ရာဖင်ညာ သရဲနီတွေဆီရောက်ဖို့ ပွဲစားကြီး လုပ်နေတဲ့ ဘရူနို ဖာနန်ဒက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းပစ်မှတ်ထားခံနေရတဲ့ လိဒ်စ်အသင်း တိုက်စစ်ကစားသမားရာဖင်ညာက သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်နဲ့ ပုံမှန်ဆက်သွယ် စကားပြောဆိုဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ရာဖင်ညာဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ၂၀၁၈-၁၉ ရာသီမှာကစားခဲ့ဖူးပြီး ဘရူနိုဖာနန်ဒက်စ်နဲ့အတူကစားခွင့်ရခဲ့သလို

ဘရူနိုဖာနန်ဒက်စ်ဟာ ရာဖင်ညာရဲ့ ဘောလုံးစွမ်းရည်တိုးတက်လာအောင်ကူညီပေးခဲ့တဲ့အပြင် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားသင့်တယ်လို့တိုက်တွန်းခဲ့ဖူးပါတယ်။

အခုအချိန်မှာ သူတို့နှစ်ဦးဟာ တစ်သင်းတည်းအတူမရှိတော့ပေမယ့် ပုံမှန်အတိုင်းအဆက်အသွယ်ရှိနေဆဲဖြစ်ပြီး ဘရာဇီးလ်အသင်းအတွက် ရာဖင်ညာ ရွေးချယ်ခံခဲ့ရချိန်မှာ ဘရူနိုဖာနန်ဒက်စ်က မက်ဆေ့ချ်ပေးပို့ဂုဏ်ပြုခဲ့ပါသေးတယ်။

ရာဖင်ညာက “ဘရာဇီးလ်အသင်းအတွက် ရွေးချယ်ခံခဲ့ရလို့ ဘရူနိုက ဂုဏ်ပြုစကားတွေအများကြီး မက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။

သူက ကျွန်တော့်ကို အရင်ကတည်းက ဘရာဇီးလ်အသင်းမှာရွေးချယ်ခံခဲ့ရသင့်တာလို့လည်းပြောခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ်အရရော၊ ပုဂ္ဂိုလ်ရေးအရပါ လေးစားရတဲ့လူတစ်ယောက်ဆီက အခုလိုဂုဏ်ပြုစကားကြားရတာ ဝမ်းသာစရာပါပဲ”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ရာဖင်ညာကို ခေါ်ယူဖို့စိတ်ဝင်စားနေပြီး သူနဲ့ဘရူနိုဖာနန်ဒက်စ်တို့ကလည်း ဆက်ဆံရေးကောင်းတွေရှိနေတာကြောင့် ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ရာဖင်ညာရဲ့အပြောင်းအရွှေ့ဖြစ်လာအောင် ကူညီပေးနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရာဖင္ညာ သရဲနီေတြဆီေရာက္ဖို႔ ပြဲစားႀကီး လုပ္ေနတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္

မန္ခ်က္စတာယူႏိုက္တက္အသင္းပစ္မွတ္ထားခံေနရတဲ့ လိဒ္စ္အသင္း တိုက္စစ္ကစားသမားရာဖင္ညာက သူ႔ရဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ ပုံမွန္ဆက္သြယ္ စကားေျပာဆိုျဖစ္တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ရာဖင္ညာဟာ စပို႔တင္းလစၥဘြန္းအသင္းမွာ ၂၀၁၈-၁၉ ရာသီမွာကစားခဲ့ဖူးၿပီး ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔အတူကစားခြင့္ရခဲ့သလို ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ရာဖင္ညာရဲ႕ ေဘာလုံးစြမ္းရည္တိုးတက္လာေအာင္ကူညီေပးခဲ့တဲ့အျပင္ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ကစားသင့္တယ္လို႔တိုက္တြန္းခဲ့ဖူးပါတယ္။

အခုအခ်ိန္မွာ သူတို႔ႏွစ္ဦးဟာ တစ္သင္းတည္းအတူမရွိေတာ့ေပမယ့္ ပုံမွန္အတိုင္းအဆက္အသြယ္ရွိေနဆဲျဖစ္ၿပီး ဘရာဇီးလ္အသင္းအတြက္ ရာဖင္ညာ ေ႐ြးခ်ယ္ခံခဲ့ရခ်ိန္မွာ ဘ႐ူႏိုဖာနန္ဒက္စ္က မက္ေဆ့ခ်္ေပးပို႔ဂုဏ္ျပဳခဲ့ပါေသးတယ္။ ရာဖင္ညာက “ဘရာဇီးလ္အသင္းအတြက္ ေ႐ြးခ်ယ္ခံခဲ့ရလို႔ ဘ႐ူႏိုက ဂုဏ္ျပဳစကားေတြအမ်ားႀကီး မက္ေဆ့ခ်္ေပးပို႔ခဲ့ပါတယ္။

သူက ကြၽန္ေတာ့္ကို အရင္ကတည္းက ဘရာဇီးလ္အသင္းမွာေ႐ြးခ်ယ္ခံခဲ့ရသင့္တာလို႔လည္းေျပာခဲ့ပါတယ္။ ပေရာ္ဖက္ရွင္နယ္အရေရာ၊ ပုဂၢိဳလ္ေရးအရပါ ေလးစားရတဲ့လူတစ္ေယာက္ဆီက အခုလိုဂုဏ္ျပဳစကားၾကားရတာ ဝမ္းသာစရာပါပဲ”လို႔ ဆိုခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ရာဖင္ညာကို ေခၚယူဖို႔စိတ္ဝင္စားေနၿပီး သူနဲ႔ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကလည္း ဆက္ဆံေရးေကာင္းေတြရွိေနတာေၾကာင့္ ဘ႐ူႏိုဖာနန္ဒက္စ္အေနနဲ႔ ရာဖင္ညာရဲ႕အေျပာင္းအေ႐ႊ႕ျဖစ္လာေအာင္ ကူညီေပးႏိုင္မလားဆိုတာေစာင့္ၾကည့္ရမွာပါ။