ရာသီႀကိဳခရီးစဥ္က ျပန္လာရင္ ဒီဂီယာစာခ်ဳပ္သစ္လက္မွတ္ေရးထိုးမယ္လို႔ ဆိုးလ္ရွားအတည္ျပဳ

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက ဂိုးသမားဒီဂီယာဟာ ရာသီႀကိဳခရီးစဥ္ကျပန္လာရင္ ၅ ႏွစ္စာခ်ဳပ္သစ္ကိုလက္မွတ္ေရးထိုးမယ္လို႔ ေျပာလိုက္ပါတယ္။။ မန္ယူဟာ ဒီဂီယာကိုစာခ်ဳပ္သစ္ခ်ဳပ္ဖို႔အတြက္ ၂၀၁၉ အစကတည္းကေဆြးေႏြးေနခဲ့တာျဖစ္ၿပီး အခုဆိုရင္အၿပီးသတ္သေဘာတူညီခ်က္ရဖို႔ဘဲ က်န္ေတာ႔တယ္လို႔ ဆိုပါတယ္။

မန္ယူဟာ စပိန္လက္ေရြးစင္ ဒီဂီယာကိုလက္မလႊတ္ရေစဖို႔အတြက္ သူလိုျခင္တဲ႔ တစ္ပတ္လစာျဖစ္တဲ႔ ေပါင္ ၃၅၀၀၀၀ အထိေပးဖို႔သေဘာတူခဲ့ၿပီးေနာက္ စာခ်ဳပ္သစ္ေဆြးေႏြးမႈအဆင္ေျပသြားတာျဖစ္ပါတယ္။ စာခ်ဳပ္သက္တမ္းက ၅ ႏွစ္ရွိမွာျဖစ္ၿပီး စာခ်ဳပ္တန္ေၾကးက ေပါင္ ၉၁ သန္းအထိရွိလာမွာျဖစ္ပါတယ္။

သူ႔ကိုစာခ်ဳပ္သစ္ခ်ဳပ္ဖို႔ေဆြးေႏြးမႈေတြဟာ အဆင္မေျပျဖစ္ခဲ့ေပမယ္႔ ၿပီးခဲ့တဲ႔ဇြန္လကႏွစ္ဖက္ျပန္လည္ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။ မန္ယူဟာ ဒီဂီယာကို ၄ ႏွစ္စာခ်ဳပ္ကမ္းလွမ္းခဲ့တာျဖစ္ၿပီး ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးခြင့္လည္းရွိလို႔ စုစုေပါင္း  ၅ ႏွစ္ျဖစ္သြားတာပါ။

ဒီဂီယာဟာ မန္ယူနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီျဖစ္ေပမယ္႔ စာခ်ဳပ္ေဟာင္းပါအခ်က္အရ မန္ယူကသူ႔ကိုသက္တမ္းတစ္ႏွစ္တိုးထားလို႔ လက္ရွိစာခ်ဳပ္ဟာ လာမယ္႔ ရာသီကုန္ခ်ိန္ေရာက္မွ သက္တမး္ကုန္ဆုံးမွာျဖစ္ပါတယ္။

ဒီဂီယာဟာ မန္ယူကေနထြက္ခြာမယ္ဆိုတဲ႔သတင္းေတြထြက္ခဲ့ေပမယ္႔ ဒီေႏြရာသီေစ်းကြက္မွာသူ႔ကိုဘယ္သူမွ မကမ္းလွမ္းခဲ့ပါဘူး။ ၂၀၁၃ ကဖာဂူဆန္တာ၀န္ယူတဲ႔ေနာက္ဆုံးႏွစ္မွာ ပရီးမီးယားလိဂ္ဖလားကိုရယူႏိုင္ခဲ့တဲ႔ ဒီဂီယာဟာ မန္ယူရဲ႕တစ္ႏွစ္တာအေကာင္းဆုံးဆုကို ေနာက္ဆုံး ၅ ႏွစ္အတြင္းမွာ ၄ ႀကိမ္ရယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

Unicode

ရာသီကြိုခရီးစဉ်က ပြန်လာရင် ဒီဂီယာစာချုပ်သစ်လက်မှတ်ရေးထိုးမယ်လို့ ဆိုးလ်ရှားအတည်ပြု
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဂိုးသမားဒီဂီယာဟာ ရာသီကြိုခရီးစဉ်ကပြန်လာရင် ၅ နှစ်စာချုပ်သစ်ကိုလက်မှတ်ရေးထိုးမယ်လို့ ပြောလိုက်ပါတယ်။။ မန်ယူဟာ ဒီဂီယာကိုစာချုပ်သစ်ချုပ်ဖို့အတွက် ၂၀၁၉ အစကတည်းကဆွေးနွေးနေခဲ့တာဖြစ်ပြီး အခုဆိုရင်အပြီးသတ်သဘောတူညီချက်ရဖို့ဘဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

မန်ယူဟာ စပိန်လက်ရွေးစင် ဒီဂီယာကိုလက်မလွှတ်ရစေဖို့အတွက် သူလိုခြင်တဲ့ တစ်ပတ်လစာဖြစ်တဲ့ ပေါင် ၃၅၀၀၀၀ အထိပေးဖို့သဘောတူခဲ့ပြီးနောက် စာချုပ်သစ်ဆွေးနွေးမှုအဆင်ပြေသွားတာဖြစ်ပါတယ်။ စာချုပ်သက်တမ်းက ၅ နှစ်ရှိမှာဖြစ်ပြီး စာချုပ်တန်ကြေးက ပေါင် ၉၁ သန်းအထိရှိလာမှာဖြစ်ပါတယ်။

သူ့ကိုစာချုပ်သစ်ချုပ်ဖို့ဆွေးနွေးမှုတွေဟာ အဆင်မပြေဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ဇွန်လကနှစ်ဖက်ပြန်လည်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ မန်ယူဟာ ဒီဂီယာကို ၄ နှစ်စာချုပ်ကမ်းလှမ်းခဲ့တာဖြစ်ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်းရှိလို့ စုစုပေါင်း  ၅ နှစ်ဖြစ်သွားတာပါ။

ဒီဂီယာဟာ မန်ယူနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပေမယ့် စာချုပ်ဟောင်းပါအချက်အရ မန်ယူကသူ့ကိုသက်တမ်းတစ်နှစ်တိုးထားလို့ လက်ရှိစာချုပ်ဟာ လာမယ့် ရာသီကုန်ချိန်ရောက်မှ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

ဒီဂီယာဟာ မန်ယူကနေထွက်ခွာမယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပေမယ့် ဒီနွေရာသီဈေးကွက်မှာသူ့ကိုဘယ်သူမှ မကမ်းလှမ်းခဲ့ပါဘူး။ ၂၀၁၃ ကဖာဂူဆန်တာဝန်ယူတဲ့နောက်ဆုံးနှစ်မှာ ပရီးမီးယားလိဂ်ဖလားကိုရယူနိုင်ခဲ့တဲ့ ဒီဂီယာဟာ မန်ယူရဲ့တစ်နှစ်တာအကောင်းဆုံးဆုကို နောက်ဆုံး ၅ နှစ်အတွင်းမှာ ၄ ကြိမ်ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။