ရာသီအစ တာထြက္မေႏွးဖို႔ အသင္းသားေတြကို နည္းျပဆိုးလ္ရွားသတိေပး

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက ရာသီအစပိုင္းမွာတာထြက္ေႏွးတာဟာ အသင္းရဲ႕ရည္မွန္းခ်က္ေတြကို ထိခိုက္ႏိုင္ေစလို႔ ရာသီအစပိုင္းမွာ ရလဒ္ေတြဆိုးရြားလို႔မျဖစ္ဘူးလို႔ အသင္းသားေတြကို သတိေပးစကားေျပာၾကားလိုက္ပါတယ္။

ၿပီးခဲ့တဲ႔ ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၉ ပြဲမွာတစ္ပြဲသာႏိုင္တဲ႔အထိအေျခအေနဆိုးခဲ့တဲ႔ မန္ယူဟာ လာမယ္႔ရာသီသစ္ပရီးမီးယားလိဂ္ပထမဆုံး ၉ ပြဲမွာ ခ်ဲလ္ဆီး၊ အာဆင္နယ္၊ လီဗာပူးတို႔နဲ႔ေတြ႔ဆုံေနၿပီး ခ်ဲလ္ဆီးနဲ႔ ရာသီအဖြင့္ပြဲစဥ္ကစားရမွာျဖစ္ပါတယ္။ မန္ယူဟာအခုဆိုရင္ ကစားသမားေတြစုံလင္ေနၿပီျဖစ္သလို ပထမဆုံးေျခစမ္းပြဲစဥ္ ၂ ခုမွာလည္း ရလဒ္ေတြေကာင္းခဲ့တာပါ။

ဒါေပမယ္႔ ဆိုးလ္ရွားကေတာ႔ ရာသီအစပိုင္းပရီးမီးယားလိဂ္ပြဲေတြကို ပိုမိုအာရုံထားေနၿပီး ရလဒ္ေတြေကာင္းဖို႔လိုတယ္လို႔ သတိေပးခဲ့တာျဖစ္ပါတယ္။ သူက”ရာသီအစပိုင္းရလဒ္ေတြက အေရးႀကီးလို႔ ကစားသမားေတြကိုအခုခ်ိန္မွာ ျပင္းျပင္းထန္ထန္ ေလ႔က်င့္ေစေနတာျဖစ္ပါတယ္။အရင္ႏွစ္ေတြကဆိုရင္ ၿပိဳင္ပြဲအသီးသီးေၾကာင့္ အခုလိုရာသီႀကိဳကာလမ်ဳိး မႀကံဳခဲ့ရပါဘူး။

Photo Credit: Getty Images

ရာသီအစ ပထမဆုံး ၁၀ ပြဲေလာက္နဲ႔ ဘာဆုဖလားမွရမွာမဟုတ္ေပမယ္႔ ရာသီအစရလဒ္ေတြဆိုးရြားျခင္းကေတာ႔ ဆုဖလားေတြရမယ္႔ အခြင့္အေရးကိုေသခ်ာေပါက္လက္လႊတ္ရႏိုင္ပါတယ္။ ဒါေၾကာင့္ ရာသီစၿပီးပထမဆုံး ၂ လဟာက်ြန္ေတာ္တို႔အတြက္ သိပ္ကိုအေရးႀကီးတာပါ”လို႔ေျပာသြားပါတယ္။

ဒါ့အျပင္ ဆိုးလ္ရွားကၿပီးခဲ့တဲ႔ ရာသီပရီးမီးယားလိဂ္မွာ ခ်န္ပီယံဘြဲ႔အတြက္အဓိက ယွဥ္ၿပိဳင္ခဲ့ရတဲ႔ႏွစ္သင္းျဖစ္တဲ႔ မန္စီးတီးနဲ႔ လီဗာပူး တို႔ဟာ ရာသီသစ္မွာလည္းသူတို႔ဘဲ ဆက္လက္လႊမ္းမိုးေနၾကမွာျဖစ္ၿပီး က်န္တဲ႔ထိပ္သီးအသင္းေတြကေတာ႔ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ဘဲ အာရုံစိုက္ရမွာလို႔ ဆက္လက္ေျပာၾကားသြားပါတယ္။

Unicode

ရာသီအစ တာထွက်မနှေးဖို့ အသင်းသားတွေကို နည်းပြဆိုးလ်ရှားသတိပေး
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ရာသီအစပိုင်းမှာတာထွက်နှေးတာဟာ အသင်းရဲ့ရည်မှန်းချက်တွေကို ထိခိုက်နိုင်စေလို့ ရာသီအစပိုင်းမှာ ရလဒ်တွေဆိုးရွားလို့မဖြစ်ဘူးလို့ အသင်းသားတွေကို သတိပေးစကားပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၉ ပွဲမှာတစ်ပွဲသာနိုင်တဲ့အထိအခြေအနေဆိုးခဲ့တဲ့ မန်ယူဟာ လာမယ့်ရာသီသစ်ပရီးမီးယားလိဂ်ပထမဆုံး ၉ ပွဲမှာ ချဲလ်ဆီး၊ အာဆင်နယ်၊ လီဗာပူးတို့နဲ့တွေ့ဆုံနေပြီး ချဲလ်ဆီးနဲ့ ရာသီအဖွင့်ပွဲစဉ်ကစားရမှာဖြစ်ပါတယ်။ မန်ယူဟာအခုဆိုရင် ကစားသမားတွေစုံလင်နေပြီဖြစ်သလို ပထမဆုံးခြေစမ်းပွဲစဉ် ၂ ခုမှာလည်း ရလဒ်တွေကောင်းခဲ့တာပါ။

ဒါပေမယ့် ဆိုးလ်ရှားကတော့ ရာသီအစပိုင်းပရီးမီးယားလိဂ်ပွဲတွေကို ပိုမိုအာရုံထားနေပြီး ရလဒ်တွေကောင်းဖို့လိုတယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။ သူက”ရာသီအစပိုင်းရလဒ်တွေက အရေးကြီးလို့ ကစားသမားတွေကိုအခုချိန်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်စေနေတာဖြစ်ပါတယ်။အရင်နှစ်တွေကဆိုရင် ပြိုင်ပွဲအသီးသီးကြောင့် အခုလိုရာသီကြိုကာလမျိုး မကြုံခဲ့ရပါဘူး။

ရာသီအစ ပထမဆုံး ၁၀ ပွဲလောက်နဲ့ ဘာဆုဖလားမှရမှာမဟုတ်ပေမယ့် ရာသီအစရလဒ်တွေဆိုးရွားခြင်းကတော့ ဆုဖလားတွေရမယ့် အခွင့်အရေးကိုသေချာပေါက်လက်လွှတ်ရနိုင်ပါတယ်။ ဒါကြောင့် ရာသီစပြီးပထမဆုံး ၂ လဟာကျွန်တော်တို့အတွက် သိပ်ကိုအရေးကြီးတာပါ”လို့ပြောသွားပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားကပြီးခဲ့တဲ့ ရာသီပရီးမီးယားလိဂ်မှာ ချန်ပီယံဘွဲ့အတွက်အဓိက ယှဉ်ပြိုင်ခဲ့ရတဲ့နှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူး တို့ဟာ ရာသီသစ်မှာလည်းသူတို့ဘဲ ဆက်လက်လွှမ်းမိုးနေကြမှာဖြစ်ပြီး ကျန်တဲ့ထိပ်သီးအသင်းတွေကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဘဲ အာရုံစိုက်ရမှာလို့ ဆက်လက်ပြောကြားသွားပါတယ်။