
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဆောက်သမ်တန်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ချယ်လ်ဆီးလူငယ်ကစားသမားဟောင်းလစ်ဗရာမန်တိုဟာ ပရီးမီးယားလိဂ်ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ရိုင်ယန်ဂစ်၊ မိုက်ကယ်အိုဝင်တို့လိုပဲ ဂုဏ်ယူစရာကောင်းတဲ့မှတ်တမ်းတစ်ခုပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ အင်္ဂလန်လူငယ်ညာနောက်ခံလူလစ်ဗရာမန်တိုဟာ ချယ်လ်ဆီးအကယ်ဒမီမှာ ၂၀၀၉ခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင်ကစားခဲ့ပြီးမှ ပြီးခဲ့တဲ့နွေရာသီတုန်းက ဆောက်သမ်တန်အသင်းကို ပြောင်းရွှေ့ခဲ့သူပါ။
ဆောက်သမ်တန်အသင်းကိုရောက်ပြီး သိပ်မကြာခင်မှာပဲ အဲဗာတန်နဲ့ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲမှာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်ရရှိခဲ့သလို ခြေစွမ်းပြကစားနိုင်တာကြောင့် နည်းပြဟာဆန်ဟူတယ်လ်က ဒီရာသီပရီးမီးယားလိဂ်ပွဲတိုင်းမှာ လစ်ဗရာမန်တိုကို ယုံယုံကြည်ကြည်နဲ့နေရာပေးအသုံးပြုနေတာဖြစ်ပါတယ်။
အစ်တီဟတ်မှာ မန်စီးတီးနဲ့သရေကျခဲ့တဲ့ပွဲတုန်းက အကောင်းဆုံးပုံစံပြသနိုင်ခဲ့သလို၊ ပြီးခဲ့တဲ့အသင်းဟောင်းချယ်လ်ဆီးနဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ လစ်ဗရာမန်တိုဟာ ဆောက်သမ်တန်အသင်းအတွက်
ပယ်နယ်တီအခွင့်အရေးရအောင်စွမ်းဆောင်ခဲ့ပြီး တစ်ယောက်လျော့သွားလို့သာ ချယ်လ်ဆီးဆီကနေ သရေတစ်မှတ်ခွဲမယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်နဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲတုန်းကလည်း လစ်ဗရာမန်တို ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ဘက်ကွင်းလယ်လူဖရက်ဒ်ကို လှလှပပကျော်ဖြတ်ပြနိုင်ခဲ့တာကြောင့် သူ့ရဲ့ခြေစွမ်းကို မီဒီယာတွေက ချီးကျူးရေးသားခဲ့ကြပါတယ်။
အခုဆိုရင် လစ်ဗရာမန်တိုဟာ ဆောက်သမ်တန်အသင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ပွဲစလုံးမှာပါဝင်ကစားခွင့်ရခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်(၁၈)နှစ်နဲ့အောက်ကစားသမားတွေထဲမှာ ရာသီအစ(၇)ပွဲဆက်တိုက်ပါဝင်ကစားခဲ့တဲ့ (၁၀)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်(၁၈)နှစ်နဲ့အောက်ကစားသမားတွေထဲမှာ ကလပ်အသင်းအတွက် ရာသီအစ(၇)ပွဲစလုံးပါဝင်ကစားခွင့်ရခဲ့တဲ့ ပထမဆုံးကစားသမားကတော့ ယူနိုက်တက်ဂန္ထဝင်ရိုင်ယန်ဂစ်ပဲဖြစ်ပြီး ၁၉၉၂-၉၃ ရာသီတုန်းက အဲဒီလိုစွမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
ရိုင်ယန်ဂစ်ပြီးရင်တော့ ဆိုးလ်ကမ်းဘဲလ်၊ ဟက်စကီး၊ အိုဝင်၊ ဖာဒီနန်၊ ဂါရတ်ဘယ်ရီ၊ မိုက်ကယ်ဘော၊ မီကာရစ်ချတ်၊ ဖီးလ်ဂျုံးစ်တို့ဟာလည်း အခုစာရင်းမှာပါဝင်ခဲ့ပြီး အခုဆိုရင် လစ်ဗရာမန်တိုဟာ နာမည်ကျော်ကစားသမားတွေနဲ့အတူ ဂုဏ်ယူစရာကောင်းတဲ့မှတ်တမ်းတစ်ခု ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
႐ိုင္ယန္ဂစ္၊ အိုဝင္တို႔လိုပဲ ဂုဏ္ယူစရာေကာင္းတဲ့မွတ္တမ္းတစ္ခုပိုင္ဆိုင္ခဲ့တဲ့ လစ္ဗရာမန္တို
ေဆာက္သမ္တန္အသင္းမွာ ေျခစြမ္းျပကစားေနတဲ့ ခ်ယ္လ္ဆီးလူငယ္ကစားသမားေဟာင္းလစ္ဗရာမန္တိုဟာ ပရီးမီးယားလိဂ္ဂႏၴဝင္ကစားသမားေတြျဖစ္တဲ့ ႐ိုင္ယန္ဂစ္၊ မိုက္ကယ္အိုဝင္တို႔လိုပဲ ဂုဏ္ယူစရာေကာင္းတဲ့မွတ္တမ္းတစ္ခုပိုင္ဆိုင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ အဂၤလန္လူငယ္ညာေနာက္ခံလူလစ္ဗရာမန္တိုဟာ ခ်ယ္လ္ဆီးအကယ္ဒမီမွာ ၂၀၀၉ခုႏွစ္ကေန ၂၀၂၁ခုႏွစ္အထိ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာေအာင္ကစားခဲ့ၿပီးမွ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ေဆာက္သမ္တန္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူပါ။
ေဆာက္သမ္တန္အသင္းကိုေရာက္ၿပီး သိပ္မၾကာခင္မွာပဲ အဲဗာတန္နဲ႔ကစားခဲ့တဲ့ ရာသီအဖြင့္ပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ပါဝင္ခြင့္ရရွိခဲ့သလို ေျခစြမ္းျပကစားႏိုင္တာေၾကာင့္ နည္းျပဟာဆန္ဟူတယ္လ္က ဒီရာသီပရီးမီးယားလိဂ္ပြဲတိုင္းမွာ လစ္ဗရာမန္တိုကို ယုံယုံၾကည္ၾကည္နဲ႔ေနရာေပးအသုံးျပဳေနတာျဖစ္ပါတယ္။ အစ္တီဟတ္မွာ မန္စီးတီးနဲ႔သေရက်ခဲ့တဲ့ပြဲတုန္းက အေကာင္းဆုံးပုံစံျပသႏိုင္ခဲ့သလို၊ ၿပီးခဲ့တဲ့အသင္းေဟာင္းခ်ယ္လ္ဆီးနဲ႔ရင္ဆိုင္ခဲ့ရတဲ့ပြဲမွာ လစ္ဗရာမန္တိုဟာ ေဆာက္သမ္တန္အသင္းအတြက္ ပယ္နယ္တီအခြင့္အေရးရေအာင္စြမ္းေဆာင္ခဲ့ၿပီး တစ္ေယာက္ေလ်ာ့သြားလို႔သာ ခ်ယ္လ္ဆီးဆီကေန သေရတစ္မွတ္ခြဲမယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒါ့အျပင္ အိမ္ကြင္းမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပြဲတုန္းကလည္း လစ္ဗရာမန္တို ေျခစြမ္းျပႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္ကြင္းလယ္လူဖရက္ဒ္ကို လွလွပပေက်ာ္ျဖတ္ျပႏိုင္ခဲ့တာေၾကာင့္ သူ႔ရဲ႕ေျခစြမ္းကို မီဒီယာေတြက ခ်ီးက်ဴးေရးသားခဲ့ၾကပါတယ္။ အခုဆိုရင္ လစ္ဗရာမန္တိုဟာ ေဆာက္သမ္တန္အသင္းကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္(၇)ပြဲစလုံးမွာပါဝင္ကစားခြင့္ရခဲ့တာေၾကာင့္ ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အသက္(၁၈)ႏွစ္နဲ႔ေအာက္ကစားသမားေတြထဲမွာ ရာသီအစ(၇)ပြဲဆက္တိုက္ပါဝင္ကစားခဲ့တဲ့ (၁၀)ဦးေျမာက္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါၿပီ။
ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အသက္(၁၈)ႏွစ္နဲ႔ေအာက္ကစားသမားေတြထဲမွာ ကလပ္အသင္းအတြက္ ရာသီအစ(၇)ပြဲစလုံးပါဝင္ကစားခြင့္ရခဲ့တဲ့ ပထမဆုံးကစားသမားကေတာ့ ယူႏိုက္တက္ဂႏၴဝင္႐ိုင္ယန္ဂစ္ပဲျဖစ္ၿပီး ၁၉၉၂-၉၃ ရာသီတုန္းက အဲဒီလိုစြမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။ ႐ိုင္ယန္ဂစ္ၿပီးရင္ေတာ့ ဆိုးလ္ကမ္းဘဲလ္၊ ဟက္စကီး၊ အိုဝင္၊ ဖာဒီနန္၊ ဂါရတ္ဘယ္ရီ၊ မိုက္ကယ္ေဘာ၊ မီကာရစ္ခ်တ္၊ ဖီးလ္ဂ်ဳံးစ္တို႔ဟာလည္း အခုစာရင္းမွာပါဝင္ခဲ့ၿပီး အခုဆိုရင္ လစ္ဗရာမန္တိုဟာ နာမည္ေက်ာ္ကစားသမားေတြနဲ႔အတူ ဂုဏ္ယူစရာေကာင္းတဲ့မွတ္တမ္းတစ္ခု ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။