
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဗြိတိန်ဘွတ်ကီဒိုင်တွေရဲ့ ရာသီကုန်တန်းဆင်းရမယ့်အသင်းတွေအတွက်အလေးပေးချက်ထဲမှာ ပရီးမီးယားလိဂ်နာမည်ကျော်ကလပ်အာဆင်နယ်အသင်းဟာ တတိယရေပန်းအစားဆုံးအဖြစ် အံ့အားသင့်စရာကောင်းလောက်အောင် ရပ်တည်နေပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ဘရန့်ဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲမှာ (၂-၀)ဂိုးနဲ့မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ပြီး ဒီပွဲက ဘရန့်ဖို့ဒ်အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲဖြစ်ခဲ့ပါတယ်။
အဲဒီပွဲအပြီးမှာ အာဆင်နယ်နည်းပြအာတီတာက “ကျွန်တော်တကယ်စိတ်ပျက်မိပါတယ်။
ဒီလိုပုံစံမျိုးနဲ့ ရာသီသစ်ကို ဖွင့်လှစ်ချင်တာမဟုတ်ပါဘူး။
ပွဲအစပိုင်းမှာ ကျွန်တော်တို့ကစားပုံမကောင်းခဲ့သလို အမှားတစ်ချက်ကြောင့် အဖွင့်ဂိုးပေးလိုက်ရတာပါ။
ပြိုင်ဘက်ခံစစ်ကို ထိုးဖောက်ကစားနိုင်ခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေကို မဖန်တီးနိုင်ခဲ့ပါဘူး။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းခွင့်မဖန်တီးနိုင်ရင်တော့ နိုင်ပွဲရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။
ဘရန့်ဖို့ဒ်နဲ့ပွဲအပြီးမှာ ဘွတ်ကီဒိုင်တွေရဲ့ ရာသီတန်းဆင်းရမယ့်အသင်းတွေအတွက် အလေးပေးချက်မှာ အာဆင်နယ်အသင်းက တတိယရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဗြိတိန်နာမည်ကျော်ဘွတ်ကီဒိုင်တစ်ခုဖြစ်တဲ့ Ladbrokes ရဲ့အလေးပေးချက်မှာ အာဆင်နယ်အသင်းဟာ ၅၀ လေး/၁ လေးကနေ ၂၅ လေး/၁ လေးအထိ ရောက်ရှိနေပြီး
ပရီးမီးယားလိဂ်ကနေ တန်းဆင်းဖို့အသင်းတွေအတွက် လောင်းကြေးရာခိုင်နှုန်းထဲက (၉.၂%)က အာဆင်နယ်ကို လောင်းကြေးတင်နေကြတာဖြစ်ပါတယ်။
Ladbrokes ရဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အဲလက်စ်အပါတီက “အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ထက် တန်းဆင်းရမယ့်အခြေအနေက ပိုများနေပါတယ်။
ထိုးသားအများစုကလည်း အာတီတာရဲ့အာဆင်နယ်အသင်း တန်းဆင်းရမယ့်ဘက်ကနေ လောင်းကြေးတင်နေကြတာပါ”လို့ဆိုခဲ့ပါတယ်။
ဒီရာသီကုန်ကျရင် တန်းဆင်းရဖို့ရှိနေတဲ့အသင်းတွေအတွက် အလေးပေးချက်မှာ အာဆင်နယ်အသင်းထက် လောင်းကြေးရာခိုင်နှုန်းပိုများနေတာက ဆောက်သမ်တန်(၁၂.၂%)နဲ့ ပဲလေ့စ်(၁၁.၆%)တို့ပဲဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနေ့ မြန်မာစံတော်ချိန် ည(၁၀:၀၀)အချိန်မှာ ချယ်လ်ဆီးအသင်းနဲ့ လန်ဒန်ဒါဘီပွဲအဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လာမယ့်တစ်ပတ်ကျရင်တော့ လက်ရှိချန်ပီယံမန်စီးတီးနဲ့အဝေးကွင်းပွဲကျပ်ကစားရမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ရာသီကုန္က်ရင္ တန္းဆင္းဖို႔ေရပန္းစားေနတဲ့အသင္းေတြထဲမွာ အာဆင္နယ္ အံ့အားသင့္စရာပါဝင္ေန
ၿဗိတိန္ဘြတ္ကီဒိုင္ေတြရဲ႕ ရာသီကုန္တန္းဆင္းရမယ့္အသင္းေတြအတြက္အေလးေပးခ်က္ထဲမွာ ပရီးမီးယားလိဂ္နာမည္ေက်ာ္ကလပ္အာဆင္နယ္အသင္းဟာ တတိယေရပန္းအစားဆုံးအျဖစ္ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ရပ္တည္ေနပါတယ္။ အာဆင္နယ္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္အဖြင့္ပြဲအျဖစ္ ဘရန႔္ဖို႔ဒ္နဲ႔ကစားခဲ့တဲ့ပြဲမွာ (၂-၀)ဂိုးနဲ႔မထင္မွတ္ဘဲရႈံးနိမ့္ခဲ့ၿပီး ဒီပြဲက ဘရန႔္ဖို႔ဒ္အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္ ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲျဖစ္ခဲ့ပါတယ္။ အဲဒီပြဲအၿပီးမွာ အာဆင္နယ္နည္းျပအာတီတာက “ကြၽန္ေတာ္တကယ္စိတ္ပ်က္မိပါတယ္။
ဒီလိုပုံစံမ်ိဳးနဲ႔ ရာသီသစ္ကို ဖြင့္လွစ္ခ်င္တာမဟုတ္ပါဘူး။ ပြဲအစပိုင္းမွာ ကြၽန္ေတာ္တို႔ကစားပုံမေကာင္းခဲ့သလို အမွားတစ္ခ်က္ေၾကာင့္ အဖြင့္ဂိုးေပးလိုက္ရတာပါ။ ၿပိဳင္ဘက္ခံစစ္ကို ထိုးေဖာက္ကစားႏိုင္ခဲ့ေပမယ့္ အပိုင္အခြင့္အေရးေတြကို မဖန္တီးႏိုင္ခဲ့ပါဘူး။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ဂိုးသြင္းခြင့္မဖန္တီးႏိုင္ရင္ေတာ့ ႏိုင္ပြဲရဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။ ဘရန႔္ဖို႔ဒ္နဲ႔ပြဲအၿပီးမွာ ဘြတ္ကီဒိုင္ေတြရဲ႕ ရာသီတန္းဆင္းရမယ့္အသင္းေတြအတြက္ အေလးေပးခ်က္မွာ အာဆင္နယ္အသင္းက တတိယေရပန္းအစားဆုံးအျဖစ္ သတ္မွတ္ခံခဲ့ရတာျဖစ္ပါတယ္။
ၿဗိတိန္နာမည္ေက်ာ္ဘြတ္ကီဒိုင္တစ္ခုျဖစ္တဲ့ Ladbrokes ရဲ႕အေလးေပးခ်က္မွာ အာဆင္နယ္အသင္းဟာ ၅၀ ေလး/၁ ေလးကေန ၂၅ ေလး/၁ ေလးအထိ ေရာက္ရွိေနၿပီး ပရီးမီးယားလိဂ္ကေန တန္းဆင္းဖို႔အသင္းေတြအတြက္ ေလာင္းေၾကးရာခိုင္ႏႈန္းထဲက (၉.၂%)က အာဆင္နယ္ကို ေလာင္းေၾကးတင္ေနၾကတာျဖစ္ပါတယ္။ Ladbrokes ရဲ႕တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ အဲလက္စ္အပါတီက “အာဆင္နယ္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ဖို႔ထက္ တန္းဆင္းရမယ့္အေျခအေနက ပိုမ်ားေနပါတယ္။
ထိုးသားအမ်ားစုကလည္း အာတီတာရဲ႕အာဆင္နယ္အသင္း တန္းဆင္းရမယ့္ဘက္ကေန ေလာင္းေၾကးတင္ေနၾကတာပါ”လို႔ဆိုခဲ့ပါတယ္။ ဒီရာသီကုန္က်ရင္ တန္းဆင္းရဖို႔ရွိေနတဲ့အသင္းေတြအတြက္ အေလးေပးခ်က္မွာ အာဆင္နယ္အသင္းထက္ ေလာင္းေၾကးရာခိုင္ႏႈန္းပိုမ်ားေနတာက ေဆာက္သမ္တန္(၁၂.၂%)နဲ႔ ပဲေလ့စ္(၁၁.၆%)တို႔ပဲျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ဒီေန႔ ျမန္မာစံေတာ္ခ်ိန္ ည(၁၀:၀၀)အခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းနဲ႔ လန္ဒန္ဒါဘီပြဲအျဖစ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး လာမယ့္တစ္ပတ္က်ရင္ေတာ့ လက္ရွိခ်န္ပီယံမန္စီးတီးနဲ႔အေဝးကြင္းပြဲက်ပ္ကစားရမွာပါ။