ရာသီအစေျခစြမ္းျပႏိုင္မႈေၾကာင့္ ေမဆင္ေမာင့္၊ မက္ဒီဆင္နဲ႔ ၀မ္ဘစ္ဆာကာတုိ႔ အဂၤလန္အသင္းမွာ ေရြးခ်ယ္ခံရဖြယ္ရွိေန

Photo Credit

Photo Credit ; Getty Images

ခ်ဲလ္ဆီးအသင္းကြင္းလယ္လူ ေမဆင္ေမာင့္ဟာ ရာသီအစမွာ ေျခစြမ္းျပႏိုင္မႈေၾကာင့္ အဂၤလန္အသင္းမွာ ေရြးခ်ယ္ခံရဖြယ္ရွိေနေၾကာင္း သိရပါတယ္။ သူဟာ ယခုရာသီ ခ်ဲလ္ဆီးအသင္းမွာ အားလုံးသတိထားမိေစတဲ့အထိ ေျခစြမ္းျပေနၿပီး စက္တင္ဘာလအတြင္း ဘူလ္ေဂးရီးယား၊ ကိုဆုိဗိုတို႔နဲ႔ကစားရမယ့္ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲေတြအတြက္ အဂၤလန္အသင္းလူစာရင္းမွာ ပါ၀င္လာႏုိင္ပါတယ္။

Photo Credit

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ဟာ ၾကာသပေတးေန႔မွာ ယူ႐ိုေျခစစ္ပြဲေတြအတြက္ အသင္းလူစာရင္းကုိ ထုတ္ျပန္ေၾကညာမွာျဖစ္ၿပီး ေမဆင္ေမာင့္ရဲ႕ကစားပုံကို သေဘာက်သူျဖစ္ကာ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမတုိင္ခင္ စီနီယာအသင္းသားေတြနဲ႔အတူ ေမဆင္ေမာင့္ကုိ ေလ့က်င့္ခန္းဆင္းဖို႔ ဖိတ္ေခၚခဲ့သူျဖစ္ပါတယ္။

Photo Credit ; PA

ယခုရာသီ ခ်ဲလ္ဆီးအသင္းအတြက္ ၄ပဲြကစားၿပီးခ်ိန္မွာ ၂ဂိုးသြင္းယူေပးထားတဲ့ အသက္ ၂၀အရြယ္ရွိ ေမဆင္ေမာင့္ဟာ ၂၀၁၈ ခုႏွစ္အတြင္း ခ႐ိုေအးရွား၊ စပိန္တုိ႔နဲ႔ကစားခဲ့တဲ့ေနးရွင္းလိဂ္ပဲြေတြအတြက္ အဂၤလန္အသင္းလူစာရင္းမွာ ေရြးခ်ယ္ခံခဲ့ရေပမယ့္ ပြဲထြက္ခြင့္ေတာ့ အခုခ်ိန္အထိ မရရွိေသးပါဘူး။ ေမဆင္ေမာင့္လုိပဲ လက္စတာအသင္းနဲ႔အတူ အထူးေျခစြမ္းျပေနတဲ့ကြင္းလယ္လူ မက္ဒီဆင္လည္း အဂၤလန္အသင္းမွာ ေရြးခ်ယ္ခံရဖြယ္ရွိေနပါတယ္။

Photo Credit ; Getty Images

မက္ဒီဆင္ဟာ ယခုႏွစ္ေႏြရာသီအတြင္း အဂၤလန္ယူ-၂၁ လူငယ္အသင္း စိတ္ပ်က္ဖြယ္ရလဒ္ေတြနဲ႔ရင္ဆုိင္ခဲ့ရတဲ့ ယူ႐ို ၂၀၁၉ ၿပိဳင္ပြဲမွာ ပါ၀င္ကစားခဲ့ၿပီး ညာေနာက္ခံလူ အာရြန္၀မ္ဘစ္ဆာကာလည္း ေနာက္က်ကုိယ့္ဂိုးကုိယ္သြင္းယူမႈနဲ႔အတူ စိတ္ပ်က္ဖြယ္ရာေတြနဲ႔ရင္ဆုိင္ခဲ့ရပါတယ္။

Photo Credit

အဲဒီအခ်ိန္မွာ ၀မ္ဘစ္ဆာကာဟာ ပဲေလ့စ္ကေန ယူႏုိက္တက္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနခဲ့တာျဖစ္ၿပီး အဂၤလန္ယူ-၂၁ အသင္းနည္းျပ ဘို႔သ႐ြိဳက္က ယူႏုိက္တက္ကို ေပါင္သန္း ၅၀နဲ႔ ၀မ္ဘစ္ဆာကာ မေျပာင္းေရႊ႕ခင္ အေျပာင္းအေရႊ႕ေကာလာဟလသတင္းေတြ ထြက္ေပၚခဲ့တာကို စိတ္ပ်က္ခဲ့ပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ သူဟာ အသင္းသစ္ယူႏုိက္တက္နဲ႔အတူ အေကာင္းဆံုးပုံစံရရွိေနတာေၾကာင့္ အဂၤလန္လက္ေရြးစင္အသင္းႀကီးမွာ စီနီယာကစားသမားေတြျဖစ္တဲ့ မန္စီးတီးရဲ႕ေ၀ၚလ္ကာ၊ လီဗာပူးရဲ႕အာႏိုးလ္တုိ႔နဲ႔အတူ အားၿပိဳင္ခြင့္ရဖြယ္ရွိေနပါတယ္။ ဒါ့အျပင္ ေဆာက္ဂိတ္ဟာ တနဂၤေႏြေန႔က လီဂါနက္စ္ကို ၀-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အက္သလက္တီကိုအသင္းရဲ႕ပြဲမွာ ညာေနာက္ခံလူ ထရစ္ပီယာရဲ႕ကစားပုံကို သြားေရာက္ၾကည့္႐ႈခဲ့လုိ႔ ညာေနာက္ခံလူေနရာအတြက္ ေဆာက္ဂိတ္လည္း အေတာ္ေလးစဥ္းစားရဖြယ္ရွိေနပါတယ္။

Photo Credit

၂၀၁၇ ခုႏွစ္က ဂ်ာမနီနဲ႔ပြဲမွာ ပထမဆုံးပြဲထြက္ခြင့္ရရွိခဲ့တဲ့ ခ်ဲလ္ဆီးတုိက္စစ္မွဴး ေအဘရာဟမ္လည္း အဂၤလန္အသင္းမွာ ျပန္လည္ေရြးခ်ယ္ခံရႏိုင္ၿပီး သူဟာ စေနေန႔က ေနာ၀စ္ခ်္ကို ၂-၃ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ခ်ဲလ္ဆီးအတြက္ ေျခစြမ္းျပကစားကာ ၂ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

Photo Credit

ဂိုးသမားေနရာကေတာ့ အေျပာင္းအလဲျဖစ္ေပၚလာႏိုင္ၿပီး ေနးရွင္းလိဂ္ၿပိဳင္ပြဲအတြက္ ေရြးခ်ယ္ခံခဲ့ရတဲ့ စတုတ္စီးတီးဂိုးသမား ဘက္လန္းက ယခုရာသီခ်န္ပီယံရွစ္မွာ အေတာ္ေလးလက္စြမ္းက်ေနလုိ႔ သူ႕ေနရာမွာ ယူႏုိက္တက္ကေန အငွားနဲ႔လာေရာက္ကစားေနတဲ့ ရွက္ဖီးယူႏုိက္တက္ဂိုးသမား ဒင္းဟန္ဒါဆန္၊ ေဆာက္သမ္တန္ဂိုးသမား အန္ဂက္စ္ဂန္းနဲ႔ ဘန္ေလဂိုးသမား နစ္ပုပ္ တစ္ဦးဦး အစား၀င္လာဖြယ္ရွိေနပါတယ္။

Photo Credit

Unicode

ရာသီအစခြေစွမ်းပြနိုင်မှုကြောင့် မေဆင်မောင့်၊ မက်ဒီဆင်နဲ့ ဝမ်ဘစ်ဆာကာတို့ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရဖွယ်ရှိနေ

ချဲလ်ဆီးအသင်းကွင်းလယ်လူ မေဆင်မောင့်ဟာ ရာသီအစမှာ ခြေစွမ်းပြနိုင်မှုကြောင့် အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရဖွယ်ရှိနေကြောင်း သိရပါတယ်။ သူဟာ ယခုရာသီ ချဲလ်ဆီးအသင်းမှာ အားလုံးသတိထားမိစေတဲ့အထိ ခြေစွမ်းပြနေပြီး စက်တင်ဘာလအတွင်း ဘူလ်ဂေးရီးယား၊ ကိုဆိုဗိုတို့နဲ့ကစားရမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲတွေအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်လာနိုင်ပါတယ်။
အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ ကြာသပတေးနေ့မှာ ယူရိုခြေစစ်ပွဲတွေအတွက် အသင်းလူစာရင်းကို ထုတ်ပြန်ကြေညာမှာဖြစ်ပြီး မေဆင်မောင့်ရဲ့ကစားပုံကို သဘောကျသူဖြစ်ကာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် စီနီယာအသင်းသားတွေနဲ့အတူ မေဆင်မောင့်ကို လေ့ကျင့်ခန်းဆင်းဖို့ ဖိတ်ခေါ်ခဲ့သူဖြစ်ပါတယ်။
ယခုရာသီ ချဲလ်ဆီးအသင်းအတွက် ၄ပွဲကစားပြီးချိန်မှာ ၂ဂိုးသွင်းယူပေးထားတဲ့ အသက် ၂၀အရွယ်ရှိ မေဆင်မောင့်ဟာ ၂၀၁၈ ခုနှစ်အတွင်း ခရိုအေးရှား၊ စပိန်တို့နဲ့ကစားခဲ့တဲ့နေးရှင်းလိဂ်ပွဲတွေအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ပွဲထွက်ခွင့်တော့ အခုချိန်အထိ မရရှိသေးပါဘူး။ မေဆင်မောင့်လိုပဲ လက်စတာအသင်းနဲ့အတူ အထူးခြေစွမ်းပြနေတဲ့ကွင်းလယ်လူ မက်ဒီဆင်လည်း အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရဖွယ်ရှိနေပါတယ်။
မက်ဒီဆင်ဟာ ယခုနှစ်နွေရာသီအတွင်း အင်္ဂလန်ယူ-၂၁ လူငယ်အသင်း စိတ်ပျက်ဖွယ်ရလဒ်တွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ယူရို ၂၀၁၉ ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ပြီး ညာနောက်ခံလူ အာရွန်ဝမ်ဘစ်ဆာကာလည်း နောက်ကျကိုယ့်ဂိုးကိုယ်သွင်းယူမှုနဲ့အတူ စိတ်ပျက်ဖွယ်ရာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီအချိန်မှာ ဝမ်ဘစ်ဆာကာဟာ ပဲလေ့စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး အင်္ဂလန်ယူ-၂၁ အသင်းနည်းပြ ဘို့သရွိုက်က ယူနိုက်တက်ကို ပေါင်သန်း ၅၀နဲ့ ဝမ်ဘစ်ဆာကာ မပြောင်းရွှေ့ခင် အပြောင်းအရွှေ့ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့တာကို စိတ်ပျက်ခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ အသင်းသစ်ယူနိုက်တက်နဲ့အတူ အကောင်းဆုံးပုံစံရရှိနေတာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ စီနီယာကစားသမားတွေဖြစ်တဲ့ မန်စီးတီးရဲ့ဝေါ်လ်ကာ၊ လီဗာပူးရဲ့အာနိုးလ်တို့နဲ့အတူ အားပြိုင်ခွင့်ရဖွယ်ရှိနေပါတယ်။ ဒါ့အပြင် ဆောက်ဂိတ်ဟာ တနင်္ဂနွေနေ့က လီဂါနက်စ်ကို ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့အက်သလက်တီကိုအသင်းရဲ့ပွဲမှာ ညာနောက်ခံလူ ထရစ်ပီယာရဲ့ကစားပုံကို သွားရောက်ကြည့်ရှုခဲ့လို့ ညာနောက်ခံလူနေရာအတွက် ဆောက်ဂိတ်လည်း အတော်လေးစဉ်းစားရဖွယ်ရှိနေပါတယ်။
၂၀၁၇ ခုနှစ်က ဂျာမနီနဲ့ပွဲမှာ ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်လည်း အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံရနိုင်ပြီး သူဟာ စနေနေ့က နောဝစ်ချ်ကို ၂-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ချဲလ်ဆီးအတွက် ခြေစွမ်းပြကစားကာ ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဂိုးသမားနေရာကတော့ အပြောင်းအလဲဖြစ်ပေါ်လာနိုင်ပြီး နေးရှင်းလိဂ်ပြိုင်ပွဲအတွက် ရွေးချယ်ခံခဲ့ရတဲ့ စတုတ်စီးတီးဂိုးသမား ဘက်လန်းက ယခုရာသီချန်ပီယံရှစ်မှာ အတော်လေးလက်စွမ်းကျနေလို့ သူ့နေရာမှာ ယူနိုက်တက်ကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ရှက်ဖီးယူနိုက်တက်ဂိုးသမား ဒင်းဟန်ဒါဆန်၊ ဆောက်သမ်တန်ဂိုးသမား အန်ဂက်စ်ဂန်းနဲ့ ဘန်လေဂိုးသမား နစ်ပုပ် တစ်ဦးဦး အစားဝင်လာဖွယ်ရှိနေပါတယ်။