသမိပါဘူး။သူဟာ သိပ္ကိုအရည္အေသြးရွိသူပါ။သူ႔ရဲ႕ဂိုး ၃ဂိုးေၾကာင့္ေတာ့ ကၽြန္ေတာ္တို႔ အံ့အားသင့္မႈ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။သူကစားတဲ့ပြဲေတြၾကည့္ရတာ သိပ္ကိုေပ်ာ္စရာေကာင္းပါတယ္ ” လို႔ ဇီဒန္းက ေျပာဆိုလိုက္ပါတယ္။ရိုဒရီဂိုဟာ ဂါလာတာဆာေရးနဲ႔ပြဲမွာ ပြဲအစ ၇မိနစ္အတြင္း ၂ဂိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။ဆက္လက္ၿပီး ဇီဒန္းက သူ႔အသင္းရဲ႕ၿပိဳင္ဘက္အေပၚ ရက္ရက္စက္စက္ေခ်မႈန္းမႈအေပၚမွာလည္း ခ်ီးက်ဴးသြားပါတယ္။ရီးရဲလ္ဟာ ေနာက္ဆံုးကစားခဲ့တဲ့ ၿပိဳင္ပြဲစံု ၄ပြဲမွာ ၃ပြဲေျမာက္အႏိုင္ရခဲ့တာျဖစ္ၿပီး ျပင္သစ္သားနည္းျပလည္း ဖိအားေတြေလ်ာ့သြားခဲ့ပါၿပီ။