





အင်္ဂလန်ဟာ ရပ်ရှ်ဖို့ဒ် နဲ့ ဖိုဒန်တို့ရဲ့သွင်းဂိုးများဖြင့် ဝေးလ်စ်ကို ၃-၀ နဲ့
အနိုင်ရရှိပြီး အုပ်စုဗိုလ်အဖြစ် ကမ္ဘာ့ဖလားရှုံးထွက်အဆင့်သို့





တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်အသင်းတိုက်စစ်မှူး
ရပ်ရှ်ဖို့ဒ်ဟာ ဝေးလ်စ်အသင်းနှင့်ပွဲတွင် ပွဲထွက်ကစားသမား အဖြစ်
ပါဝင်နိုင်ခဲ့သလို သွင်းဂိုး နှစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။





ရပ်ရှ်ဖို့ဒ်ဟာလက်ရှိကမ္ဘာ့ဖလားတွင် သွင်းဂိုး သုံးဂိုးရရှိထားပြီး
ကမ္ဘာ့ဖလား ဂိုးသွင်းသူများစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသလို





ကမ္ဘာ့ဖလားရွှေဖိနပ်ဆုအတွက်လည်း ရေပန်းစားလာခဲ့ပါတယ်။
အင်္ဂလန် ၃-၀ ဝေးလ်စ် ပွဲစဉ်အပြီးမှာတော့ အင်္ဂလန်နည်းပြချုပ်
ဆောက်ဂိတ်ကရပ်ရှ်ဖို့ဒ်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်ဟာ





အရင်ထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်လာပြီလို့လည်း ဆိုလာပါတယ်။
ဆောက်ဂိတ်က “အခုလို ခြေစွမ်းပြနိုင်ဖို့ အတွက် ရပ်ရှ်ဖို့ဒ်က





စိန်ခေါ်မှုတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ ကျွန်တော်က ဒီနှစ်ရာသီ
မစခင်မှာ သူ့ဆီကို သွားပြီး အချိန်အကြာကြီး စကားပြောဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ သူက သူ့ရဲ့ ခြေစွမ်းတွေ တိုးတက်လာအောင်





ဘာတွေလုပ်ရမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိနေခဲ့ပါတယ်။
အခုချိန်မှာတော့ သူက သူ့ရဲ့ ကလပ်နဲ့အတူ ခြေစွမ်းကောင်းတွေ





ပြသထားနိုင်သလို ကျွန်တော်တို့နဲ့အတူ ရှိနေတဲ့ လေ့ကျင့်ရေးကွင်းမှာလည်း
သူ့ရဲ့ အရည်အသွေးတွေကို ကောင်းကောင်းကြီး သက်သေပြထားနိုင်ပါတယ်။
ကျွန်တော်တို့က ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ မြင်ခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်နဲ့ မတူတဲ့





ရပ်ရှ်ဖို့ဒ်ကို ရထားတာပါ။ ဒီနေ့ပွဲမှာဆိုလည်း ရပ်ရှ်ဖို့ဒ်က ပထမပိုင်းမှာသာ
မှန်ကန်တဲ့ နေရာတွေဆီ ရောက်ခဲ့ရင် ဟက်ထရစ်တောင်





သွင်းယူနိုင်တဲ့ အနေအထားမျိုးပါ။ ” လို့ ချီးကျူးစကား ပြောကြားသွားခဲ့တာပါ။
zawgyi





ရာသီမစခင္ ရပ္ရွ္ဖို႔ဒ္ကို ေတြ႕ၿပီး ျပဳျပင္ေပးခဲ့လို႔ေျခစြမ္းတက္လာတာလို႔ ေဆာက္ဂိတ္ ဆို
အဂၤလန္ဟာ ရပ္ရွ္ဖို႔ဒ္ နဲ႔ ဖိုဒန္တို႔ရဲ႕သြင္းဂိုးမ်ားျဖင့္ ေဝးလ္စ္ကို ၃-၀ နဲ႔





အႏိုင္ရရွိၿပီး အုပ္စုဗိုလ္အျဖစ္ ကမာၻ႔ဖလားရႈံးထြက္အဆင့္သို႔
တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းတိုက္စစ္မႉး
ရပ္ရွ္ဖို႔ဒ္ဟာ ေဝးလ္စ္အသင္းႏွင့္ပြဲတြင္ ပြဲထြက္ကစားသမား အျဖစ္





ပါဝင္ႏိုင္ခဲ့သလို သြင္းဂိုး ႏွစ္ဂိုးလည္း သြင္းယူႏိုင္ခဲ့ပါတယ္။
ရပ္ရွ္ဖို႔ဒ္ဟာလက္ရွိကမာၻ႔ဖလားတြင္ သြင္းဂိုး သုံးဂိုးရရွိထားၿပီး





ကမာၻ႔ဖလား ဂိုးသြင္းသူမ်ားစာရင္းတြင္ ထိပ္ဆုံးမွ ရပ္တည္ေနသလို
ကမာၻ႔ဖလားေ႐ႊဖိနပ္ဆုအတြက္လည္း ေရပန္းစားလာခဲ့ပါတယ္။
အဂၤလန္ ၃-၀ ေဝးလ္စ္ ပြဲစဥ္အၿပီးမွာေတာ့ အဂၤလန္နည္းျပခ်ဳပ္





ေဆာက္ဂိတ္ကရပ္ရွ္ဖို႔ဒ္ကို ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ၿပီး ရပ္ရွ္ဖို႔ဒ္ဟာ
အရင္ထက္ ပိုေကာင္းတဲ့ ကစားသမား ျဖစ္လာၿပီလို႔လည္း ဆိုလာပါတယ္။





ေဆာက္ဂိတ္က “အခုလို ေျခစြမ္းျပႏိုင္ဖို႔ အတြက္ ရပ္ရွ္ဖို႔ဒ္က
စိန္ေခၚမႈေတြကို ေက်ာ္ျဖတ္ခဲ့ရပါတယ္။ ကြၽန္ေတာ္က ဒီႏွစ္ရာသီ
မစခင္မွာ သူ႔ဆီကို သြားၿပီး အခ်ိန္အၾကာႀကီး စကားေျပာျဖစ္ခဲ့ပါတယ္။





အဲဒီအခ်ိန္မွာ သူက သူ႔ရဲ႕ ေျခစြမ္းေတြ တိုးတက္လာေအာင္
ဘာေတြလုပ္ရမလဲ ဆိုတာကို ရွင္းရွင္းလင္းလင္း သိေနခဲ့ပါတယ္။





အခုခ်ိန္မွာေတာ့ သူက သူ႔ရဲ႕ ကလပ္နဲ႔အတူ ေျခစြမ္းေကာင္းေတြ
ျပသထားႏိုင္သလို ကြၽန္ေတာ္တို႔နဲ႔အတူ ရွိေနတဲ့ ေလ့က်င့္ေရးကြင္းမွာလည္း
သူ႔ရဲ႕ အရည္အေသြးေတြကို ေကာင္းေကာင္းႀကီး သက္ေသျပထားႏိုင္ပါတယ္။





ကြၽန္ေတာ္တို႔က ၿပီးခဲ့တဲ့ ယူ႐ိုၿပိဳင္ပြဲမွာ ျမင္ခဲ့ရတဲ့ ရပ္ရွ္ဖို႔ဒ္နဲ႔ မတူတဲ့
ရပ္ရွ္ဖို႔ဒ္ကို ရထားတာပါ။ ဒီေန႔ပြဲမွာဆိုလည္း ရပ္ရွ္ဖို႔ဒ္က ပထမပိုင္းမွာသာ





မွန္ကန္တဲ့ ေနရာေတြဆီ ေရာက္ခဲ့ရင္ ဟက္ထရစ္ေတာင္
သြင္းယူႏိုင္တဲ့ အေနအထားမ်ိဳးပါ။ ” လို႔ ခ်ီးက်ဴးစကား ေျပာၾကားသြားခဲ့တာပါ။