ရာသီသစ္အတြက္ အစိမး္ရင့္ေရာင္တတိယအက်ၤီကုိ မိတ္ဆက္လုိက္တဲ့ ရီးရဲလ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ ရာသီသစ္မွာ ၀တ္ဆင္ကစားမယ့္ တတိယအက်ၤီကို သူတို႔ရဲ႕တရား၀င္ကလပ္၀က္ဘ္ဆိုဒ္ကေန မိတ္ဆက္လုိက္ပါတယ္။ ဒီအက်ၤီသစ္မိတ္ဆက္မႈမွာ ဘင္ဇီမာ၊မာဆယ္လို၊မိုဒရစ္၊တိုနီခရူးစ္နဲ႔အတူ အေျပာင္းအေရႊ႕သတင္းေတြထြက္ေပၚေနတဲ့ ဂါရတ္ေဘးလ္ရဲ႕၀တ္ဆင္ျပသပုံလည္း ပါ၀င္ခဲ့ပါတယ္။ ဒါေပမဲ့ ဟာဇတ္တို႔လည္း ထပ္မံပါလာတဲ့ ၀တ္စုံသစ္ဗီဒီယိုမွာေတာ့ ၃၀ အရြယ္ဂါရတ္ေဘးလ္ဟာ ပါ၀င္လာျခင္း မရွိေတာ့ပါဘူး။

photo-real madrid

ရီးရဲလ္ရဲ႕ဒီတတိယ၀တ္စုံသစ္ကို ၀တ္စုံစပြန္ဆာေပးထားတဲ့ Adidas ကပဲ ဒီဇိုင္းဖန္တီးခ်ဳပ္လုပ္ေပးထားတာပါ။ အစိမး္ရင့္ေရာင္ကိုအသုံးျပဳထားၿပီး တီထြင္ဆန္းသစ္မႈကို အားေပးတဲ့ဒီဇိိုင္မ်ိဳးျဖစ္ကာ အက်ၤီေကာ္လံကေတာ့ ေခတ္ေဟာင္းဟာ လူႀကိဳက္မ်ားခဲ့တဲ့ V ပုံစံျဖစ္ပါတယ္္။

photo-real madrid

ဒါ့အျပင္ ရီးရဲလ္ရဲ႕ဒီအက်ၤီသစ္မွာ CLIMACHILL နည္းပညာကိုလည္း အသုံးျပဳထားပါတယ္။ အဲဒီနည္းပညာက ကစားသမားရဲ႕ေခၽြးကို စုပ္ယူႏိုင္စြမ္းရွိပါတယ္။ ရီးရဲလ္ရဲ႕ဒီ၀တ္စုံကို အသငး္ရဲ႕တရား၀င္၀က္ဘ္ဆိုဒ္မွာ ၆၉.၉၅ ေပါင္နဲ႔ ၀ယ္ယူႏိုင္ပါတယ္။

[Unicode]

ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာသီသစ်မှာ ဝတ်ဆင်ကစားမယ့် တတိယအင်္ကျီကို သူတို့ရဲ့တရားဝင်ကလပ်ဝက်ဘ်ဆိုဒ်ကနေ မိတ်ဆက်လိုက်ပါတယ်။ ဒီအင်္ကျီသစ်မိတ်ဆက်မှုမှာ ဘင်ဇီမာ၊မာဆယ်လို၊မိုဒရစ်၊တိုနီခရူးစ်နဲ့အတူ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေတဲ့ ဂါရတ်ဘေးလ်ရဲ့ဝတ်ဆင်ပြသပုံလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဟာဇတ်တို့လည်း ထပ်မံပါလာတဲ့ ဝတ်စုံသစ်ဗီဒီယိုမှာတော့ ၃၀ အရွယ်ဂါရတ်ဘေးလ်ဟာ ပါဝင်လာခြင်း မရှိတော့ပါဘူး။

ရီးရဲလ်ရဲ့ဒီတတိယဝတ်စုံသစ်ကို ဝတ်စုံစပွန်ဆာပေးထားတဲ့ Adidas ကပဲ ဒီဇိုင်းဖန်တီးချုပ်လုပ်ပေးထားတာပါ။ အစိမ်းရင့်ရောင်ကိုအသုံးပြုထားပြီး တီထွင်ဆန်းသစ်မှုကို အားပေးတဲ့ဒီဇိုင်မျိုးဖြစ်ကာ အင်္ကျီကော်လံကတော့ ခေတ်ဟောင်းဟာ လူကြိုက်များခဲ့တဲ့ V ပုံစံဖြစ်ပါတယ်။

ဒါ့အပြင် ရီးရဲလ်ရဲ့ဒီအင်္ကျီသစ်မှာ CLIMACHILL နည်းပညာကိုလည်း အသုံးပြုထားပါတယ်။ အဲဒီနည်းပညာက ကစားသမားရဲ့ချွေးကို စုပ်ယူနိုင်စွမ်းရှိပါတယ်။ ရီးရဲလ်ရဲ့ဒီဝတ်စုံကို အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုဒ်မှာ ၆၉.၉၅ ပေါင်နဲ့ ဝယ်ယူနိုင်ပါတယ်။