ရာသီကုန်အထိနားရမယ့် ၃ ဦးမြောက်လီဗာပူးနောက်ခံလူဖြစ်လာတဲ့ မာတစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်း ဗဟိုနောက်ခံလူ ဂျိုရယ်မာတစ် ဟာဒဏ်ရာပြဿနာကြောင့်ရာသီကုန်ချိန်အထိ အနားယူရ တော့မှာဖြစ်ကြောင်း သိရပါတယ်။ မာတစ်ဟာ ဒဏ်ရာပြန်မကြာသေးခင်ကမှ ဒဏ်ရာကနေပြန်ကောင်းလာ တာဖြစ်ပြီး စပါးကို ၃-၁ နဲ့နိုင်တဲ့ပွဲမှာ ခြေချင်းဝတ်အရွတ်ဒဏ်ရာရရှိခဲ့ပါတယ်။ သူ့ဒဏ်ရာကို စကန်ဖတ်ကာ စစ်ဆေးခဲ့ပြီးနောက် ရေရှည်အနားယူရမှာဖြစ်လို့ ဒီရာသီမှာ ပြန်ကစားနိုင်တော့မှာမဟုတ်ပါဘူး။

လက်ရှိမှာ ဦးစားပေးဗဟိုနောက်ခံလူတွေဖြစ်တဲ့ ဗန်ဒစ်ချ်နဲ့ ဂျိုးဂိုမက်ဇ် တို့ဟာဒဏ်ရာပြဿနာတွေကြောင့် ရေရှည်အ နားယူနေရသူတွေဖြစ်ပြီး ရာသီကုန်ချိန်အထိ အနားယူရဖို့ရှိနေပါတယ်။ ဒါကြောင့် မာတစ်ဟာဒီရာသီမှာ ရာသီကုန်ချိန်အထိနားရမယ့် တတိယမြောက် လီဗာပူးဗဟိုနောက်ခံလူဖြစ်လာပါတယ်။ သူဟာ စပါးက ဆွန်ဟောင်မင်နဲ့ ထိခိုက်မိပြီး ဒဏ်ရာရသွားတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်က ပရက်စတန်နောက်ခံလူ ဘင်ဒါးဗီးစ်နဲ့ ရှော်ကေးနောက် ခံလူ အိုဇန်ခဘက် တို့ကိုခေါ်ယူထားခဲ့ပေမယ့် မာတစ် ထပ်ပြီးအနားယူရခြင်းကြောင့် သူတို့ရဲ့ခေါ်ယူမှုက အားဖြည့်သလို မဖြစ်ဘဲလူစားထိုးရတဲ့ သဘောမျိုးသာဖြစ်သွားခဲ့တယ်လို့ ဆိုကြပါတယ်။ မာတစ်ဟာ လာမယ့် ၂၀၂၁-၂၂ ဘောလုံးရာသီအစပိုင်းကိုတောင် လွဲချော်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

မာတစ်နဲ့ ပတ်သက်ပြီး နည်းပြ ကလော့ပ်က”ကံမကောင်းအကြောင်းမလှတော့လည်း မာတစ်က ရာသီကုန်တဲ့အထိနားရမယ်ဆိုတာ ကျွန်တော်တို့ ဒီကနေ့ဘဲသိလိုက်ရပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ လာမယ့်ရာသီသစ်မှာ အကောင်းဆုံးကြံ့ခိုင် မှုပိုင်းနဲ့ ပြန်လာနိုင်မယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်။ သူဟာ ဒီရာသီမှာကြံ့ခိုင်မှုပိုင်း ရာနှုန်းပြည့်မရှိတာတောင်မှ အသင်းအတွက်ဆိုတဲ့ စိတ်ဓါတ်နဲ့ ကစားပေးခဲ့တဲ့သူပါ” လို့ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ ဂျပန်တိုက်စစ်မှူး မီနာမီနိုကိုလည်းဆောက်သမ်တန်အသင်းဆီ ရာသီကုန်ချိန်အထိ အငှားပို့ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။ ဆောက်သမ်တန်ဟာ မီနာမီနို ကိုခေါ်ဖို့အတွက် ဈေးကွက်ပိတ်မယ့်ည ၁၁ နာရီကျမှ လီဗာပူးကိုဆက်သွယ်ခဲ့တာဖြစ်ပြီး မနက် ၁ နာရီလောက်မှာ သူ့အပြောင်းအရွှေ့ကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရာသီကုန္အထိနားရမယ့္ ၃ ဦးေျမာက္လီဗာပူးေနာက္ခံလူျဖစ္လာတဲ့ မာတစ္

လီဗာပူးအသင္း ဗဟိုေနာက္ခံလူ ဂ်ိဳရယ္မာတစ္ဟာ ဒဏ္ရာျပႆနာေၾကာင့္ ရာသီကုန္ခ်ိန္အထိ အနားယူရ ေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။ မာတစ္ဟာ ဒဏ္ရာျပန္မၾကာေသးခင္ကမွ ဒဏ္ရာကေနျပန္ေကာင္းလာတာျဖစ္ၿပီး စပါးကို ၃-၁ နဲ႔ႏိုင္တဲ့ပြဲမွာ ေျခခ်င္းဝတ္အ႐ြတ္ဒဏ္ရာရရွိခဲ့ပါတယ္။ သူ႔ဒဏ္ရာကို စကန္ဖတ္ကာ စစ္ေဆးခဲ့ၿပီးေနာက္ ေရရွည္အနားယူရမွာျဖစ္လို႔ ဒီရာသီမွာ ျပန္ကစားႏိုင္ေတာ့မွာမဟုတ္ပါဘူး။

လက္ရွိမွာ ဦးစားေပးဗဟိုေနာက္ခံလူေတြျဖစ္တဲ့ ဗန္ဒစ္ခ်္နဲ႔ ဂ်ိဳးဂိုမက္ဇ္ တို႔ဟာဒဏ္ရာျပႆနာေတြေၾကာင့္ ေရရွည္အနားယူေနရသူေတြျဖစ္ၿပီး ရာသီကုန္ခ်ိန္အထိ အနားယူရဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ မာတစ္ဟာဒီရာသီမွာ ရာသီကုန္ခ်ိန္အထိနားရမယ့္ တတိယေျမာက္ လီဗာပူးဗဟိုေနာက္ခံလူျဖစ္လာပါတယ္။ သူဟာ စပါးက ဆြန္ ေဟာင္မင္နဲ႔ ထိခိုက္မိၿပီး ဒဏ္ရာရသြားတာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္က ပရက္စတန္ေနာက္ခံလူ ဘင္ဒါးဗီးစ္နဲ႔ ေရွာ္ေကးေနာက္ ခံလူ အိုဇန္ခဘက္ တို႔ကိုေခၚယူထားခဲ့ေပမယ့္ မာတစ္ ထပ္ၿပီးအနားယူရျခင္းေၾကာင့္ သူတို႔ရဲ႕ေခၚယူမႈက အား ျဖည့္သလို မျဖစ္ဘဲလူစားထိုးရတဲ့ သေဘာမ်ိဳးသာျဖစ္သြားခဲ့တယ္လို႔ ဆိုၾကပါတယ္။ မာတစ္ဟာ လာမယ့္ ၂၀၂၁-၂၂ ေဘာလုံးရာသီအစပိုင္းကိုေတာင္ လြဲေခ်ာ္ဖို႔ရွိတယ္လို႔လည္း ဆိုပါတယ္။

မာတစ္နဲ႔ ပတ္သက္ၿပီး နည္းျပ ကေလာ့ပ္က”ကံမေကာင္းအေၾကာင္းမလွေတာ့လည္း မာတစ္က ရာသီကုန္တဲ့အထိနားရမယ္ဆိုတာ ကြၽန္ေတာ္တို႔ ဒီကေန႔ဘဲသိလိုက္ရပါတယ္။ ဒါေပမယ့္ သူ႔အေနနဲ႔ လာမယ့္ရာသီသစ္မွာ အေကာင္းဆုံးႀကံ့ခိုင္ မႈပိုင္းနဲ႔ ျပန္လာႏိုင္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ထားပါတယ္။ သူဟာ ဒီရာသီမွာႀကံ့ခိုင္မႈပိုင္း ရာႏႈန္းျပည့္မရွိ တာေတာင္မွ အသင္းအတြက္ဆိုတဲ့ စိတ္ဓါတ္နဲ႔ ကစားေပးခဲ့တဲ့သူပါ” လို႔ေျပာသြားပါတယ္။

လီဗာပူးအသင္းဟာ ဂ်ပန္တိုက္စစ္မႉး မီနာမီႏို ကိုလည္းေဆာက္သမ္တန္အသင္းဆီ ရာသီကုန္ခ်ိန္အထိ အငွားပို႔ေဆာင္ခဲ့ေၾကာင္းလည္း သိရပါတယ္။ ေဆာက္သမ္တန္ဟာ မီနာမီႏိုကိုေခၚဖို႔အတြက္ ေဈးကြက္ပိတ္မယ့္ ည ၁၁ နာရီက်မွ လီဗာပူးကိုဆက္သြယ္ခဲ့တာျဖစ္ၿပီး မနက္ ၁ နာရီေလာက္မွာ သူ႔အေျပာင္းအေ႐ႊ႕ကို အတည္ျပဳႏိုင္ခဲ့တာျဖစ္ပါတယ္။