ရာသီႀကိဳေလ႔က်င့္ခန္း အစီအစဥ္မွာ လင္ဂတ္နဲ႔ေပါ့ဂ္ဘာ အေျခအတင္ျဖစ္ခဲ့

မန္ယူအသင္းရဲ႕ရာသီႀကိဳေလ႔က်င့္ခန္းအစီအစဥ္မွာ ေပါ့ဂ္ဘာနဲ႔ လင္ဂတ္တို႔ အေျခအတင္ျဖစ္ခဲ့တာကို ကလပ္ရဲ႕မီဒီယာအဖြဲ႔ကထုတ္ျပန္လိုက္တဲ႔ ဗီဒီယိုဖိုင္ထဲမွာ ေတြ႔ခဲ့ရတယ္လို႔ သိရပါတယ္။ ေပါ့ဂ္ဘာဟာ မန္ယူကေနထြက္ခြာျခင္ေနသူလည္းျဖစ္ပါတယ္။

ဒီဗီဒီယိုဖိုင္ထဲမွာ လင္ဂတ္နဲ႔ေပါ့ဂ္ဘာတို႔ အျပန္အလွန္စကားမ်ားခဲ့ၾကၿပီး ေပါ့ဂ္ဘာက တုံ႔ျပန္မလိုလုပ္တာကို ကစားေဖာ္လင္ဒီေလာ႔ဖ္က၀င္ေရာက္ျဖန္ေျဖေပးခဲ့ရတာေတြ႔ရပါတယ္။ ဒီဖိုင္ကိုၾကည့္ရင္ ေပါ့ဂ္ဘာဟာ မန္ယူမွာမေနခ်င္ေတာ႔တာကို ပိုမိုထင္ရွားစြာေတြ႔ရတယ္လို႔ သုံးသပ္ၾကပါတယ္။

သူဟာ မန္ခ်က္စတာကေနေျခစမ္းခရီးစထြက္ကတည္းက သီးသန္႔ေနခဲ့ၿပီး ကလပ္ရဲ႕ကုတ္အက်ီၤကိုမ၀တ္တဲ႔ တစ္ဦးတည္းေသာသူလည္းျဖစ္ခဲ့ပါတယ္။ သူ႔အမူအရာကိုၾကည့္ရင္ ေပါ့ဂ္ဘာဟာသူ႔ရဲ႕အတည္ၿငိမ္မႈကိုျပသလိုေနၿပီး အသင္းမွာမေပ်ာ္ေတာ႔ဘူးဆိုတာကို တမင္လုပ္ျပေနတာလို႔လည္းယူဆေနၾကပါတယ္။

ဒီဗီဒီယိုဖိုင္ဟာ မန္ယူအသင္းသားေတြၾကားေပ်ာ္ရႊင္ေနပုံကိုရည္ညႊန္းျပသလိုတာျဖစ္ေပမယ္႔ လင္ဂတ္နဲ႔ ေပါ့ဂ္ဘာတို႔ ျပႆ    နာေၾကာင့္ အံအားသင့္သူေတြလည္းရွိေနပါတယ္။ တစ္ခ်ဳိ႕ကေတာ႔ သီးသန္႔ေနလိုတဲ႔ ေပါ့ဂ္ဘာကို လင္ဂတ္ကေနာက္ေျပာင္လို႔ ျဖစ္ရတယ္လို႔သုံးသပ္ၾကေပမယ္႔ အသင္းသားေတြေတြ႔ဆုံခ်ိန္မွာ တစ္သီးတစ္သန္႔မေနသင့္ ဘူးဆိုၿပီး ေပါ့ဂ္ဘာကိုေ၀ဖန္ၾကပါတယ္။

ေပါ့ဂ္ဘာဟာ မန္ယူကေနထြက္ခြာလိုေၾကာင္း ၀န္ခံထားသူျဖစ္ၿပီး သူ႔ကိုရီးရဲလ္မက္ဒရစ္နဲ႔ အသင္းေဟာင္း ဂ်ဴ ဗင္တပ္တို႔ကေခၚယူလိုေနတယ္လို႔ သတင္းထြက္ေနပါတယ္။ အျခားသတင္းတစ္ရပ္မွာေတာ႔ ဒီလိုျပႆ     နာျဖစ္တဲ႔ ဗီဒီယိုဖိုင္ကို လူမႈမီဒီယာအေပၚတင္ခဲ့တဲ႔အတြက္ ကလပ္ရဲ႕မီဒီယာအဖြဲ႔ကို အေရးယူဖို႔ရွိေနတယ္လို႔ ေဖာ္ျပေနၾကပါတယ္။

Unicode

ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်မှာ လင်ဂတ်နဲ့ပေါ့ဂ်ဘာ အခြေအတင်ဖြစ်ခဲ့
မန်ယူအသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှာ ပေါ့ဂ်ဘာနဲ့ လင်ဂတ်တို့ အခြေအတင်ဖြစ်ခဲ့တာကို ကလပ်ရဲ့မီဒီယာအဖွဲ့ကထုတ်ပြန်လိုက်တဲ့ ဗီဒီယိုဖိုင်ထဲမှာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာဟာ မန်ယူကနေထွက်ခွာခြင်နေသူလည်းဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်ထဲမှာ လင်ဂတ်နဲ့ပေါ့ဂ်ဘာတို့ အပြန်အလှန်စကားများခဲ့ကြပြီး ပေါ့ဂ်ဘာက တုံ့ပြန်မလိုလုပ်တာကို ကစားဖော်လင်ဒီလော့ဖ်ကဝင်ရောက်ဖြန်ဖြေပေးခဲ့ရတာတွေ့ရပါတယ်။ ဒီဖိုင်ကိုကြည့်ရင် ပေါ့ဂ်ဘာဟာ မန်ယူမှာမနေချင်တော့တာကို ပိုမိုထင်ရှားစွာတွေ့ရတယ်လို့ သုံးသပ်ကြပါတယ်။

သူဟာ မန်ချက်စတာကနေခြေစမ်းခရီးစထွက်ကတည်းက သီးသန့်နေခဲ့ပြီး ကလပ်ရဲ့ကုတ်အကျီၤကိုမဝတ်တဲ့ တစ်ဦးတည်းသောသူလည်းဖြစ်ခဲ့ပါတယ်။ သူ့အမူအရာကိုကြည့်ရင် ပေါ့ဂ်ဘာဟာသူ့ရဲ့အတည်ငြိမ်မှုကိုပြသလိုနေပြီး အသင်းမှာမပျော်တော့ဘူးဆိုတာကို တမင်လုပ်ပြနေတာလို့လည်းယူဆနေကြပါတယ်။

ဒီဗီဒီယိုဖိုင်ဟာ မန်ယူအသင်းသားတွေကြားပျော်ရွှင်နေပုံကိုရည်ညွှန်းပြသလိုတာဖြစ်ပေမယ့် လင်ဂတ်နဲ့ ပေါ့ဂ်ဘာတို့ ပြဿ    နာကြောင့် အံအားသင့်သူတွေလည်းရှိနေပါတယ်။ တစ်ချို့ကတော့ သီးသန့်နေလိုတဲ့ ပေါ့ဂ်ဘာကို လင်ဂတ်ကနောက်ပြောင်လို့ ဖြစ်ရတယ်လို့သုံးသပ်ကြပေမယ့် အသင်းသားတွေတွေ့ဆုံချိန်မှာ တစ်သီးတစ်သန့်မနေသင့် ဘူးဆိုပြီး ပေါ့ဂ်ဘာကိုဝေဖန်ကြပါတယ်။

ပေါ့ဂ်ဘာဟာ မန်ယူကနေထွက်ခွာလိုကြောင်း ဝန်ခံထားသူဖြစ်ပြီး သူ့ကိုရီးရဲလ်မက်ဒရစ်နဲ့ အသင်းဟောင်း ဂျူ ဗင်တပ်တို့ကခေါ်ယူလိုနေတယ်လို့ သတင်းထွက်နေပါတယ်။ အခြားသတင်းတစ်ရပ်မှာတော့ ဒီလိုပြဿ     နာဖြစ်တဲ့ ဗီဒီယိုဖိုင်ကို လူမှုမီဒီယာအပေါ်တင်ခဲ့တဲ့အတွက် ကလပ်ရဲ့မီဒီယာအဖွဲ့ကို အရေးယူဖို့ရှိနေတယ်လို့ ဖော်ပြနေကြပါတယ်။