ရိန်းဂျားစ်ဂန္ထဝင်နည်းပြနဲ့ အဲဗာတန်နည်းပြဟောင်းဖြစ်သူဝေါလ်တာစမစ် ကွယ်လွန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စကော့တလန်ထိပ်သီးကလပ်ရိန်းဂျားစ်အသင်းကို ကြီးမားတဲ့အောင်မြင်မှုတွေရယူပေးခဲ့တဲ့ဂန္ထဝင်နည်းပြဝေါလ်တာစမစ်ဟာ ကာလရှည်ခံစားနေရတဲ့ရောဂါဝေဒနာကြောင့် အသက်(၇၃)နှစ်အရွယ်မှာကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဝေါလ်တာစမစ်ဟာ ရိန်းဂျားစ်အသင်းနည်းပြအဖြစ် ၁၉၉၁ ခုနှစ်ကနေ ၁၉၉၈ခုနှစ်၊ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ နှစ်ကြိမ်တိုင်တိုင်ကိုင်တွယ်ခဲ့ပြီး

ပြည်တွင်းအမှတ်ပေးဖလားကို(၁၀)ကြိမ်အထိရယူပေးခဲ့သလို စကော့တလန်ဖလား၊ စကော့တလန်လိဂ်ဖလားတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဝေါလ်တာစမစ်ဟာ အဲဗာတန်အသင်းနည်းပြအဖြစ်၁၉၉၈ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိကိုင်တွယ်ခဲ့ဖူးပြီး ၁၉၉၉၊ စက်တင်ဘာလတုန်းက ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုရရှိခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် စကော့တလန်အသင်းကိုလည်း ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိကိုင်တွယ်ခဲ့ပြီး ၂၀၀၆၊ အောက်တိုဘာလတုန်းက ၂၀၀၆ကမ္ဘာ့ဖလားပြိုင်ပွဲဒုတိယဆုရခဲ့တဲ့ပြင်သစ်အသင်းကို

မယုံနိုင်လောက်အောင်အနိုင်ယူခဲ့သလို ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ စကော့တလန်အသင်း အဆင့်(၇၀)ကျော်အထိမြင့်တက်သွားအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဝေါလ်တာစမစ်ဟာ ၂၀၀၃-၀၄ ရာသီတုန်းက မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ရဲ့လက်ထောက်နည်းပြအဖြစ်ကာလတိုဆောင်ရွက်ခဲ့ဖူးသလို အဲဒီရာသီမှာ ၂၀၀၄ FA ဖလားချန်ပီယံဆုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဝေါလ်တာစမစ်ကွယ်လွန်သွားတဲ့သတင်းအပေါ် အသင်းဟောင်းရိန်းဂျားစ်အသင်းက

“အသင်းရဲ့ဂန္ထဝင်နည်းပြ၊ ဥက္ကဌဟောင်းဖြစ်သူဝေါလ်တာစမစ်ကွယ်လွန်သွားပြီဆိုတာကို ကျွန်တော်တို့ စိတ်မကောင်းခြင်းများစွာနဲ့

ထုတ်ပြန်ကြေညာလိုက်ရပါတယ်”လို့ အသင်းရဲ့ဝက်ဘ်ဆိုက်မှာဖော်ပြခဲ့ပြီး နာမည်ကျော်ဘောလုံးသမားဟောင်းတွေကလည်း ဝမ်းနည်းစကားတွေအသီးသီးရေးသားခဲ့ကြပါတယ်။

နယူးကာဆယ်ဂန္ထဝင်တိုက်စစ်မှူးအလန်ရှီးယားက “RIP(ကောင်းကင်ဘုံမှာ သက်သက်သာသာအနားယူပါတော့)၊ ဂန္ထဝင်ကြီးရေ”လို့

သူ့ Twitter မှာရေးသားခဲ့သလို ပရီးမီးယားလိဂ်ဝါရင့်ဂိုးသမားကြီဖြစ်တဲ့ဂစ်ဗင်းက “ဝေါလ်တာစမစ်ရဲ့သတင်းကိုကြားရတာ တကယ်စိတ်မကောင်းဖြစ်မိပါတယ်။

ဘောလုံးလောကရဲ့ဂန္ထဝင်တစ်ဦးဖြစ်ပြီး ကျန်ရစ်နေတဲ့ သူ့မိသားစု၊သူငယ်ချင်းတွေနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်”လို့ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရိန္းဂ်ားစ္ဂႏၴဝင္နည္းျပနဲ႔ အဲဗာတန္နည္းျပေဟာင္းျဖစ္သူေဝါလ္တာစမစ္ ကြယ္လြန္

စေကာ့တလန္ထိပ္သီးကလပ္ရိန္းဂ်ားစ္အသင္းကို ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူေပးခဲ့တဲ့ဂႏၴဝင္နည္းျပေဝါလ္တာစမစ္ဟာ ကာလရွည္ခံစားေနရတဲ့ေရာဂါေဝဒနာေၾကာင့္ အသက္(၇၃)ႏွစ္အ႐ြယ္မွာကြယ္လြန္သြားၿပီျဖစ္ပါတယ္။ ေဝါလ္တာစမစ္ဟာ ရိန္းဂ်ားစ္အသင္းနည္းျပအျဖစ္ ၁၉၉၁ ခုႏွစ္ကေန ၁၉၉၈ခုႏွစ္၊ ၂၀၀၇ ခုႏွစ္ကေန ၂၀၁၁ ခုႏွစ္အထိ ႏွစ္ႀကိမ္တိုင္တိုင္ကိုင္တြယ္ခဲ့ၿပီး ျပည္တြင္းအမွတ္ေပးဖလားကို(၁၀)ႀကိမ္အထိရယူေပးခဲ့သလို စေကာ့တလန္ဖလား၊ စေကာ့တလန္လိဂ္ဖလားေတြကိုလည္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ေဝါလ္တာစမစ္ဟာ အဲဗာတန္အသင္းနည္းျပအျဖစ္၁၉၉၈ ခုႏွစ္ကေန ၂၀၀၂ ခုႏွစ္အထိကိုင္တြယ္ခဲ့ဖူးၿပီး ၁၉၉၉၊ စက္တင္ဘာလတုန္းက ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးနည္းျပဆုရရွိခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ စေကာ့တလန္အသင္းကိုလည္း ၂၀၀၄ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အထိကိုင္တြယ္ခဲ့ၿပီး ၂၀၀၆၊ ေအာက္တိုဘာလတုန္းက ၂၀၀၆ကမာၻ႔ဖလားၿပိဳင္ပြဲဒုတိယဆုရခဲ့တဲ့ျပင္သစ္အသင္းကို မယုံႏိုင္ေလာက္ေအာင္အႏိုင္ယူခဲ့သလို ဖီဖာကမာၻ႔အဆင့္သတ္မွတ္ခ်က္မွာ စေကာ့တလန္အသင္း အဆင့္(၇၀)ေက်ာ္အထိျမင့္တက္သြားေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ေဝါလ္တာစမစ္ဟာ ၂၀၀၃-၀၄ ရာသီတုန္းက မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္ရဲ႕လက္ေထာက္နည္းျပအျဖစ္ကာလတိုေဆာင္႐ြက္ခဲ့ဖူးသလို အဲဒီရာသီမွာ ၂၀၀၄ FA ဖလားခ်န္ပီယံဆုရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ေဝါလ္တာစမစ္ကြယ္လြန္သြားတဲ့သတင္းအေပၚ အသင္းေဟာင္းရိန္းဂ်ားစ္အသင္းက “အသင္းရဲ႕ဂႏၴဝင္နည္းျပ၊ ဥကၠဌေဟာင္းျဖစ္သူေဝါလ္တာစမစ္ကြယ္လြန္သြားၿပီဆိုတာကို ကြၽန္ေတာ္တို႔ စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ထုတ္ျပန္ေၾကညာလိုက္ရပါတယ္”လို႔ အသင္းရဲ႕ဝက္ဘ္ဆိုက္မွာေဖာ္ျပခဲ့ၿပီး နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းေတြကလည္း ဝမ္းနည္းစကားေတြအသီးသီးေရးသားခဲ့ၾကပါတယ္။

နယူးကာဆယ္ဂႏၴဝင္တိုက္စစ္မႉးအလန္ရွီးယားက “RIP(ေကာင္းကင္ဘုံမွာ သက္သက္သာသာအနားယူပါေတာ့)၊ ဂႏၴဝင္ႀကီးေရ”လို႔ သူ႔ Twitter မွာေရးသားခဲ့သလို ပရီးမီးယားလိဂ္ဝါရင့္ဂိုးသမားႀကီျဖစ္တဲ့ဂစ္ဗင္းက “ေဝါလ္တာစမစ္ရဲ႕သတင္းကိုၾကားရတာ တကယ္စိတ္မေကာင္းျဖစ္မိပါတယ္။ ေဘာလုံးေလာကရဲ႕ဂႏၴဝင္တစ္ဦးျဖစ္ၿပီး က်န္ရစ္ေနတဲ့ သူ႔မိသားစု၊သူငယ္ခ်င္းေတြနဲ႔အတူ ဆုေတာင္းေပးလိုက္ပါတယ္”လို႔ေရးသားခဲ့ပါတယ္။