
Photo Credit
Photo Credit
ဘာစီလိုနာအသင်းအနေနဲ့ ဗလန်စီယာတိုက်စစ်မှူး ရိုဒရီဂိုမိုရီနိုကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ အသင်းဥက္ကဋ္ဌ ဘာတိုမူက အတည်ပြုလိုက်ပါတယ်။ ဘာစီလိုနာဟာ ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူနေရတဲ့တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့ ယခုလအတွင်း တိုက်စစ်မှူးတစ်ဦးရှာဖွေနေတာဖြစ်ပြီး စပိန်လက်ရွေးစင် ရိုဒရီဂိုက အသင်းရဲ့အဓိကပစ်မှတ်ဖြစ်လာပါတယ်။
Photo Credit
အစောပိုင်းက ဘာစီလိုနာအသင်းဟာ အကောင်းဆုံးပစ်မှတ်အဖြစ် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ကနဦးအငှားနဲ့ ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် အာဆင်နယ်အသင်းဘက်က လက်ခံဖို့ သိပ်မလွယ်တာကြောင့် ရိုဒရီဂိုဘက် မြားဦးလှည့်လာခဲ့တာပါ။
Photo Credit
”ကျွန်တော်တို့အနေနဲ့ တခြားအသင်းက ကစားသမားတွေအကြောင်း ပြောလေ့မရှိပေမယ့် ရိုဒရီဂိုကတော့ နည်းပြတွေရဲ့အကြိုက်ကစားသမားတစ်ဦးပါ။ ပြီးတော့ ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးမယ့်ကစားသမားတစ်ဦးလည်း ရောက်လာမှာပါ။ အဲဒီကစားသမားက အရန်အသင်းကလား၊ တခြားအသင်းကလားဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်သဘောကျတဲ့ကစားသမားကလည်း အများကြီးရှိပါတယ်”လို့ ဘာတိုမူက ပြောပါတယ်။
Photo Credit
ဆက်လက်ပြီး ဘာတိုမူက ရွှေဘောလုံးဆု ၆ကြိမ်ရရှိထားတဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီနဲ့ပတ်သက်လို့လည်း ပြောကြားခဲ့ပါတယ်။ အသက် ၃၂နှစ်အရွယ်ရှိ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ၂၀၂၁ နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းဘက်က သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိနေပါတယ်။
Photo Credit
”သူဆန္ဒရှိတဲ့အချိန်မှာ စာချုပ်သစ်ချုပ်ဆိုမှာပါ။ ဘာစီလိုနာနဲ့မက်ဆီတို့ရဲ့ဆက်ဆံရေးက ထာဝရတည်မြဲနေမှာပါ။ မက်ဆီဟာ ကျွန်တော်တို့အသင်းမှာ အကြာကြီးဆက်ကစားဦးမှာဖြစ်ပါတယ်”လို့ ဘာတိုမူက ပြောပါတယ်။
Photo Credit
ဘာစီလိုနာအသင်းဟာ နည်းပြသစ် ဆီတီယန်လက်ထက် ပထမဆုံးအရှုံးအဖြစ် ရိုဒရီဂိုရဲ့အသင်း ဗလန်စီယာကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် လာလီဂါမှာ ရီးရဲလ်မက်ဒရစ်ရဲ့နောက် ၃ မှတ်အကွာ ဒုတိယနေရာရောက်သွားပေမယ့် ဘာတိုမူကတော့ မိမိတို့အသင်းအနေနဲ့ ပြိုင်ပွဲ ၃ရပ်စလုံးမှာ ဗိုလ်စွဲနိုင်ဖို့ အခြေအနေကောင်းနေဆဲဖြစ်ကြောင်း ဆိုသွားပါတယ်။
Photo Credit
Zawgyi
႐ိုဒရီဂိုကို ေခၚယူဖို႔ ႀကိဳးစားေနတယ္လုိ႔ ဘာစီလုိနာအသင္းဥကၠ႒ အတည္ျပဳ
ဘာစီလုိနာအသင္းအေနနဲ႔ ဗလန္စီယာတုိက္စစ္မွဴး ႐ိုဒရီဂိုမုိရီႏိုကို ေခၚယူဖို႔ ႀကိဳးစားေနတယ္လုိ႔ အသင္းဥကၠ႒ ဘာတုိမူက အတည္ျပဳလုိက္ပါတယ္။ ဘာစီလိုနာဟာ ဒူးဒဏ္ရာေၾကာင့္ ရာသီကုန္အထိ အနားယူေနရတဲ့တုိက္စစ္မွဴး ဆြာရက္ဇ္ရဲ႕ေနရာမွာ အစားထိုးဖို႔ ယခုလအတြင္း တုိက္စစ္မွဴးတစ္ဦးရွာေဖြေနတာျဖစ္ၿပီး စပိန္လက္ေရြးစင္ ႐ိုဒရီဂိုက အသင္းရဲ႕အဓိကပစ္မွတ္ျဖစ္လာပါတယ္။
အေစာပိုင္းက ဘာစီလုိနာအသင္းဟာ အေကာင္းဆုံးပစ္မွတ္အျဖစ္ အာဆင္နယ္တိုက္စစ္မွဴး အူဘာမီယန္းကို ကနဦးအငွားနဲ႔ ေခၚယူဖို႔ စီစဥ္ခဲ့ေပမယ့္ အာဆင္နယ္အသင္းဘက္က လက္ခံဖို႔ သိပ္မလြယ္တာေၾကာင့္ ႐ိုဒရီဂိုဘက္ ျမားဦးလွည့္လာခဲ့တာပါ။
”ကၽြန္ေတာ္တုိ႔အေနနဲ႔ တျခားအသင္းက ကစားသမားေတြအေၾကာင္း ေျပာေလ့မရွိေပမယ့္ ႐ိုဒရီဂိုကေတာ့ နည္းျပေတြရဲ႕အႀကိဳက္ကစားသမားတစ္ဦးပါ။ ၿပီးေတာ့ ဆြာရက္ဇ္ရဲ႕ေနရာမွာ အစားထိုးမယ့္ကစားသမားတစ္ဦးလည္း ေရာက္လာမွာပါ။ အဲဒီကစားသမားက အရန္အသင္းကလား၊ တျခားအသင္းကလားဆုိတာေတာ့ ကၽြန္ေတာ္လည္း မသိပါဘူး။ ကၽြန္ေတာ္သေဘာက်တဲ့ကစားသမားကလည္း အမ်ားႀကီးရွိပါတယ္”လုိ႔ ဘာတိုမူက ေျပာပါတယ္။
ဆက္လက္ၿပီး ဘာတုိမူက ေရႊေဘာလုံးဆု ၆ႀကိမ္ရရွိထားတ့ဲ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီနဲ႔ပတ္သက္လုိ႔လည္း ေျပာၾကားခဲ့ပါတယ္။ အသက္ ၃၂ႏွစ္အရြယ္ရွိ အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ ၂၀၂၁ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္ၿပီး အသင္းဘက္က သူ႕ကို စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ ဆႏၵရွိေနပါတယ္။
”သူဆႏၵရွိတဲ့အခ်ိန္မွာ စာခ်ဳပ္သစ္ခ်ဳပ္ဆုိမွာပါ။ ဘာစီလုိနာနဲ႔မက္ဆီတုိ႔ရဲ႕ဆက္ဆံေရးက ထာ၀ရတည္ၿမဲေနမွာပါ။ မက္ဆီဟာ ကၽြန္ေတာ္တုိ႔အသင္းမွာ အၾကာႀကီးဆက္ကစားဦးမွာျဖစ္ပါတယ္”လုိ႔ ဘာတုိမူက ေျပာပါတယ္။
ဘာစီလုိနာအသင္းဟာ နည္းျပသစ္ ဆီတီယန္လက္ထက္ ပထမဆုံးအရံႈးအျဖစ္ ႐ိုဒရီဂိုရဲ႕အသင္း ဗလန္စီယာကို ၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီးေနာက္ လာလီဂါမွာ ရီးရဲလ္မက္ဒရစ္ရဲ႕ေနာက္ ၃ မွတ္အကြာ ဒုတိယေနရာေရာက္သြားေပမယ့္ ဘာတုိမူကေတာ့ မိမိတုိ႔အသင္းအေနနဲ႔ ၿပိဳင္ပဲြ ၃ရပ္စလုံးမွာ ဗုိလ္စြဲႏိုင္ဖို႔ အေျခအေနေကာင္းေနဆဲျဖစ္ေၾကာင္း ဆုိသြားပါတယ္။