ရာသီကုန်မှာ သူတို့သုံးယောက် ယူနိုက်တက်ကနေပြောင်းတော့မှာလား?

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

အခုရာသီဟာယူနိုက်တက်အတွက်ခက်ခဲတာတွေရှိခဲ့သလို၊ကောင်းတာတွေလည်းရှိခဲ့ပါတယ်။ ကစားသမားအပြောင်းအရွှေ့ကိစ္စမှာတော့ ဖာနန်ဒက်စ်တစ်ယောက်ယူနိုက်တက်ဆီရောက်လာတာဟာ ကောင်းတဲ့ကိစ္စဖြစ်ခဲ့ပါတယ်။ သူ့ကြောင့် ယူနိုက်တက်အောင်မြင်တာတွေရှိသလို၊ ယူနိုက်တက်ကြောင့် လည်းသူ့ရဲ့ဂုဏ်သတင်းပိုမိုကျော်ကြားလာခဲ့ပါတယ်။

photo internet

ဒါပေမယ့် ကစားသမားအပြောင်းအရွှေ့ကိစ္စဟာ ဘယ်တော့မှမပြီးဆုံးနိုင်တဲ့ဇာတ်လမ်းဖြစ်တာကြောင့် အခုရာသီအကုန်မှာ ဘယ်သူတွေယူနိုက်တက်ကို စွန့်ခွာနိုင်ခြေရှိသလဲဆိုတာကိုတင်ဆက်ပေးလိုက်ပါတယ်။ ယူနိုက်တက်နဲ့ခွာပြဲနိုင်တဲ့သတင်းအကြီးဆုံး ကစားသမားကတော့ ပေါ့ဘာပါ။ ပေါ့ဘာဟာယူနိုက်တက်ရဲ့လက်ရှိအခြေအနေေတွေအပေါ်မှာ စိတ်ပျက်နေတာဖြစ်သလို၊ ယူနိုက်တက်ပရိသတ်အများစုကလည်းပေါ့ဘာကို အသင်းမှာမမြင်တွေ့လိုတော့ပါဘူး။ ပေါ့လ်ဘာဟာဒဏ်ရာကြောင့် ကွင်းထဲမဝင်နိုင်ပေမယ့် သူ့ရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာနဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားတို့ခုချိန်ထိ ရန်စောင်နေကြဆဲဖြစ်ပါတယ်။ ပေါလ်ဘာကို လိုချင်တဲ့ အသင်းတွေက များများစားစားရှိပေမယ့် တကယ်တမ်းမှာ ခေါ်ယူနိုင်တဲ့ကလပ်အသင်း ကတော့ အနည်းငယ်သာရှိနေပါတယ်။

photo internet

ပေါလ်ဘာ ရဲ့တန်ကြေးကိုယူနိက်တက်ဖက်က ပေါင်သန်း၁၅၀ သတ်မှတ်ထားတာကြောင့် ဒီပြောင်းရွှေ့ကြေး ကိုပေးချေနိုင်တဲ့ ကလပ်အသင်းဟာ ရီးရဲလ်မက်ဒရစ်၊PSG၊ဘာစီလိုနာ တို့သာရှိပါတယ်။ ပေ့ါဘာရဲ့အေးဂျင့်ဖြစ်သူရိုင်းအိုလာက သူပိုက်ဆံပိုရဖို့အတွက် အသင်းနဲ့ ကစားသမားတွေအကြား အကွက်ရွှေ့တာတွေကိုလုပ်ဆောင်တတ်ပါတယ်။ သူ့အေးဂျင့်ခရဖို့နဲ့ သူ့ကစားသမား အသင်းပြောင်းခွင့်ရဖို့အတွက် ဈေးလျော့အောင် ပြဿနာတွေဖန်တီးပြီး မခံနိုင်တဲ့အဆုံးယူနိက်တက်က လျှော့ဈေးနဲ့ရောင်းအောင် စီစဉ်နေတာလည်းဖြစ်ပါတယ်။နောက်ထပ်ပြောင်းရွှေ့ဖြစ်မယ့် ကစားသမားတစ်ယောက်ကတော့ ဖီးလ်ဂျုံးဖြစ်ပါတယ်။ ဖာဂူဆန်လက်ထက်ဖီးဂျုံးရဲ့နေ့ရက်တွေက ယူနိုက်တက်မှာအတောက်ပဆုံးနေ့ရက်တွေဖြစ်ခဲ့ပါတယ်။

photo internet

ဒါပေမဲ့ဖာဂူဆန်အနားယူပြီးနောက်ပိုင်း ဖီးလ်ဂျုံးရဲ့ အခြေအနေေတွေကတစ်ဖြည်းဖြည်းဆိုးရွားလာနေပြီး၊ ပါဝင်ကစားခွင့်ရတဲ့ ပွဲတိုင်းလိုလို အမှားအယွင်းတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။မတ်ဂွားယား၊ လင်ဒီလော့နဲ့ ဘိုင်လီတို့ရှိနေတဲ့ အခြေအနေမှာ ဖီးလ်ဂျုံးက ယူနိုက်တက်ရဲ့လူပိုတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဖီးလ်ဂျုံးအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်အတွက် မသေချာတော့တဲ့ အခြေအနေမှာ သူ့ရဲ့အနာဂတ်အတွက် ရာသီကုန်မှာ ယူနိုက်တက်ကို စွန့်ခွာသွားဖို့ အလားအလာတွေရှိနေပါတယ်။ အခြေအနေမကောင်းတဲ့နောက်ထပ်ကစားသမားကတော့ လင်ဂတ်ဖြစ်ပါတယ်။

photo internet

သရဲနီသားတွေထဲမှာ လင်ဂတ်တစ်ယောက်လည်း ခြေစွမ်းတော်တော်ပျောက်ဆုံးနေပါတယ်။ တစ်ချိန်က မက်ဆီလင်ဂတ်၊ ခရစ္စတီယာနိုလင်ဂတ် ဆိုပြီးတင်စားခံခဲ့ရတဲ့ လင်ဂတ်ဟာ အခုဆိုရင် ယူနိုက်တက်ရဲ့ အရန်စာရင်းမှာတောင်မပါတော့တဲ့ အထိခြေစွမ်းတွေက ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့ပါတယ်။ အပြောင်းအရွှေ့က သူ့အတွက် အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာနိုင်ဖွယ်ရှိတာကြောင့် လင်ဂတ်တစ်ယောက် ယူနိုက်တက်ကို စွန့်ခွာဖွယ်ရှိနေပါတယ်။

photo internet

နောက်ထပ်အပြောင်းအရွှေ့မှာ ယူနိုက်တက်အနေနဲ့ဘယ်သူတွေကိုခေါ်ယူသင့်သလဲဆိုတာကို ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ ရော်ဘင် ဗန်ပါစီ ကအကြံပြုထားတာရှိပါတယ်။ PSG အသင်း ကနေထွက်ခွာ ဖို့ သတင်း ကြီး နေတဲ့ တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီ ကိုခေါ်ယူသင့်တယ်ဆိုပြီးအကြံပေးထား တာဖြစ်ပါတယ်။ “ကာဗာနီဟာ အရမ်း ကို ကြံ့ခိုင်လှ သလို ခြေစွမ်း တွေကို သက်သေ ပြထား ပြီးသား ဂိုးသွင်းစက် တစ်ခု ပါပဲ ။ သူဟာ အဲ့ဒါတွေကို နာပိုလီ ၊ PSG နဲ့ ဥရုဂွေး အသင်း တွေမှာ သက်သေ ပြထား ခဲ့ ပါတယ်။တကယ်လို့ သူသာ အသင်း မှာ ပွဲထွက် ကစားခွင့် တွေကို အမြဲ ပိုင်ဆိုင် ရမယ် ဆိုရင် တစ် ရာသီ ကို 25 ဂိုး သွင်းယူ ပေးနိုင် မှာပါ ။ သူ ကစားတာ ကျွန်တော် စောင့်ကြည့် ခဲ့ဖူး ပါတယ် ။ ကျွန်တော် သူနဲ့ ပြိုင်ဖက် အဖြစ်လည်း ရင်ဆိုင် ခဲ့ဖူး ပါတယ် ။ သူဟာ တကယ့် ကို ဂိုးသွင်း ကောင်းတဲ့ ကစားသမား တစ်ဦး ပါပဲ ”ဆိုပြီး ဗန်ပါစီကပြောဆိုထားပါတယ်။

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

ရာသီကုန္မွာ သူတို႔သုံးေယာက္ ယူႏိုက္တက္ကေနေျပာင္းေတာ့မွာလား?

အခုရာသီဟာယူႏိုက္တက္အတြက္ခက္ခဲတာေတြရိွခဲ့သလို၊ေကာင္းတာေတြလည္းရိွခဲ့ပါတယ္။ ကစားသမားအေျပာင္းအေရႊ႕ကိစၥမွာေတာ့ ဖာနန္ဒက္စ္တစ္ေယာက္ယူႏိုက္တက္ဆီေရာက္လာတာဟာ ေကာင္းတဲ့ကိစၥျဖစ္ခဲ့ပါတယ္။ သူ႔ေၾကာင့္ ယူႏို္က္တက္ေအာင္ျမင္တာေတြရိွသလို၊ ယူႏိုက္တက္ေၾကာင့္ လည္းသူ႔ရဲ႕ဂုဏ္သတင္းပိုမိုေက်ာ္ၾကားလာခဲ့ပါတယ္။ ဒါေပမယ့္ ကစားသမားအေျပာင္းအေရႊ႕ကိစၥဟာ ဘယ္ေတာ့မွမၿပီးဆုံးႏိုင္တဲ့ဇာတ္လမ္းျဖစ္တာေၾကာင့္ အခုရာသီအကုန္မွာ ဘယ္သူေတြယူႏိုက္တက္ကို စြန္႕ခြာႏိုင္ေျခရိွသလဲဆိုတာကိုတင္ဆက္ေပးလိုက္ပါတယ္။ ယူႏိုက္တက္နဲ႔ခြာၿပဲႏိုင္တဲ့သတင္းအႀကီးဆုံး ကစားသမားကေတာ့ ေပါ့ဘာပါ။ ေပါ့ဘာဟာယူႏိုက္တက္ရဲ႕လက္ရွိအေျခအေနေေတြအေပၚမွာ စိတ္ပ်က္ေနတာျဖစ္သလို၊ ယူနုိက္တက္ပရိသတ္အမ်ားစုကလည္းေပါ့ဘာကို အသင္းမွာမျမင္ေတြ႔လိုေတာ့ပါဘူး။ ေပါ့လ္ဘာဟာဒဏ္ရာေၾကာင့္ ကြင္းထဲမဝင္ႏိုင္ေပမယ့္ သူ႔ရဲ႕အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သက္ၿပီး ေအးဂ်င့္ျဖစ္သူ ႐ြိဳင္းအိုလာနဲ႔ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားတို႔ခုခ်ိန္ထိ ရန္ေစာင္ေနၾကဆဲျဖစ္ပါတယ္။ ေပါလ္ဘာကို လိုခ်င္တဲ့ အသင္းေတြက မ်ားမ်ားစားစားရွိေပမယ့္ တကယ္တမ္းမွာ ေခၚယူႏိုင္တဲ့ကလပ္အသင္း ကေတာ့ အနည္းငယ္သာရွိေနပါတယ္။ ေပါလ္ဘာ ရဲ႕တန္ေၾကးကိုယူနိက္တက္ဖက္က ေပါင္သန္း၁၅၀ သတ္မွတ္ထားတာေၾကာင့္ ဒီေျပာင္းေ႐ႊ႕ေၾကး ကိုေပးေခ်ႏိုင္တဲ့ ကလပ္အသင္းဟာ ရီးရဲလ္မက္ဒရစ္၊PSG၊ဘာစီလိုနာ တို႔သာရွိပါတယ္။ ေပ့ါဘာရဲ႕ေအးဂ်င့္ျဖစ္သူ႐ိုင္းအိုလာက သူပိုက္ဆံပိုရဖို႔အတြက္ အသင္းနဲ႔ ကစားသမားေတြအၾကား အကြက္ေရႊ႕တာေတြကိုလုပ္ေဆာင္တတ္ပါတယ္။ သူ႔ေအးဂ်င့္ခရဖို႔နဲ႔ သူ႔ကစားသမား အသင္းေျပာင္းခြင့္ရဖို႔အတြက္ ေဈးေလ်ာ့ေအာင္ ျပႆနာေတြဖန္တီးၿပီး မခံႏိုင္တဲ့အဆုံးယူနိက္တက္က ေလွ်ာ့ေဈးနဲ႔ေရာင္းေအာင္စီစဥ္ေနတာလည္းျဖစ္ပါတယ္။ေနာက္ထပ္ေျပာင္းေရႊ႕ျဖစ္မယ့္ ကစားသမားတစ္ေယာက္ကေတာ့ ဖီးလ္ဂ်ံဳးျဖစ္ပါတယ္။ ဖာဂူဆန္လက္ထက္ဖီးဂ်ံဳးရဲ႕ေန႔ရက္ေတြက ယူႏုိက္တက္မွာအေတာက္ပဆံုးေန႔ရက္ေတြျဖစ္ခ့ဲပါတယ္။ ဒါေပမ့ဲဖာဂူဆန္အနားယူျပီးေနာက္ပိုင္း ဖီးလ္ဂ်ံဳးရဲ႕ အေျခအေနေေတြကတစ္ျဖည္းျဖည္းဆိုးရြားလာေနျပီး၊ ပါ၀င္ကစားခြင့္ရတ့ဲ ပြဲတိုင္းလိုလို အမွားအယြင္းေတြျပဳလုပ္ေနခ့ဲတာျဖစ္ပါတယ္။
မတ္ဂြားယား၊ လင္ဒီေလာ့နဲ႔ ဘိုင္လီတို႔ရွိေနတ့ဲ အေျခအေနမွာ ဖီးလ္ဂ်ံဳးက ယူနိုက္တက္ရဲ႕လူပိုတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ ဖီးလ္ဂ်ံဳးအေနနဲ႔ ပံုမွန္ပြဲထြက္ခြင့္အတြက္ မေသခ်ာေတာ့တ့ဲ အေျခအေနမွာ သူ႔ရဲ႕အနာဂတ္အတြက္ ရာသီကုန္မွာ ယူႏိုက္တက္ကို စြန္႔ခြာသြားဖို႔ အလားအလာေတြရွိေနပါတယ္။ အေျခအေနမေကာင္းတဲ့ေနာက္ထပ္ကစားသမားကေတာ့ လင္ဂတ္ျဖစ္ပါတယ္။ သရဲနီသားေတြထဲမွာ လင္ဂတ္တစ္ေယာက္လည္း ေျခစြမ္းေတာ္ေတာ္ေပ်ာက္ဆုံးေနပါတယ္။ တစ္ခ်ိန္က မက္ဆီလင္ဂတ္၊ ခရစၥတီယာႏိုလင္ဂတ္ ဆိုၿပီးတင္စားခံခ့ဲရတ့ဲ လင္ဂတ္ဟာ အခုဆိုရင္ ယူႏိုက္တက္ရဲ႕ အရန္စာရင္းမွာေတာင္မပါေတာ့တ့ဲ အထိေျခစြမ္းေတြက ေပ်ာက္ျခင္းမလွေပ်ာက္ဆံုးသြားခ့ဲပါတယ္။ အေျပာင္းအေရႊ႕က သူ႔အတြက္ အသစ္တစ္ဖန္ျပန္လည္ေမြးဖြားလာႏိုင္ဖြယ္ရိွတာေၾကာင့္ လင္ဂတ္တစ္ေယာက္ ယူႏိုက္တက္ကို စြန္႔ခြာဖြယ္ရွိေနပါတယ္။
ေနာက္ထပ္အေျပာင္းအေရႊ႕မွာ ယူႏိုက္တက္အေနနဲ႔ဘယ္သူေတြကိုေခၚယူသင့္သလဲဆိုတာကို ယူႏိုက္တက္ အသင္း ရဲ႕ တိုက္စစ္မႉး ေဟာင္း ျဖစ္သူ ေရာ္ဘင္ ဗန္ပါစီ ကအႀကံျပဳထားတာရိွပါတယ္။ PSG အသင္း ကေနထြက္ခြာ ဖို႔ သတင္း ႀကီး ေနတဲ့ တိုက္စစ္မႉး အီဒင္ဆန္ ကာဗာနီ ကိုေခၚယူသင့္တယ္ဆိုၿပီးအႀကံေပးထား တာျဖစ္ပါတယ္။ “ကာဗာနီဟာ အရမ္း ကို ႀကံ့ခိုင္လွ သလို ေျခစြမ္း ေတြကို သက္ေသ ျပထား ၿပီးသား ဂိုးသြင္းစက္ တစ္ခု ပါပဲ ။ သူဟာ အဲ့ဒါေတြကို နာပိုလီ ၊ PSG နဲ႔ ဥ႐ုေဂြး အသင္း ေတြမွာ သက္ေသ ျပထား ခဲ့ ပါတယ္။တကယ္လို႔ သူသာ အသင္း မွာ ပြဲထြက္ ကစားခြင့္ ေတြကို အၿမဲ ပိုင္ဆိုင္ ရမယ္ ဆိုရင္ တစ္ ရာသီ ကို 25 ဂိုး သြင္းယူ ေပးႏိုင္ မွာပါ ။ သူ ကစားတာ ကြၽန္ေတာ္ ေစာင့္ၾကည့္ ခဲ့ဖူး ပါတယ္ ။ ကြၽန္ေတာ္ သူနဲ႔ ၿပိဳင္ဖက္ အျဖစ္လည္း ရင္ဆိုင္ ခဲ့ဖူး ပါတယ္ ။ သူဟာ တကယ့္ ကို ဂိုးသြင္း ေကာင္းတဲ့ ကစားသမား တစ္ဦး ပါပဲ ”ဆိုၿပီး ဗန္ပါစီကေျပာဆုိထားပါတယ္။