




M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ




အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့သောကြာနေ့က ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် ဘရန့်ဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲမှာ (၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့လို့ အသင်းပရိသတ်တွေက အွန်လိုင်းပေါ်မှာ ဒေါသပေါက်ကွဲနေကြပါတယ်။
အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ်တန်းတက်လာတဲ့ နည်းပြသောမတ်စ်ဖရန့်ခ်ရဲ့ ဘရန့်ဖို့ဒ်အသင်းဟာ ဆာဂျီကာနို့စ်၊ ခရစ္စရှန်နော်ဂတ်ဒ်တို့ရဲ့ဂိုးတွေနဲ့ ပရီးမီးယားလိဂ်ကြီး(၆)ကြီးစာရင်းဝင် အာဆင်နယ်အသင်းကို




အံ့အားသင့်စရာကောင်းအောင် အနိုင်ယူခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းအားနည်းချက်တွေကြောင့် အခုလိုရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာပါ။
အဲဒါကြောင့် အာဆင်နယ်ပရိသတ်တွေဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သူတို့အသင်းကို ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားနေပြီး ပရိသတ်တစ်ဦးက တစ်ရာသီစာလက်မှတ်ငွေတွေ ပြန်အမ်းဖို့တောင်းဆိုခဲ့ပါတယ်။




နောက်ထပ်ပရိသတ်တစ်ဦးကတော့ ‘အာဆင်နယ်အသင်းဟာ ရာသီအစမှာပဲ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်(၄)ဝင်ဖို့မျှော်လင့်ချက် အဆုံးသတ်ခဲ့ရပြီ’လို့ ရေးသားခဲ့သလို နောက်တစ်ဦးက ‘ရှက်ဖို့ကောင်းတဲ့ ရှုံးပွဲ’လို့ ဝေဖန်ခဲ့ပါတယ်။




အာဆင်နယ်ပရိသတ်တွေ ဒေါသပေါက်ကွဲနေချိန်မှာ မြို့ခံပြိုင်ဘက်ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်တချို့ကလည်း သူတို့ပြိုင်ဘက်ပရိသတ်တွေကို ဝင်လှောင်ခဲ့ပြီး ချယ်လ်ဆီးပရိသတ်တစ်ဦးက ‘ငါသာ အာဆင်နယ်ပရိသတ်ဖြစ်မယ်ဆိုရင် တစ်ရာသီစာလက်မှတ်တွေကို သစ်ပင်မှာ သံနဲ့ရိုက်ထားလိုက်တော့မယ်။




အဲဒီလိုလုပ်ရင်လည်း လက်မှတ်တွေကို တစ်ယောက်ယောက်ယူသွားမှာ မစိုးရိမ်ရဘဲ သံချောင်းလေးကို ဘယ်သူများခိုးသွားမလဲဆိုတာပဲ စိတ်ပူရမှာပါ”လို့ လှောင်ပြောင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့်တစ်ပတ်ကျရင် ချယ်လ်ဆီးအသင်းနဲ့အိမ်ကွင်းပွဲကျပ်ကစားရမှာဖြစ်ပြီး အဲဒီပွဲပြီးကြားရက်မှာ ဝက်စ်ဘရွန်းနဲ့လိဂ်ဖလားပွဲစဉ်ကစားရမှာဖြစ်သလို




သြဂုတ်လ(၂၈)ရက်မှာ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းနဲ့အဝေးကွင်းပွဲဆုံတွေ့မှာဖြစ်လို့ ပရီးမီးယားလိဂ်ရာသီအစမှာပဲ ပွဲကျပ်တွေဆက်တိုက်ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။




M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ရာသီအဖြင့္ပြဲမွာ စိတ္ပ်က္စရာရလဒ္နဲ႔ရင္ဆိုင္ခဲ့ၿပီးတဲ့ေနာက္ လက္မွတ္ေငြေတြျပန္အမ္းဖို႔ အာဆင္နယ္ပရိသတ္ေတြ ေတာင္းဆို




အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ေသာၾကာေန႔က ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲအျဖစ္ ဘရန႔္ဖို႔ဒ္နဲ႔ကစားခဲ့တဲ့ပြဲမွာ (၂)ဂိုးျပတ္ရႈံးနိမ့္ခဲ့လို႔ အသင္းပရိသတ္ေတြက အြန္လိုင္းေပၚမွာ ေဒါသေပါက္ကြဲေနၾကပါတယ္။ အသင္းသမိုင္းတစ္ေလွ်ာက္ ပရီးမီးယားလိဂ္ကို ပထမဆုံးအႀကိမ္တန္းတက္လာတဲ့ နည္းျပေသာမတ္စ္ဖရန႔္ခ္ရဲ႕ ဘရန႔္ဖို႔ဒ္အသင္းဟာ ဆာဂ်ီကာႏို႔စ္၊ ခရစၥရွန္ေနာ္ဂတ္ဒ္တို႔ရဲ႕ဂိုးေတြနဲ႔ ပရီးမီးယားလိဂ္ႀကီး(၆)ႀကီးစာရင္းဝင္ အာဆင္နယ္အသင္းကို အံ့အားသင့္စရာေကာင္းေအာင္ အႏိုင္ယူခဲ့တာျဖစ္ၿပီး အာဆင္နယ္အသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ကစားႏိုင္ခဲ့ေပမယ့္ ခံစစ္ပိုင္းအားနည္းခ်က္ေတြေၾကာင့္ အခုလိုရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရတာပါ။ အဲဒါေၾကာင့္ အာဆင္နယ္ပရိသတ္ေတြဟာ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ သူတို႔အသင္းကို ျပင္းျပင္းထန္ထန္ေဝဖန္ေရးသားေနၿပီး ပရိသတ္တစ္ဦးက တစ္ရာသီစာလက္မွတ္ေငြေတြ ျပန္အမ္းဖို႔ေတာင္းဆိုခဲ့ပါတယ္။
ေနာက္ထပ္ပရိသတ္တစ္ဦးကေတာ့ ‘အာဆင္နယ္အသင္းဟာ ရာသီအစမွာပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အဆင့္(၄)ဝင္ဖို႔ေမွ်ာ္လင့္ခ်က္ အဆုံးသတ္ခဲ့ရၿပီ’လို႔ ေရးသားခဲ့သလို ေနာက္တစ္ဦးက ‘ရွက္ဖို႔ေကာင္းတဲ့ ရႈံးပြဲ’လို႔ ေဝဖန္ခဲ့ပါတယ္။ အာဆင္နယ္ပရိသတ္ေတြ ေဒါသေပါက္ကြဲေနခ်ိန္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ခ်ယ္လ္ဆီးအသင္းရဲ႕ ပရိသတ္တခ်ိဳ႕ကလည္း သူတို႔ၿပိဳင္ဘက္ပရိသတ္ေတြကို ဝင္ေလွာင္ခဲ့ၿပီး ခ်ယ္လ္ဆီးပရိသတ္တစ္ဦးက ‘ငါသာ အာဆင္နယ္ပရိသတ္ျဖစ္မယ္ဆိုရင္ တစ္ရာသီစာလက္မွတ္ေတြကို သစ္ပင္မွာ သံနဲ႔႐ိုက္ထားလိုက္ေတာ့မယ္။




အဲဒီလိုလုပ္ရင္လည္း လက္မွတ္ေတြကို တစ္ေယာက္ေယာက္ယူသြားမွာ မစိုးရိမ္ရဘဲ သံေခ်ာင္းေလးကို ဘယ္သူမ်ားခိုးသြားမလဲဆိုတာပဲ စိတ္ပူရမွာပါ”လို႔ ေလွာင္ေျပာင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ လာမယ့္တစ္ပတ္က်ရင္ ခ်ယ္လ္ဆီးအသင္းနဲ႔အိမ္ကြင္းပြဲက်ပ္ကစားရမွာျဖစ္ၿပီး အဲဒီပြဲၿပီးၾကားရက္မွာ ဝက္စ္ဘ႐ြန္းနဲ႔လိဂ္ဖလားပြဲစဥ္ကစားရမွာျဖစ္သလို ၾသဂုတ္လ(၂၈)ရက္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးအသင္းနဲ႔အေဝးကြင္းပြဲဆုံေတြ႕မွာျဖစ္လို႔ ပရီးမီးယားလိဂ္ရာသီအစမွာပဲ ပြဲက်ပ္ေတြဆက္တိုက္ယွဥ္ၿပိဳင္ကစားရမွာလည္းျဖစ္ပါတယ္။