ရာသီသစ် ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး ကစားသမားသစ် ပေါ်ထွက်လာ

Ads ( 18+ , Gamble responsibly )

– လစဉ်၊အပတ်စဉ်၊နေ့စဉ် ကံစမ်းမဲပေါင်းများစွာနှင့် Bonusများစွာ

– ၂၄နာရီပတ်လုံး Customer များ၏ မေးမြန်းချက်များကို ဖြေရှင်းပေးမည့် CustomerServicesTeam

Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp

Shwe Casino App Download Link => https://bit.ly/3k41mc4

ဝုဗ်တောင်ပံကစားသမား အဒမ်မာထရာအိုယေးကို ပရီးမီးယားလိဂ်ရဲ့အမြန်ဆုံး ကစားသမားရယ်လို့ ပရိသတ်တွေ သိခဲ့ကြပေမယ့် အခုတော့ မဟုတ်တော့ပါဘူး။

ထရာအိုယေး ထက် ပိုမြန်တဲ့ ကစားသမား ရှိလာပါပြီ။

မြန်နှုန်းနဲ့ ကြံ့ခိုင်မှုကို အားပြုကစားလေ့ရှိတဲ့ ထရာအိုယေးရဲ့ ရာသီသစ် အကောင်းဆုံး စံချိန်ဟာ တစ်နာရီ ၂၂.၁၂ မိုင်နှုန်းရှိပြီး ဒီစံချိန်ကို ဆောက်သမ်တန် ကစားသမားသစ် အဒမ် အမ်းစထရောင်းက ကျော်သွားပြီဖြစ်ပါတယ်။

ဒီနှစ်နွေရာသီမှ ဆောက်သမ်တန်ကို ပြောင်းခဲ့တဲ့ အဒမ်အမ်းစထရောင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် ၂ပွဲစလုံးကို ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

အဲဗာတန်နဲ့ ပွဲစဉ် ၁မှာတုန်းက ဆောက်သမ်တန်အတွက် ပွဲဦးထွက်ဂိုးကို သွင်းနိုင်ခဲ့တဲ့ အဒမ်အမ်းစထရောင်းရဲ့ အမြန်ဆုံးပြေးအားဟာ တစ်နာရီ ၂၂.၁၅ မိုင်နှုန်းအထိရှိပါတယ်။ ထရာအိုယေးရဲ့ စံချိန်ထက် ဒဿမ ၀၃ မိုင်ပိုသာသွားပါတယ်။

ပရီးမီးယားလိဂ် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား မြန်နှုန်းမြင့် တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ဝီးလ်ဖရက်ဒ်ဇာကတော့ တစ်နာရီ ၂၁.၈၈ မိုင် နှုန်းနဲ့ တတိယအမြန်ဆုံး နေရာမှာရှိပါတယ်။

ဆောက်သမ်တန်အသင်းက နသန်တယ်လာနဲ့ ဝက်ဖို့ဒ် တောင်ပံကစားသမား အစ္စမိုင်လာဆား တို့ရဲ့အမြန်ဆုံးပြေးအားဟာ အဆင့် ၄နဲ့ ၅တွေမှာ ရှိပြီး အဆင့် ၆ နေရာမှာ လိဒ်ယူနိုက်တက်တိုက်စစ်မှူး ဘမ်းဖို့ဒ် ရှိနေတာကတော့ အံ့အားသင့်စရာဖြစ်မယ်ထင်ပါတယ်။

အထောင်တိုက်စစ်မှူး စစ်စစ်ဖြစ်တဲ့ ဘမ်းဖို့ဒ်ရဲ့ ကစားပုံဟာ မြန်နှုန်းကို အရမ်းအားပြုသူမျိုး မဟုတ်ပါဘူး။

ဒါပေမယ့် ပရီးမီးယားလိဂ်ပွဲတွေမှာ သူ့ရဲ့အမြန်ဆုံးပြေးအားက တစ်နာရီ ၂၁.၅၃ မိုင် နှုန်းရှိပါတယ်။

ရာသီသစ်ပရီးမီးယားလိဂ်ရဲ့အမြန်ဆုံး ကစားသမားတွေထဲမှာ လိဒ်ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ညာ၊ ပဲလေ့စ်ဘယ်နောက်ခံလူ တိုင်းရစ်မစ်ချဲနဲ့ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါတို့လည်း ပါဝင်နေပါတယ်။

Ads ( 18+ , Gamble responsibly )

– လစဉ်၊အပတ်စဉ်၊နေ့စဉ် ကံစမ်းမဲပေါင်းများစွာနှင့် Bonusများစွာ
– ၂၄နာရီပတ်လုံး Customer များ၏ မေးမြန်းချက်များကို ဖြေရှင်းပေးမည့် CustomerServicesTeam
Viber No => 09 969 710 910

Shwe Casino Facebook Page Link => https://bit.ly/3AQZRVp
Shwe Casino App Download Link => https://bit.ly/3k41mc4
zawgyi






