ရာသီသာအဆုံးမသတ်နိုင်ရင် လီဗာပူးကို ချန်ပီယံဆုမပေးနိုင်ကြောင်း အလန်ရှီးယားပြော

photo-the sun

photo-gettyimages

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီရာသီကိုသာ ဖျက်သိမ်းလိုက်ရမယ်ဆိုရင် လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိနိုင်မှာ မဟုတ်ကြောင်း ပရီးမီးယားလိဂ်ဂန္တဝင်တိုက်စစ်မှုးဟောင်းအလန်ရှီးယားက အခိုင်အမာပြောကြားလိုက်ပါတယ်။ လီဗာပူးဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်စီးတီးကို ၂၅ မှတ်ဖြတ်ဦးဆောင်နေပြီး နှစ် ၃၀ အတွင်း သူတို့ရဲ့ပထမဆုံးအမှတ်ပေးချန်ပီယံဆုအတွက် နိုင်ပွဲ ၂ ပွဲသာ လိုအပ်တော့တာပါ။

photo-rex features

ဒါပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို အနည်းဆုံးအနေနဲ့ လာမယ့်ဧပြီ ၃ ရက်နေ့အထိ ရွှေ့ဆိုင်းထားပါတယ်။ အဲဒီရက်နောက်ပိုင်းမှာ ပြိုင်ပွဲ တကယ်တမ်းပြန်လည်စတင်နိုင်ခြင်း ရှိ၊မရှိကတော့ အခုထိကို လုံးဝမသေချာသေးဖြစ်နေပြီး အတော်များများက ပြိုင်ပွဲဖျက်သိမ်းလိုက်ရမှာကို စိုးရိမ်နေကြတာပါ။

photo-mirror football

ဒါပေမဲ့လည်း နယူးကာဆယ်တိုက်စစ်မှုးဟောင်းအလန်ရှီးယားက အင်္ဂလန်က နာမည်ကြီး The Sun သတင်းစာအတွက် သူ့ရဲ့ကော်လံစာမျက်နှာမှာ ”တကယ်လို့၊ တကယ်လို့ဆိုတာက ကြီးမားတဲ့တစ်ခုပါ။ ဘောလုံးရာသီအဆုံးမသတ်နိုင်ဘူးဆိုရင်တော့ အနိုင်ရသူရော ရှုံးနိမ့်သူပါရှိနိုင်စရာ အကြောင်းမရှိပါဘူး။ ပွဲတွေပြီးအောင် မကစားနိုင်ရင် ချန်ပီယံဆုပေးနိုင်မှာမဟုတ်သလို ဘယ်သူ့ကိုမှလည်း တန်းဆင်းအတွက် စဉ်းစားနိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးအတွက်ဆိုရင် အဲဒါဟာ အလွန့်အလွန်ကိုမှ ရက်စက်ရာကျမှာပါ။ သူတို့ဟာ ချန်ပီယံဖြစ်ဖို့ ၆ မှတ်သာလိုအပ်တာပါ။ ဒါပေမဲ့ သူတို့ အဲဒါကို မရသေးဘူး။ ဒါကြောင့် ရာသီဖျက်သိမ်းလိုက်မယ်ဆိုရင် ထည့်စဉ်းစားလို့ မရပါဘူး။ သူတို့ လိုအပ်တဲ့အမှတ်ရသွားတော့မှ ရာသီဖျက်သိမ်းလိုက်ရတယ်ဆိုရင်တော့ တစ်မျိုးပေ့ါဗျာ”လို့ ရေးသားခဲ့တာပါ။

[Zawgyi]

ရာသီသာအဆုံးမသတ္ႏိုင္ရင္ လီဗာပူးကို ခ်န္ပီယံဆုမေပးႏုိင္ေၾကာင္း အလန္ရွီးယားေျပာ

ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ဒီရာသီကိုသာ ဖ်က္သိမ္းလုိက္ရမယ္ဆိုရင္ လီဗာပူးအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရရွိႏိုင္မွာ မဟုတ္ေၾကာင္း ပရီးမီးယားလိဂ္ဂႏၱ၀င္တိုက္စစ္မႈးေဟာင္းအလန္ရွီးယားက အခိုင္အမာေျပာၾကားလုိက္ပါတယ္။ လီဗာပူးဟာ လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ဒုတိယေနရာက မန္စီးတီးကို ၂၅ မွတ္ျဖတ္ဦးေဆာင္ေနၿပီး ႏွစ္ ၃၀ အတြင္း သူတို႔ရဲ႕ပထမဆုံးအမွတ္ေပးခ်န္ပီယံဆုအတြက္ ႏိုင္ပြဲ ၂ ပြဲသာ လုိအပ္ေတာ့တာပါ။

ဒါေပမဲ့လည္း ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို အနည္းဆုံးအေနနဲ႔ လာမယ့္ဧၿပီ ၃ ရက္ေန႔အထိ ေရႊ႕ဆိုင္းထားပါတယ္။ အဲဒီရက္ေနာက္ပိုင္းမွာ ၿပိဳင္ပြဲ တကယ္တမ္းျပန္လည္စတင္ႏိုင္ျခင္း ရွိ၊မရွိကေတာ့ အခုထိကို လုံး၀မေသခ်ာေသးျဖစ္ေနၿပီး အေတာ္မ်ားမ်ားက ၿပိဳင္ပြဲဖ်က္သိမး္လုိက္ရမွာကုိ စိုးရိမ္ေနၾကတာပါ။

ဒါေပမဲ့လည္း နယူးကာဆယ္တိုက္စစ္မႈးေဟာင္းအလန္ရွီးယားက အဂၤလန္က နာမည္ႀကီး The Sun သတင္းစာအတြက္ သူ႔ရဲ႕ေကာ္လံစာမ်က္ႏွာမွာ ”တကယ္လို႔၊ တကယ္လုိ႔ဆိုတာက ႀကီးမားတဲ့တစ္ခုပါ။ ေဘာလုံးရာသီအဆုံးမသတ္ႏို္င္ဘူးဆုိရင္ေတာ့ အႏိုင္ရသူေရာ ရႈံးနိမ့္သူပါရွိိႏိုင္စရာ အေၾကာင္းမရွိပါဘူး။ ပြဲေတြၿပီးေအာင္ မကစားႏိုင္ရင္ ခ်န္ပီယံဆုေပးႏိုင္မွာမဟုတ္သလို ဘယ္သူ႔ကိုမွလည္း တန္းဆင္းအတြက္ စဥ္းစားႏိုင္မွာ မဟုတ္ပါဘူး။ လီဗာပူးအတြက္ဆုိရင္ အဲဒါဟာ အလြန္႔အလြန္ကိုမွ ရက္စက္ရာက်မွာပါ။ သူတို႔ဟာ ခ်န္ပီယံျဖစ္ဖုိ႔ ၆ မွတ္သာလုိအပ္တာပါ။ ဒါေပမဲ့ သူတုိ႔ အဲဒါကို မရေသးဘူး။ ဒါေၾကာင့္ ရာသီဖ်က္သိမး္လုိက္မယ္ဆုိရင္ ထည့္စဥ္းစားလို႔ မရပါဘူး။ သူတုိ႔ လိုအပ္တဲ့အမွတ္ရသြားေတာ့မွ ရာသီဖ်က္သိမ္းလိုက္ရတယ္ဆုိရင္ေတာ့ တစ္မ်ိဳးေပ့ါဗ်ာ”လို႔ ေရးသားခဲ့တာပါ။