ရာသီသစ် ဂျူဗင်တပ်အသင်း အိမ်ကွင်းဝတ်စုံသစ်ကို ကြော်ငြာမှာ ထပ်ပြီး ပါဝင်လာတဲ့ မေမြတ်နိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဥရောပနာမည်ကြီးကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ အပေါ်ဝတ် ဂျက်ကတ် ကြော်ငြာကို

အခြားနာမည်ကျော် မော်ဒယ်တွေနဲ့အတူ ရိုက်ကူးပေးခဲ့တဲ့ မြန်မာမော်ဒယ် မေမြတ်နိုးဟာ အခုအခါမှာလည်း လာမယ့် ၂၀၂၁-၂၂

ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း ဝတ်ဆင်မယ့် အိမ်ကွင်းဂျာစီသစ် Player Version ကို ဝတ်ဆင်ပြီး ကြော်ငြာရိုက်ကူးပေးခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ ဂျာစီအကျီကို ဝတ်ဆင်ထားတဲ့ မေမြတ်နိုးရဲ့ ပုံတွေကို ဂျူဗင်တပ်အသင်း ဝဘ်ဆိုဒ်မှာလည်း တင်ထားခဲ့တာတွေ့ရပါတယ်။

မေမြတ်နိုးဟာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ၂၀၁၄ ခုနှစ်က တောင်ကိုးရီးယားနိုင်ငံမှာ နိုင်ငံတကာပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့နောက်ပိုင်းမှာ Asia Next Top Model မှာ နာမည်ကျော်ကြားခဲ့တာပါ။

သူမရဲ့ ညိုဖျော့ဖျော့ အသားအရည်နဲ့ သွယ်လျမြင့်စွင့်တဲ့ အရပ်ကြောင့် နိုင်ငံတကာက မော်ဒယ်တွေအကြားမှာ ထင်ပေါ်သလို သူမရဲ့ ကိုယ်ပိုင် Talent အရည်အချင်းတွေကြောင့်လည်း ကြေငြာအများအပြား ရိုက်ကူးနေရသူဖြစ်ပါတယ်။

ဒါပေမယ့် မေမြတ်နိုးရဲ့ ဂျူဗင်တပ်အသင်းရဲ့ ပထမကြော်ငြာဖြစ်တဲ့ အပေါ်ဝတ်ဂျတ်ကတ်ကြော်ငြာမှာ မြန်မာနိုင်ငံ ပရိသတ်အချို့က ဂျင်းအဖြစ် ထင်ကြေးပေး မှတ်ချက်ပြု ပြောဆိုခဲ့ကြတာကို စိတ်မကောင်းစရာ တွေ့မြင်ခဲ့ရပါတယ်။

မေမြတ်နိုးဟာ Asia Next Top Model နဲ့ အပြင် အခြား နာမည်ကြီး အေဂျင်စီတွေနဲ့ စာချုပ်ချုပ်ပြီး ကြော်ငြာရိုက်ကူးရေးတွေ ပြုလုပ်နေတဲ့သူလည်း ဖြစ်ပါတယ်။

သူမရဲ့ ကြော်ငြာအေဂျင်စီတွေက ပြည်ပအခြေစိုက်တွေဖြစ်ပြီး သူမရိုက်ကူးရတဲ့ ကြော်ငြာတွေကလည်း နိုင်ငံတကာ ကုန်ပစ္စည်းတွေဖြစ်တဲ့အတွက် ပြည်တွင်းက ပရီသတ်အများစုက သိပ်သတိမထားမိခဲ့ကြတာလည်း ဖြစ်ပါတယ်။

လူမှုဆက်ဆံရေး ကောင်းသလို နိုင်ငံံ့အရေးမှာလည်း တာဝန်ကျေတဲ့ မေမြတ်နိုးဟာ ဂျူဗင်တပ်အသင်းရဲ့ နောက်ရာသီ အဝေးကွင်းဂျာစီကြော်ငြာမှာလည်း ပါဝင်လာဖို့ များနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရာသီသစ္ ဂ်ဴဗင္တပ္အသင္း အိမ္ကြင္းဝတ္စုံသစ္ကို ေၾကာ္ျငာမွာ ထပ္ၿပီး ပါဝင္လာတဲ့ ေမျမတ္ႏိုး

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ဥေရာပနာမည္ႀကီးကလပ္အသင္းျဖစ္တဲ့ ဂ်ဴဗင္တပ္အသင္းရဲ႕ အေပၚဝတ္ဂ်က္ကတ္ ေၾကာ္ျငာကို အျခားနာမည္ေက်ာ္ ေမာ္ဒယ္ေတြနဲ႔အတူ ႐ိုက္ကူးေပးခဲ့တဲ့ ျမန္မာေမာ္ဒယ္ ေမျမတ္ႏိုးဟာ အခုအခါမွာလည္း လာမယ့္ ၂၀၂၁-၂၂ ေဘာလုံးရာသီမွာ ဂ်ဴဗင္တပ္အသင္း ဝတ္ဆင္မယ့္ အိမ္ကြင္းဂ်ာစီသစ္ Player Version ကို ဝတ္ဆင္ၿပီး ေၾကာ္ျငာ႐ိုက္ကူးေပးခဲ့ပါတယ္။ ဂ်ဴဗင္တပ္အသင္းရဲ႕ ဂ်ာစီအက်ီကို ဝတ္ဆင္ထားတဲ့ ေမျမတ္ႏိုးရဲ႕ ပုံေတြကို ဂ်ဴဗင္တပ္အသင္း ဝဘ္ဆိုဒ္မွာလည္း တင္ထားခဲ့တာေတြ႕ရပါတယ္။

ေမျမတ္ႏိုးဟာ ျမန္မာႏိုင္ငံကိုယ္စားျပဳၿပီး ၂၀၁၄ ခုႏွစ္က ေတာင္ကိုးရီးယားႏိုင္ငံမွာ ႏိုင္ငံတကာၿပိဳင္ပြဲကို သြားေရာက္ ယွဥ္ၿပိဳင္ခဲ့တဲ့ေနာက္ပိုင္းမွာ Asia Next Top Model မွာ နာမည္ေက်ာ္ၾကားခဲ့တာပါ။ သူမရဲ႕ ညိဳေဖ်ာ့ေဖ်ာ့ အသားအရည္နဲ႔ သြယ္လ်ျမင့္စြင့္တဲ့ အရပ္ေၾကာင့္ ႏိုင္ငံတကာက ေမာ္ဒယ္ေတြအၾကားမွာ ထင္ေပၚသလို သူမရဲ႕ ကိုယ္ပိုင္ Talent အရည္အခ်င္းေတြေၾကာင့္လည္း ေၾကျငာအမ်ားအျပား ႐ိုက္ကူးေနရသူျဖစ္ပါတယ္။

ဒါေပမယ့္ ေမျမတ္ႏိုးရဲ႕ ဂ်ဴဗင္တပ္အသင္းရဲ႕ ပထမေၾကာ္ျငာျဖစ္တဲ့ အေပၚဝတ္ဂ်တ္ကတ္ေၾကာ္ျငာမွာ ျမန္မာႏိုင္ငံ ပရိသတ္အခ်ိဳ႕က ဂ်င္းအျဖစ္ ထင္ေၾကးေပး မွတ္ခ်က္ျပဳ ေျပာဆိုခဲ့ၾကတာကို စိတ္မေကာင္းစရာ ေတြ႕ျမင္ခဲ့ရပါတယ္။

ေမျမတ္ႏိုးဟာ Asia Next Top Model နဲ႔ အျပင္ အျခား နာမည္ႀကီး ေအဂ်င္စီေတြနဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီး ေၾကာ္ျငာ႐ိုက္ကူးေရးေတြ ျပဳလုပ္ေနတဲ့သူလည္း ျဖစ္ပါတယ္။ သူမရဲ႕ ေၾကာ္ျငာေအဂ်င္စီေတြက ျပည္ပအေျခစိုက္ေတြျဖစ္ၿပီး သူမ႐ိုက္ကူးရတဲ့ ေၾကာ္ျငာေတြကလည္း ႏိုင္ငံတကာ ကုန္ပစၥည္းေတြျဖစ္တဲ့အတြက္ ျပည္တြင္းက ပရီသတ္အမ်ားစုက သိပ္သတိမထားမိခဲ့ၾကတာလည္း ျဖစ္ပါတယ္။ လူမႈဆက္ဆံေရး ေကာင္းသလို ႏိုင္ငံံ့အေရးမွာလည္း တာဝန္ေက်တဲ့ ေမျမတ္ႏိုးဟာ ဂ်ဴဗင္တပ္အသင္းရဲ႕ ေနာက္ရာသီ အေဝးကြင္းဂ်ာစီေၾကာ္ျငာမွာလည္း ပါဝင္လာဖို႔ မ်ားေနပါတယ္။