
photo-social media
photo-reuters
လီဗာပူးတိုက်စစ်မှုးဖာမီနိုဟာ ဘယ်လ်ဂျီယံကလပ်ဂျန့်ခ်ကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ ဒီရာသီရဲ့အကောင်းဆုံးဂိုးဖန်တီးမှုတွေထဲက တစ်ခုကို ရတော့မလိုဖြစ်ခဲ့ပါတယ်။ လီဗာပူးအသင်းက ၁-၀ ဂိုးနဲ့ဦးဆောင်ထားနိုင်ချိန် အဲဒီဘရာဇီးသားတိုက်စစ်မှုးဟာ ရာဘိုနာအကွက်နဲ့ တိုက်စစ်ကစားဖော်မာနီရဲ့လမ်းကြောင်းထဲကို ထိုးပေးနိုင်ခဲ့တာဖြစ်ပြီး မာနီက ကန်သွင်းရာမှာ တစ်ဖက်ဂိုးသမားက ကာကွယ်နိုင်ခဲ့တာကြောင့် အကောင်းဆုံးဂိုးဖန်တီးမှုနဲ့ သွင်းဂိုးတစ်ဂိုးကို မမြင်လိုက်ရတာပါ။
photo-social media
ဒါပေမဲ့ ဖာမီနိုရဲ့စကေးကောင်းလွန်းတဲ့ဖန်တီးပေးပို့မှုကတော့ ဆိုရှယ်မီဒီယာထက်မှာ အလေးကို ချီးကျူးခံနေရပါတယ်။ အထူးသဖြင့် လီဗာပူးပရိသတ်တွေက သူတို့ရဲ့အချစ်တော်ကစားသမားအတွက် ချီးကျူးမဆုံးဖြစ်နေကြတာပါ။ ဒီနေရာမှာ ရာဘိုနာအကွက်အကြောင်း အနည်းငယ်ရှင်းပြချင်ပါတယ်။ ရာဘိုနာအကွက်ဆိုတာ ရပ်ထားတဲ့ခြေထောက်တစ်ဖက်နောက်ကနေ နောက်ခြေထောက်တစ်ဖက်နဲ့ လိမ်ယှက်ပြီးကန်တာပါ။ ပြိုင်ဘက်ကစားသမားကို အကြောင်ရိုက်စေနိုင်မယ့်အကွက်ဖြစ်ပါတယ်။ ရာဘိုနာအကွက်ကို ပြိုင်ပွဲအသွင်ပွဲတွေမှာ မာရာဒိုနာ၊ရိုမာရီယို၊ဘက်ဂီယို၊စီရော်နယ်ဒိုနဲ့ရော်နယ်ဒင်ဟိုတို့လို နာမည်ကြီးကစားသမားတွေဟာ မကြာခဏလုပ်ကြပါတယ်။
photo-social media
ဖာမီနိုဟာ လီဗာပူးရဲ့ ၃ ယောက်တွဲတိုက်စစ်မှာ တစ်ကိုယ်ကောင်းမဆန်ဆုံးကစားသမားအဖြစ်လည်း သတ်မှတ်ခံထားရတာပါ။ ဂျန့်ခ်နဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင် ဒီရာသီမှာ ဂိုးဖန်တီးမှု ၆ ကြိမ်တောင် ရှိထားပါတယ်။ ဂျန့်ခ်နဲ့ပွဲမှာ သူပေးတာကို မာနီသာ ဂိုးအဖြစ်ပြောင်းလဲနိုင်ရင် အဲဒါဟာ ဖာမီနိုရဲ့ဒီရာသီအကောင်းဆုံးဂိုးဖန်တီးမှုဖြစ်လာမှာပါ။ သူ့ရဲ့ဘောလုံးစကေးဘယ်လောက်ကောင်းကြောင်းပြန်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
[Zawgyi]
ရာဘိုနာအကြက္နဲ႔ ဒီရာသီရဲ႕အေကာင္းဆုံးဂိုးဖန္တီးမႈကို ရေတာ့မလိုျဖစ္ခဲ့တဲ့ ဖာမီႏို
လီဗာပူးတိုက္စစ္မႈးဖာမီႏုိဟာ ဘယ္လ္ဂ်ီယံကလပ္ဂ်န္႔ခ္ကို ၄-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္အေ၀းကြင္းပြဲစဥ္မွာ ဒီရာသီရဲ႕အေကာင္းဆံုးဂိုးဖန္တီးမႈေတြထဲက တစ္ခုကို ရေတာ့မလိုျဖစ္ခဲ့ပါတယ္။ လီဗာပူးအသင္းက ၁-၀ ဂိုးနဲ႔ဦးေဆာင္ထားႏိုင္ခ်ိန္ အဲဒီဘရာဇီးသားတုိက္စစ္မႈးဟာ ရာဘိုနာအကြက္နဲ႔ တုိက္စစ္ကစားေဖာ္မာနီရဲ႕လမ္းေၾကာင္းထဲကို ထိုးေပးႏိုင္ခဲ့တာျဖစ္ၿပီး မာနီက ကန္သြင္းရာမွာ တစ္ဖက္ဂိုးသမားက ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ အေကာင္းဆုံးဂိုးဖန္တီးမႈနဲ႔ သြင္းဂိုးတစ္ဂိုးကို မျမင္လုိက္ရတာပါ။
ဒါေပမဲ့ ဖာမီႏိုရဲ႕စေကးေကာင္းလြန္းတဲ့ဖန္တီးေပးပို႔မႈကေတာ့ ဆုိရွယ္မီဒီယာထက္မွာ အေလးကို ခ်ီးက်ဴးခံေနရပါတယ္။ အထူးသျဖင့္ လီဗာပူးပရိသတ္ေတြက သူတို႔ရဲ႕အခ်စ္ေတာ္ကစားသမားအတြက္ ခ်ီးက်ဴးမဆုံးျဖစ္ေနၾကတာပါ။ ဒီေနရာမွာ ရာဘုိနာအကြက္အေၾကာင္း အနည္းငယ္ရွင္းျပခ်င္ပါတယ္။ ရာဘုိနာအကြက္ဆိုတာ ရပ္ထားတဲ့ေျခေထာက္တစ္ဖက္ေနာက္ကေန ေနာက္ေျခေထာက္တစ္ဖက္နဲ႔ လိမ္ယွက္ၿပီးကန္တာပါ။ ၿပိဳင္ဘက္ကစားသမားကို အေၾကာင္ရိုက္ေစႏိုင္မယ့္အကြက္ျဖစ္ပါတယ္။ ရာဘိုနာအကြက္ကို ၿပိဳင္ပြဲအသြင္ပြဲေတြမွာ မာရာဒိုနာ၊ရိုမာရီယုိ၊ဘက္ဂီယုိ၊စီေရာ္နယ္ဒိုနဲ႔ေရာ္နယ္ဒင္ဟုိတုိ႔လို နာမည္ႀကီးကစားသမားေတြဟာ မၾကာခဏလုပ္ၾကပါတယ္။
ဖာမီႏိုဟာ လီဗာပူးရဲ႕ ၃ ေယာက္တြဲတိုက္စစ္မွာ တစ္ကုိယ္ေကာင္းမဆန္ဆုံးကစားသမားအျဖစ္လည္း သတ္မွတ္ခံထားရတာပါ။ ဂ်န္႔ခ္နဲ႔ခ်န္ပီယံလိဂ္ပြဲမတိုင္ခင္ ဒီရာသီမွာ ဂိုးဖန္တီးမႈ ၆ ႀကိမ္ေတာင္ ရွိထားပါတယ္။ ဂ်န္႔ခ္နဲ႔ပြဲမွာ သူေပးတာကို မာနီသာ ဂိုးအျဖစ္ေျပာင္းလဲႏိုင္ရင္ အဲဒါဟာ ဖာမီႏိုရဲ႕ဒီရာသီအေကာင္းဆုံးဂိုးဖန္တီးမႈျဖစ္လာမွာပါ။ သူ႔ရဲ႕ေဘာလုံးစေကးဘယ္ေလာက္ေကာင္းေၾကာင္းျပန္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။