
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချယ်လ်ဆီးအသင်းက အင်္ဂလန်နာမည်ကျော်နောက်ခံလူ ရိစ်ဂျိမ်းစ်ရဲ့အိမ်ကို လူတစ်စုက ခိုးဝင်ခဲ့ပြီးတော့ ကစားသမားဘဝမှာ ကလပ်နဲ့နိုင်ငံအသင်းတို့အတွက် ရရှိခဲ့တဲ့ဆုတံဆိပ်တွေသိမ်းဆည်းထားတဲ့ မီးခံသေတ္တာကို ခိုးယူခဲ့ကြပါတယ်။
ပြီးခဲ့တဲ့အင်္ဂါနေ့က စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးအသင်းနဲ့အတူ ရိစ်ဂျိမ်းစ် ချန်ပီယံလိဂ်ပွဲကစားနေချိန်၊ Surrey မြို့မြောက်ဘက်ပိုင်းမှာရှိတဲ့ ရိစ်ဂျိမ်းစ်ရဲ့ ပေါင်(၂.၅)သန်းတန်နေအိမ်ထဲကို လူတစ်စုဟာ ခိုးဝင်ခဲ့တာဖြစ်ပြီး
အဲဒီအချိန်က အိမ်ထဲမှာ အဖိုးတန်ပစ္စည်းတစ်ခုမှ မထားတာကြောင့် သူခိုးတွေက မီးခံသေတ္တာကြီးကို မနိုင်မနင်းနဲ့သယ်ထုတ်သွားခဲ့တာဖြစ်ပါတယ်။
ဒီအဖြစ်အပျက်အစအဆုံးကို အိမ်ထဲမှာရှိတဲ့ CCTV ကနေ ရိုက်ကူးနိုင်လိုက်ပြီး ရိစ်ဂျိမ်းစ်က အဲဒီရုပ်သံဖိုင်ကို သူ့ရဲ့ Instagram မှာ Post တင်ခဲ့တာပါ။
ရုပ်သံတွေအရ သူခိုးတွေဟာ မီးခံသေတ္တာကြီးကို ခက်ခက်ခဲခဲ့နဲ့သယ်ထုတ်ခဲ့ရသလို တခြားတစ်ယောက်ကတော့ အိမ်တံခါးဖွင့်ဖို့ အသည်းအသန်ကြိုးပမ်းနေတာကိုလည်း တွေ့ခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ သူခိုးတွေဟာ အိမ်တံခါးကို ချိုးဖျက်ဖွင့်နိုင်ခဲ့သလို မီးခံသေတ္တာကြီးကိုလည်း အသင့်ပါလာတဲ့ ကားတစ်စီးပေါ် သယ်ဆောင်သွားခဲ့ကြပါတော့တယ်။
အဲဒီမီးခံသေတ္တာထဲမှာ ချန်ပီယံလိဂ်ဖလားရတုန်းက ဆုတံဆိပ်၊ ယူရို-၂၀၂၀ ဆုတံဆိပ်၊ ဥရောပစူပါဖလားချန်ပီယံဖြစ်ခဲ့ချိန်က ရရှိခဲ့တဲ့ဆုတံဆိပ်တွေအားလုံးကို ထည့်သွင်းသိမ်းဆည်းထားတာဖြစ်တယ်လို့ ရိစ်ဂျိမ်းစ်က ဆိုခဲ့ပါတယ်။
ရိစ်ဂျိမ်းစ်အနေနဲ့ သူခိုးတွေရဲ့လုယက်ခံရတာက ဒါပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းကလည်း အာဟရချို့တဲ့နေတဲ့ကလေးတွေကို လက်ဆောင်ပေးဖို့အတွက် သူ့ကားထဲမှာထည့်ထားတဲ့ ပစ္စည်းတွေအကုန်လုံး အခိုးခံခဲ့ရဖူးပါတယ်။
ချန်ပီယံလိဂ်ဆုတံဆိပ်တစ်ခုရဲ့တန်ဖိုးက ဘယ်လောက်အထိရှိလဲဆိုတာတော့ အတိအကျမသိနိုင်ပေမယ့် ပြီးခဲ့တဲ့နှစ်တုန်းက လီဗာပူးလ်နောက်ခံလူဟောင်းဖင်နန်ဟာ ၂၀၀၅ ချန်ပီယံလိဂ်ဆုတံဆိပ်ကို ပေါင်(၁၀,၀၀၀)ကနေ ပေါင်(၁၅,၀၀၀)အကြားတန်ဖိုးနဲ့ လေလံတင်ရောင်းချခဲ့ဖူးပါတယ်။
အခုအဖြစ်အပျက်နဲ့ပတ်သက်လို့ ရိစ်ဂျိမ်းစ်က “စက်တင်ဘာ(၁၄)ရက်တုန်းက ချယ်လ်ဆီးအသင်းအတွက် ကျွန်တော် ချန်ပီယံလိဂ်ပွဲကစားနေချိန်မှာ ကလေကချေလူတစ်စုက ကျွန်တော့်အိမ်ထဲကို ခိုးဝင်ခဲ့ကြပါတယ်။
ကျွန်တော့်ရဲ့ကစားသမားဘဝ အမှတ်တရပစ္စည်းတွေသိမ်းဆည်းထားတဲ့ မီးခံသေတ္တာကို ဒီကောင်တွေ ခိုးယူခဲ့ကြပြီး ကျွန်တော်က အိမ်ထဲမှာ ဘာအဖိုးတန်ပစ္စည်းမှထားလေ့မရှိတာကြောင့်
ချန်ပီယံလိဂ်ဆုတံဆိပ်၊ ဥရောပစူပါဖလားဆုတံဆိပ်နဲ့ ယူရို-၂၀၂၀ ငွေတံဆိပ်ဆုတွေသိမ်းထားတဲ့ မီးခံသေတ္တာကိုပဲ ဒီကောင်တွေ ခိုးခဲ့ကြတာဖြစ်ပါတယ်။
ဒီဆုတံဆိပ်တွေက ချယ်လ်ဆီးနဲ့အင်္ဂလန်အသင်းအတွက် ကိုယ်စားပြုကစားရင်းရခဲ့တဲ့ဆုတွေဖြစ်ပြီး ဆုတွေမရှိတော့ပေမယ့် ကျွန်တော့်ရဲ့အောင်မြင်မှတ်တမ်းကတော့ အမြဲတမ်းကျန်ရှိနေမှာပါ။
ဒီကလေကချေတွေကို အမြန်ဆုံးဖမ်းမိအောင် ကျွန်တော့်ရဲ့ ချယ်လ်ဆီးနဲ့အင်္ဂလန်အသင်းပရိသတ်တွေကလည်း တစ်ဖက်တစ်လမ်းကနေ ကူညီပေးဖို့ တောင်းဆိုလိုက်ပါတယ်”လို့ Instagram မှာ ရေးသားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ရိစ္ဂ်ိမ္းစ္ရဲ႕ ခ်န္ပီယံလိဂ္ဆုတံဆိပ္၊ ယူ႐ို-၂၀၂၀ ဆုတံဆိပ္နဲ႔ ဥေရာပစူပါဖလားတံဆိပ္ေတြအားလုံး အခိုးခံခဲ့ရ
ခ်ယ္လ္ဆီးအသင္းက အဂၤလန္နာမည္ေက်ာ္ေနာက္ခံလူ ရိစ္ဂ်ိမ္းစ္ရဲ႕အိမ္ကို လူတစ္စုက ခိုးဝင္ခဲ့ၿပီးေတာ့ ကစားသမားဘဝမွာ ကလပ္နဲ႔ႏိုင္ငံအသင္းတို႔အတြက္ ရရွိခဲ့တဲ့ဆုတံဆိပ္ေတြသိမ္းဆည္းထားတဲ့ မီးခံေသတၱာကို ခိုးယူခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့အဂၤါေန႔က စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ရိစ္ဂ်ိမ္းစ္ ခ်န္ပီယံလိဂ္ပြဲကစားေနခ်ိန္၊ Surrey ၿမိဳ႕ေျမာက္ဘက္ပိုင္းမွာရွိတဲ့ ရိစ္ဂ်ိမ္းစ္ရဲ႕ ေပါင္(၂.၅)သန္းတန္ေနအိမ္ထဲကို လူတစ္စုဟာ ခိုးဝင္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္က အိမ္ထဲမွာ အဖိုးတန္ပစၥည္းတစ္ခုမွ မထားတာေၾကာင့္ သူခိုးေတြက မီးခံေသတၱာႀကီးကို မႏိုင္မနင္းနဲ႔သယ္ထုတ္သြားခဲ့တာျဖစ္ပါတယ္။
ဒီအျဖစ္အပ်က္အစအဆုံးကို အိမ္ထဲမွာရွိတဲ့ CCTV ကေန ႐ိုက္ကူးႏိုင္လိုက္ၿပီး ရိစ္ဂ်ိမ္းစ္က အဲဒီ႐ုပ္သံဖိုင္ကို သူ႔ရဲ႕ Instagram မွာ Post တင္ခဲ့တာပါ။ ႐ုပ္သံေတြအရ သူခိုးေတြဟာ မီးခံေသတၱာႀကီးကို ခက္ခက္ခဲခဲ့နဲ႔သယ္ထုတ္ခဲ့ရသလို တျခားတစ္ေယာက္ကေတာ့ အိမ္တံခါးဖြင့္ဖို႔ အသည္းအသန္ႀကိဳးပမ္းေနတာကိုလည္း ေတြ႕ခဲ့ရပါတယ္။ ေနာက္ဆုံးမွာေတာ့ သူခိုးေတြဟာ အိမ္တံခါးကို ခ်ိဳးဖ်က္ဖြင့္ႏိုင္ခဲ့သလို မီးခံေသတၱာႀကီးကိုလည္း အသင့္ပါလာတဲ့ ကားတစ္စီးေပၚ သယ္ေဆာင္သြားခဲ့ၾကပါေတာ့တယ္။ အဲဒီမီးခံေသတၱာထဲမွာ ခ်န္ပီယံလိဂ္ဖလားရတုန္းက ဆုတံဆိပ္၊ ယူ႐ို-၂၀၂၀ ဆုတံဆိပ္၊ ဥေရာပစူပါဖလားခ်န္ပီယံျဖစ္ခဲ့ခ်ိန္က ရရွိခဲ့တဲ့ဆုတံဆိပ္ေတြအားလုံးကို ထည့္သြင္းသိမ္းဆည္းထားတာျဖစ္တယ္လို႔ ရိစ္ဂ်ိမ္းစ္က ဆိုခဲ့ပါတယ္။
ရိစ္ဂ်ိမ္းစ္အေနနဲ႔ သူခိုးေတြရဲ႕လုယက္ခံရတာက ဒါပထမဆုံးအႀကိမ္မဟုတ္ဘဲ ၿပီးခဲ့တဲ့ႏွစ္၊ ဒီဇင္ဘာလတုန္းကလည္း အာဟရခ်ိဳ႕တဲ့ေနတဲ့ကေလးေတြကို လက္ေဆာင္ေပးဖို႔အတြက္ သူ႔ကားထဲမွာထည့္ထားတဲ့ ပစၥည္းေတြအကုန္လုံး အခိုးခံခဲ့ရဖူးပါတယ္။ ခ်န္ပီယံလိဂ္ဆုတံဆိပ္တစ္ခုရဲ႕တန္ဖိုးက ဘယ္ေလာက္အထိရွိလဲဆိုတာေတာ့ အတိအက်မသိႏိုင္ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္တုန္းက လီဗာပူးလ္ေနာက္ခံလူေဟာင္းဖင္နန္ဟာ ၂၀၀၅ ခ်န္ပီယံလိဂ္ဆုတံဆိပ္ကို ေပါင္(၁၀,၀၀၀)ကေန ေပါင္(၁၅,၀၀၀)အၾကားတန္ဖိုးနဲ႔ ေလလံတင္ေရာင္းခ်ခဲ့ဖူးပါတယ္။
အခုအျဖစ္အပ်က္နဲ႔ပတ္သက္လို႔ ရိစ္ဂ်ိမ္းစ္က “စက္တင္ဘာ(၁၄)ရက္တုန္းက ခ်ယ္လ္ဆီးအသင္းအတြက္ ကြၽန္ေတာ္ ခ်န္ပီယံလိဂ္ပြဲကစားေနခ်ိန္မွာ ကေလကေခ်လူတစ္စုက ကြၽန္ေတာ့္အိမ္ထဲကို ခိုးဝင္ခဲ့ၾကပါတယ္။ ကြၽန္ေတာ့္ရဲ႕ကစားသမားဘဝ အမွတ္တရပစၥည္းေတြသိမ္းဆည္းထားတဲ့ မီးခံေသတၱာကို ဒီေကာင္ေတြ ခိုးယူခဲ့ၾကၿပီး ကြၽန္ေတာ္က အိမ္ထဲမွာ ဘာအဖိုးတန္ပစၥည္းမွထားေလ့မရွိတာေၾကာင့္ ခ်န္ပီယံလိဂ္ဆုတံဆိပ္၊ ဥေရာပစူပါဖလားဆုတံဆိပ္နဲ႔ ယူ႐ို-၂၀၂၀ ေငြတံဆိပ္ဆုေတြသိမ္းထားတဲ့ မီးခံေသတၱာကိုပဲ ဒီေကာင္ေတြ ခိုးခဲ့ၾကတာျဖစ္ပါတယ္။
ဒီဆုတံဆိပ္ေတြက ခ်ယ္လ္ဆီးနဲ႔အဂၤလန္အသင္းအတြက္ ကိုယ္စားျပဳကစားရင္းရခဲ့တဲ့ဆုေတြျဖစ္ၿပီး ဆုေတြမရွိေတာ့ေပမယ့္ ကြၽန္ေတာ့္ရဲ႕ေအာင္ျမင္မွတ္တမ္းကေတာ့ အၿမဲတမ္းက်န္ရွိေနမွာပါ။ ဒီကေလကေခ်ေတြကို အျမန္ဆုံးဖမ္းမိေအာင္ ကြၽန္ေတာ့္ရဲ႕ ခ်ယ္လ္ဆီးနဲ႔အဂၤလန္အသင္းပရိသတ္ေတြကလည္း တစ္ဖက္တစ္လမ္းကေန ကူညီေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္”လို႔ Instagram မွာ ေရးသားခဲ့ပါတယ္။



