လမ်းပတ်ကို ထုတ်ပယ်ခဲ့ပြီးနောက်ဆက်တွဲ ရိုက်ခက်လာတဲ့ ဂယက်များ..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းကတော့ ဂန္တဝင်ကွင်းလယ်ကစားသမား ဖရန့်လမ်းပတ်ကို ( ၁၈ ) လကြာတာဝန်ပေးပြီးနောက် နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးရှားက လမ်းပတ် ထုတ်ပယ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ဟာ အားနည်းချက်ကိုယ်စီနဲ့ အတူ ဖြတ်ကျော်ခဲ့ရတယ် ။ မကြာသေးမီက သူတို့ဟာ အမှတ်ပေးဇယားထိပ်မှာ ရှိနေခဲ့တယ် ။ ယခု အခြေအနေက ဖရန့်လက်အောက်မှာ ပထမဆုံးအကြိမ် ခြေစွမ်းကျဆင်းမှုလို့ ထင်ပါတယ် ။ ကျွန်တော် အနည်းငယ် အံ့သြမိခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးမှာ ဘာဖြစ်ခဲ့လဲဆိုတာ မှတ်ချက်ပေးဖို့က ကျွန်တော့် အလုပ်မဟုတ်ပါဘူး။” ဟု ပြောကြားခဲ့ပါတယ်။

လီဗာပူး ဂန္တဝင်ကစားသမား စတီဗင် ဂျရတ်ကလည်း “ဖရန့်အတွက် အရမ်းပဲ စိတ်ပျက်ရပါတယ် ။ ချဲလ်ဆီးအနေနဲ့ အသင်းရလာဒ်ဆိုးရွားနေချိန်မှာ ယခုလိုထုတ်ပယ်တာထက် ကူညီထောက်ပ့ံ့တာတွေ ပြုလုပ်ခဲ့သင့်ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီးမှာက နည်းပြတွေကို ထုတ်ပယ်တတ်တဲ့ သမိုင်းကြောင်းရှိပါတယ် ။ဒါကြောင့် အံ့သြစရာတော့ မရှိပါဘူး။” ဟု မှတ်ချက်ပေးသွားခဲ့ပါတယ်။

လမ်းပတ်ထုတ်ပယ်ခံရမှုနဲ့ ပတ်သက်ပြီး ချဲလ်ဆီးကစားသမားတွေက ဆိုရှယ်မီဒီယာမှ တဆင့် ယခုလို မှတ်ချက်ပြုပြောဆိုခဲ့ကြပါတယ်။ “များစွာလေ့လာ သင်ယူခဲ့ရပါတယ် ၊ အရာရာတိုင်းအတွက် ကျေးဇူးပါ ။” _မေဆန်မောင့် ၊ “ကျွန်တော့်အပေါ် ယုံကြည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ် ။အတူရှိခဲ့တဲ့ ( ၁၈ ) လတာကာလကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် ။” _ပူလီဆစ် “ကျွန်တော့်အပေါ် ယုံကြည်ပြီး အခွင့်အရေးပေးခဲ့တဲ့အတွက် ကျေးဇူးပါ ။ ခင်ဗျားဆီကနေ သင်ယူခွင့်ရတာ ဂုဏ်ယူပါတယ် ။” _ ဂေးလ်မာ

“ချဲလ်ဆီးအသင်းကို အားပေးခဲ့တဲ့သူတစ်ယောက်အနေနဲ့ ငယ်စဥ်ကတည်းက ခင်ဗျားကို လေးစားအားကျခဲ့ပါတယ်။ ခင်ဗျားလက်အောက်မှာ ကစားခွင့်ရတဲ့အပေါ် ရှင်းပြလို့မရနိုင်ပါဘူး။ ကျွန်တော့်ကို ယုံကြည်ပြီး အခွင့်အရေးပေးခဲ့တဲ့အတွက် ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်။ သင်ကြားပေးခဲ့တဲ့ အရာရာတိုင်းအတွက် ကျေးဇူးပါ။ ကစားသမားဘဝ တစ်လျှောက်လုံးမှာ အသုံးချသွားပါမယ်။ ကျွန်တော့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ။ ထာဝရ ကျေးဇူးတင်နေမိမှာပါ။” _ ရိစ်ဂျိမ်းစ်

“ကျွန်တော်ရောက်လာကတည်းက ကျွန်တော့်အပေါ် ကူညီပေးခဲ့တဲ့ အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ( ၁၀ ) နှစ်လောက် အတူဖြတ်ကျော်ခဲ့တယ်လို့ ထင်ရပါတယ် ။ အရာရာတိုင်းအတွက် ကျေးဇူးပါ ဂန္တဝင်ကြီးရေ….” _ သီယာဂို ဆေးလ်ဗား ၊  “စံပြပုဂ္ဂိုလ် ၊ လမ်းပြ ဆရာ ၊ နည်းပြကောင်း တစ်ယောက် ကျေးဇူးပါ…” _ အေဗရာဟမ် ၊ “ခင်ဗျားရဲ့ အသင်းမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ရဖို့ ကျွန်တော့်ကို ချဲလ်ဆီးထံ ခေါ်ယူခဲ့တယ်။ ချဲလ်ဆီးပရိသတ်တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ လမ်းညွှန်မှုအောက်မှာ ကစားခွင့်ရတာ အင်မတန်ထူးခြားပါတယ်။သင်ကြားပေးခဲ့သမျှ အရာအားလုံး နှင့် ကျွန်တော့်အပေါ်ယုံကြည်ခဲ့့အတွက် ခင်ဗျားနဲ့ ခင်ဗျားရဲ့ အဖွဲ့ကို ကျေးဇူးတင်ပါတယ်။” _ မန်ဒီ

“ကျွန်ေတာ့်ကို ယုံကြည်ပြီး ကျွန်တော်ချစ်တဲ့ အသင်းထံ ခေါ်ဆောင်ပေးခဲ့တယ်။ အမြဲတမ်း ကျေးဇူးတင်နေမိမှာပါ Gaffer ရေ” _ ဘင်ချီးဝဲလ်

အချို့သော ဘောလုံးပရိသတ်တွေကတော့ ချဲလ်ဆီးနည်းပြအဖြစ်ကနေ ဗီလာ ဘိုအာ့စ် ထုတ်ပယ်ခံရချိန်က လမ်းပတ်ပြောဆိုခဲ့တာတွေကို ထောက်ပြပြီး ဝဋ်လည်တာလို့ ဆိုခဲ့ကြပါတယ်။ လမ်းပတ်က အသက် ( ၃၃ ) နှစ်အရွယ် နည်းပြဘိုအာ့စ် ထုတ်ခံရမှုနဲ့ ပတ်သက်ပြီး “နည်းပြကိုထုတ်ပယ်တဲ့ ကိစ္စအပေါ် ကစားသမားတွေက ဝင်‌ေရာက်စွက်ဖက်ခွင့်မရှိပါဘူး။ သူ့အလုပ်သူလုပ်ပေမယ့် အဆင်မပြေခဲ့ပါဘူး။ သူက ငယ်လွန်းတာလည်း ဖြစ်နိုင်ပါတယ် ။ ဒါမှမဟုတ် ဒီအလုပ်က သူ့အတွက် စောလွန်းနေတာလည်း ဖြစ်နိုင်ပါတယ်။” ဟု ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လမ်းပတ်ရဲ့ ဆရာဟောင်း လက်ရှိ စပါးနည်ပြ မော်ရင်ဟိုကတော့ “လုပ်ဖော်ကိုင်ဖက် နည်းပြတစ်ယောက် ထုတ်ပယ်ခံရတယ်လို့ ကြားရတိုင်း ကျွန်တော် ဝမ်းနည်းမိပါတယ်။ လမ်းပတ်က လုပ်ဖော်ကိုင်ဖက် သက်သက်မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ နည်းပြ ဘဝမှာ အရေးပါတဲ့သူပါ။ ဒါကြောင့် ကျွန်တော် ဝမ်းနည်းမိပါတယ်။ ဒါက မော်ဒန် ဘောလုံးလောကရဲ့ အကျည်းတန်တဲ့အရာ တစ်ခုပါပဲ။” ဟု ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လမ္းပတ္ကို ထုတ္ပယ္ခဲ့ၿပီးေနာက္ဆက္တြဲ ႐ိုက္ခက္လာတဲ့ ဂယက္မ်ား..

ခ်ဲလ္ဆီးအသင္းကေတာ့ ဂႏၲဝင္ကြင္းလယ္ကစားသမား ဖရန႔္လမ္းပတ္ကို ( ၁၈ ) လၾကာတာဝန္ေပးၿပီးေနာက္ နည္းျပရာထူးကေန ထုတ္ပယ္လိုက္ပါတယ္။

ယူႏိုက္တက္နည္းျပ ဆိုးရွားက လမ္းပတ္ ထုတ္ပယ္ခံခဲ့ရမႈနဲ႔ ပတ္သက္ၿပီး “ကြၽန္ေတာ္တို႔ဟာ အားနည္းခ်က္ကိုယ္စီနဲ႔ အတူ ျဖတ္ေက်ာ္ခဲ့ရတယ္ ။ မၾကာေသးမီက သူတို႔ဟာ အမွတ္ေပးဇယားထိပ္မွာ ရွိေနခဲ့တယ္ ။ ယခု အေျခအေနက ဖရန႔္လက္ေအာက္မွာ ပထမဆုံးအႀကိမ္ ေျခစြမ္းက်ဆင္းမႈလို႔ ထင္ပါတယ္ ။ ကြၽန္ေတာ္ အနည္းငယ္ အံ့ၾသမိခဲ့ပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးမွာ ဘာျဖစ္ခဲ့လဲဆိုတာ မွတ္ခ်က္ေပးဖို႔က ကြၽန္ေတာ့္ အလုပ္မဟုတ္ပါဘူး။” ဟု ေျပာၾကားခဲ့ပါတယ္။

လီဗာပူး ဂႏၲဝင္ကစားသမား စတီဗင္ ဂ်ရတ္ကလည္း “ဖရန႔္အတြက္ အရမ္းပဲ စိတ္ပ်က္ရပါတယ္ ။ ခ်ဲလ္ဆီးအေနနဲ႔ အသင္းရလာဒ္ဆိုး႐ြားေနခ်ိန္မွာ ယခုလိုထုတ္ပယ္တာထက္ ကူညီေထာက္ပ့ံ့တာေတြ ျပဳလုပ္ခဲ့သင့္ပါတယ္ ။ ဒါေပမယ့္ ခ်ဲလ္ဆီးမွာက နည္းျပေတြကို ထုတ္ပယ္တတ္တဲ့ သမိုင္းေၾကာင္းရွိပါတယ္ ။ဒါေၾကာင့္ အံ့ၾသစရာေတာ့ မရွိပါဘူး။” ဟု မွတ္ခ်က္ေပးသြားခဲ့ပါတယ္။

လမ္းပတ္ထုတ္ပယ္ခံရမႈနဲ႔ ပတ္သက္ၿပီး ခ်ဲလ္ဆီးကစားသမားေတြက ဆိုရွယ္မီဒီယာမွ တဆင့္ ယခုလို မွတ္ခ်က္ျပဳေျပာဆိုခဲ့ၾကပါတယ္။ “မ်ားစြာေလ့လာ သင္ယူခဲ့ရပါတယ္ ၊ အရာရာတိုင္းအတြက္ ေက်းဇူးပါ ။” _ေမဆန္ေမာင့္ ၊ “ကြၽန္ေတာ့္အေပၚ ယုံၾကည္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္မဆုံး ျဖစ္ရပါတယ္ ။အတူရွိခဲ့တဲ့ ( ၁၈ ) လတာကာလကို ဘယ္ေတာ့မွ ေမ့မွာ မဟုတ္ပါဘူး။ အဆင္ေျပပါေစလို႔ ဆုေတာင္းေပးပါတယ္ ။” _ပူလီဆစ္ “ကြၽန္ေတာ့္အေပၚ ယုံၾကည္ၿပီး အခြင့္အေရးေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ။ ခင္ဗ်ားဆီကေန သင္ယူခြင့္ရတာ ဂုဏ္ယူပါတယ္ ။” _ ေဂးလ္မာ

“ခ်ဲလ္ဆီးအသင္းကို အားေပးခဲ့တဲ့သူတစ္ေယာက္အေနနဲ႔ ငယ္စဥ္ကတည္းက ခင္ဗ်ားကို ေလးစားအားက်ခဲ့ပါတယ္။ ခင္ဗ်ားလက္ေအာက္မွာ ကစားခြင့္ရတဲ့အေပၚ ရွင္းျပလို႔မရႏိုင္ပါဘူး။ ကြၽန္ေတာ့္ကို ယုံၾကည္ၿပီး အခြင့္အေရးေပးခဲ့တဲ့အတြက္ ေက်းဇူးတင္မဆုံး ျဖစ္ရပါတယ္။ သင္ၾကားေပးခဲ့တဲ့ အရာရာတိုင္းအတြက္ ေက်းဇူးပါ။ ကစားသမားဘဝ တစ္ေလွ်ာက္လုံးမွာ အသုံးခ်သြားပါမယ္။ ကြၽန္ေတာ့္ရဲ႕ အိပ္မက္ကို အေကာင္အထည္ေဖာ္ခြင့္ေပးခဲ့တဲ့အတြက္ ေက်းဇူးပါ။ ထာဝရ ေက်းဇူးတင္ေနမိမွာပါ။” _ ရိစ္ဂ်ိမ္းစ္

“ကြၽန္ေတာ္ေရာက္လာကတည္းက ကြၽန္ေတာ့္အေပၚ ကူညီေပးခဲ့တဲ့ အရာရာတိုင္းအတြက္ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္တို႔ ( ၁၀ ) ႏွစ္ေလာက္ အတူျဖတ္ေက်ာ္ခဲ့တယ္လို႔ ထင္ရပါတယ္ ။ အရာရာတိုင္းအတြက္ ေက်းဇူးပါ ဂႏၲဝင္ႀကီးေရ….” _ သီယာဂို ေဆးလ္ဗား ၊  “စံျပပုဂၢိဳလ္ ၊ လမ္းျပ ဆရာ ၊ နည္းျပေကာင္း တစ္ေယာက္ ေက်းဇူးပါ…” _ ေအဗရာဟမ္ ၊ “ခင္ဗ်ားရဲ႕ အသင္းမွာ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ပါဝင္ခြင့္ရဖို႔ ကြၽန္ေတာ့္ကို ခ်ဲလ္ဆီးထံ ေခၚယူခဲ့တယ္။ ခ်ဲလ္ဆီးပရိသတ္တစ္ေယာက္အေနနဲ႔ ခင္ဗ်ားရဲ႕ လမ္းၫႊန္မႈေအာက္မွာ ကစားခြင့္ရတာ အင္မတန္ထူးျခားပါတယ္။သင္ၾကားေပးခဲ့သမွ် အရာအားလုံး ႏွင့္ ကြၽန္ေတာ့္အေပၚယုံၾကည္ခဲ့့အတြက္ ခင္ဗ်ားနဲ႔ ခင္ဗ်ားရဲ႕ အဖြဲ႕ကို ေက်းဇူးတင္ပါတယ္။” _ မန္ဒီ

“ကြၽန္ေတာ့္ကို ယုံၾကည္ၿပီး ကြၽန္ေတာ္ခ်စ္တဲ့ အသင္းထံ ေခၚေဆာင္ေပးခဲ့တယ္။ အၿမဲတမ္း ေက်းဇူးတင္ေနမိမွာပါ Gaffer ေရ” _ ဘင္ခ်ီးဝဲလ္

အခ်ိဳ႕ေသာ ေဘာလုံးပရိသတ္ေတြကေတာ့ ခ်ဲလ္ဆီးနည္းျပအျဖစ္ကေန ဗီလာ ဘိုအာ့စ္ ထုတ္ပယ္ခံရခ်ိန္က လမ္းပတ္ေျပာဆိုခဲ့တာေတြကို ေထာက္ျပၿပီး ဝဋ္လည္တာလို႔ ဆိုခဲ့ၾကပါတယ္။ လမ္းပတ္က အသက္ ( ၃၃ ) ႏွစ္အ႐ြယ္ နည္းျပဘိုအာ့စ္ ထုတ္ခံရမႈနဲ႔ ပတ္သက္ၿပီး “နည္းျပကိုထုတ္ပယ္တဲ့ ကိစၥအေပၚ ကစားသမားေတြက ဝင္‌ေရာက္စြက္ဖက္ခြင့္မရွိပါဘူး။ သူ႔အလုပ္သူလုပ္ေပမယ့္ အဆင္မေျပခဲ့ပါဘူး။ သူက ငယ္လြန္းတာလည္း ျဖစ္ႏိုင္ပါတယ္ ။ ဒါမွမဟုတ္ ဒီအလုပ္က သူ႔အတြက္ ေစာလြန္းေနတာလည္း ျဖစ္ႏိုင္ပါတယ္။” ဟု ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

လမ္းပတ္ရဲ႕ ဆရာေဟာင္း လက္ရွိ စပါးနည္ျပ ေမာ္ရင္ဟိုကေတာ့ “လုပ္ေဖာ္ကိုင္ဖက္ နည္းျပတစ္ေယာက္ ထုတ္ပယ္ခံရတယ္လို႔ ၾကားရတိုင္း ကြၽန္ေတာ္ ဝမ္းနည္းမိပါတယ္။ လမ္းပတ္က လုပ္ေဖာ္ကိုင္ဖက္ သက္သက္မဟုတ္ပါဘူး။ ကြၽန္ေတာ္ရဲ႕ နည္းျပ ဘဝမွာ အေရးပါတဲ့သူပါ။ ဒါေၾကာင့္ ကြၽန္ေတာ္ ဝမ္းနည္းမိပါတယ္။ ဒါက ေမာ္ဒန္ ေဘာလုံးေလာကရဲ႕ အက်ည္းတန္တဲ့အရာ တစ္ခုပါပဲ။” ဟု ဆိုခဲ့ပါတယ္။