ရာသီကုန်ရင် စာချုပ်ပြည့်မယ့် တာဟစ်ချောင်ကို ဂျူ ဗင်တပ်စိတ်ဝင်စားနေပြန်

Photo- Internet
Photo- Internet

ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူရာမှာ နာမည်ကြီးနေတဲ့ ဂျူ ဗင်တပ်အသင်းဟာ အခုရာသီကုန်ရင် မန်ယူနဲ့စာချုပ်သက်တမ်းပြည့်တော့မယ့် တောင်ပံကစားသမား တာဟစ်ချောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သူဟာ မန်ယူနဲ့စာချုပ်သစ်သဘောတူညီချက် ရဖို့ အလှမ်းဝေးနေတာကလည်း ဂျူ ဗင်တပ်ကို အခွင့်အရေးရစေမယ်လို့ ဆိုနေကြပါတယ်။

ဒါဟာ မန်ယူကိုသမိုင်းတစ်ပတ်ပြန်လည်စေတာဖြစ်ပြီး တာဟစ်ချောင်ရဲ့လက်ရှိအခြေအနေဟာ ၂၀၁၂ ကမန်ယူကနေ ဂျူ ဗင်တပ်ကိုအလွတ်ကြေးနဲ့ပြောင်းသွားတဲ့ ပေါ့ဂ်ဘာရဲ့ပုံစံမျိုးကြုံတွေ့နေရတာလို့လည်း သုံးသပ်ကြပါတယ်။ မန်ယူဟာ ၂၀၁၆ မှာ ပေါ့ဂ်ဘာကို ပြန်လည်ဝယ်ယူခဲ့တော့ ပေါင် ၈၉ သန်းတောင်ပေးချေခဲ့ရတာဖြစ်ပါတယ်။

Photo- Internet

ပြီးခဲ့တဲ့ သောကြာနေ့က မန်ယူ ယူ၂၃ အသင်းက စတုတ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲကို ဂျူ ဗင်တပ်အသင်းကိုယ်စားလှယ်တွေ လာရောက်ကြည့်ရှု့ခဲ့ပြီး တာဟစ်ချောင်ကလည်း ခြေစွမ်းပြကာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ဒီရာသီမန်ယူစီနီယာအသင်းကြီးမှာ ၃ ပွဲပါဝင်ကစားထားပါတယ်။

Photo- Internet

အသက် ၁၉ နှစ်သာရှိသေးတဲ့ နယ်သာလန်သား တာဟစ်ချောင်ဟာ မန်ယူကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ လူစာရင်းမှာသူမပါခဲ့တာ ၅ ပွဲတောင်ရှိခဲ့လို့ အနာဂတ်သေချာမှုမရှိတော့သူအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ သူရော မာဆန်ဂရင်းဝုဒ်ပါ ချဲလ်ဆီးနဲ့ပွဲလူစာရင်းမှာ မပါခဲ့ဘဲ Football League Trophy ပွဲအဖြစ် ဒွန်ကက်စတာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ မန်ယူအသင်းမှာသာ ပါခဲ့ရပါတယ်။

Photo- Internet

မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီနဲ့ပွဲမှာ ပါဝင်ခဲ့တဲ့ တာဟစ်ချောင်ကို လက်လွှတ်လိုတဲ့ဆန္ဒမရှိဘဲ ထပ်ပြီးအခွင့်အရေးပေးချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရော့ချ်ဒေးလ်၊ အက်စ်တာနာတို့နဲ့ ပွဲတွေမှာ အဆုံးအဖြတ်ဂိုးတွေသွင်းပေးခဲ့တဲ့ မာဆန်ဂရင်းဝုဒ်ကသာ မန်ယူမှာဆက်နေရဖို့ အခွင့်အရေးပိုရှိနေတယ်လို့ ဆိုနေကြပါတယ်။

Photo- Internet

Zawgyi

ရာသီကုန္ရင္ စာခ်ဳပ္ျပည့္မယ္႔ တာဟစ္ေခ်ာင္ကို ဂ်ဴ ဗင္တပ္စိတ္၀င္စားေနျပန္

ကစားသမားေတြကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူရာမွာ နာမည္ႀကီးေနတဲ႔ ဂ်ဴ ဗင္တပ္အသင္းဟာ အခုရာသီကုန္ရင္ မန္ယူနဲ႔စာခ်ဳပ္သက္တမ္းျပည့္ေတာ႔မယ္႔ ေတာင္ပံကစားသမား တာဟစ္ေခ်ာင္ကို ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။ သူဟာ မန္ယူနဲ႔စာခ်ဳပ္သစ္သေဘာတူညီခ်က္ ရဖို႔ အလွမ္းေ၀းေနတာကလည္း ဂ်ဴ ဗင္တပ္ကို အခြင့္အေရးရေစမယ္လို႔ ဆိုေနၾကပါတယ္။

ဒါဟာ မန္ယူကိုသမိုင္းတစ္ပတ္ျပန္လည္ေစတာျဖစ္ၿပီး တာဟစ္ေခ်ာင္ရဲ႕လက္ရွိအေျခအေနဟာ ၂၀၁၂ ကမန္ယူကေန ဂ်ဴ ဗင္တပ္ကိုအလြတ္ေၾကးနဲ႔ေျပာင္းသြားတဲ႔ ေပါ့ဂ္ဘာရဲ႕ပုံစံမ်ဳိးႀကံဳေတြ႔ေနရတာလို႔လည္း သုံးသပ္ၾကပါတယ္။ မန္ယူဟာ ၂၀၁၆ မွာ ေပါ့ဂ္ဘာကို ျပန္လည္၀ယ္ယူခဲ့ေတာ႔ ေပါင္ ၈၉ သန္းေတာင္ေပးေခ်ခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ႔ ေသာၾကာေန႔က မန္ယူ ယူ၂၃ အသင္းက စတုတ္ကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ႔ပြဲကို ဂ်ဴ ဗင္တပ္အသင္းကိုယ္စားလွယ္ေတြ လာေရာက္ၾကည့္ရႈ႕ခဲ့ၿပီး တာဟစ္ေခ်ာင္ကလည္း ေျခစြမ္းျပကာ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ သူဟာ ဒီရာသီမန္ယူစီနီယာအသင္းႀကီးမွာ ၃ ပြဲပါ၀င္ကစားထားပါတယ္။

အသက္ ၁၉ ႏွစ္သာရွိေသးတဲ႔ နယ္သာလန္သား တာဟစ္ေခ်ာင္ဟာ မန္ယူကစားခဲ့တဲ႔ ေနာက္ဆုံး ၇ ပြဲမွာ လူစာရင္းမွာသူမပါခဲ့တာ ၅ ပြဲေတာင္ရွိခဲ့လို႔ အနာဂတ္ေသခ်ာမႈမရွိေတာ႔သူအျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။ သူေရာ မာဆန္ဂရင္း၀ုဒ္ပါ ခ်ဲလ္ဆီးနဲ႔ပြဲလူစာရင္းမွာ မပါခဲ့ဘဲ Football League Trophy ပြဲအျဖစ္ ဒြန္ကက္စတာနဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ႔ မန္ယူအသင္းမွာသာ ပါခဲ့ရပါတယ္။

မန္ယူနည္းျပ ဆိုးလ္ရွားကေတာ႔ ၿပီးခဲ့တဲ႔ ရာသီက ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ပါ၀င္ခဲ့တဲ႔ တာဟစ္ေခ်ာင္ကို လက္လႊတ္လိုတဲ႔ဆႏၵမရွိဘဲ ထပ္ၿပီးအခြင့္အေရးေပးခ်င္ေနတယ္လို႔ သိရပါတယ္။ ဒါေပမယ္႔ ေရာ႔ခ်္ေဒးလ္၊ အက္စ္တာနာတို႔နဲ႔ ပြဲေတြမွာ အဆုံးအျဖတ္ဂိုးေတြသြင္းေပးခဲ့တဲ႔ မာဆန္ဂရင္း၀ုဒ္ကသာ မန္ယူမွာဆက္ေနရဖို႔ အခြင့္အေရးပိုရွိေနတယ္လို႔ ဆိုေနၾကပါတယ္။