ရာနီရေရီရဲ့ချန်ပီယံလက်စတာထက် လက်ရှိလက်စတာက ပိုကောင်းနေပြီလား

Photo Credit

Photo Credit

လက်စတာအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ထိပ်ပိုင်းနား ရောက်နေပါတယ်။ အရင်တုန်းက အဲဒီလိုအခြေအနေမျိုး ကျွန်တော်တို့တစ်ကြိမ်တော့ မြင်ဖူးခဲ့ပါတယ်။ နည်းပြဘရန်ဒန်ရော်ဂျာရဲ့လက်စတာအသင်းဟာ ဒီရာသီမှာ အမြင့်ပျံသန်းနေပြီး ပွဲစဉ် ၁၀အပြီး တတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒီလိုရလဒ်တွေကောင်းမွန်နေတာကြောင့် နည်းပြကြီး ရာနီရေရီလက်ထက် အမှတ်ပေးချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၅-၁၆ ရာသီကဖြစ်ရပ်တွေကို ပြန်ပြောင်းသတိရစေပါတယ်။

Photo Credit

ဒါပေမဲ့ အမှတ်ပေးချန်ပီယံဖြစ်ခဲ့တုန်းကဒီလိုအဆင့်မျိုးမှာ ရရှိခဲ့တဲ့အချက်အလက်တွေထက် ယခုရာသီမှာ လက်စတာအသင်းပိုင်ဆိုင်ထားတဲ့ရလဒ်တွေက ပိုကောင်းနေပါတယ်။ ဒီတော့ ၂၀၁၆-၁၇ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံအသင်းနဲ့ ယခုရာသီအသင်းတို့ကို နှိုင်းယှဉ်ချင်စရာကောင်းလာပါတယ်။ တကယ်ပဲ ယခုရာသီမှာ လက်စတာအသင်း ချန်ပီယံဆုကို စိန်ခေါ်နိုင်မလားဆိုတာက စိတ်ဝင်စားစရာကောင်းလာပါတယ်။ လက်ရှိလက်စတာအသင်းဟာ ၂၀၁၅-၁၆ ရာသီက ပွဲစဉ် ၁၀အပြီး ချန်ပီယံလောင်း လက်စတာအသင်းရပ်တည်ခဲ့တဲ့အဆင့်ထက် ၂ဆင့်ပိုမြင့်နေသလို အမှတ်လည်းပိုများ၊ သွင်းဂိုးလည်းပိုများပြီး ခံစစ်ကလည်း ပေးဂိုးပိုနည်းနေပါတယ်။

Photo Credit

ပြီးတော့ လက်ရှိအသင်းရဲ့ဂိုးကွာခြားချက်က ချန်ပီယံဖြစ်ခဲ့စဉ်ကထက်တောင် ပိုများနေပြီး ဆောက်သမ်တန်ကို ဝ-၉ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲကိုထည့်မတွက်ရင်တောင် ပိုများနေပါတယ်။ သူတို့ဟာ တိုက်စစ်က ၂၅ ဂိုးအထိသွင်းယူထားလို့ ထပ်ဆင့်ချန်ပီယံစီးတီးပြီးရင် တိုက်စစ်အားအကောင်းဆုံးအသင်းဖြစ်နေသလို ခံစစ်ကလည်း ၈ဂိုးသာပေးထားရတာကြောင့် ပူးတွဲခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ၂၀၁၅-၁၆ ရာသီကတော့ ပွဲစဉ် ၁၀အပြီးမှာ တိုက်စစ်က တတိယအကောင်းဆုံးအဖြစ် ဂို ၂၀သွင်းယူခဲ့သလို ခံစစ်ကလည်း ၁၇ဂိုးအထိပေးခဲ့ရပါတယ်။ ခံစစ်က ရာသီအဖွင့် ၁၀ပွဲမှာ ၈ပွဲအထိအရေးနိမ့်ခဲ့တဲ့အက်စ်တွန်ဗီလာနဲ့အတူတူပဲဖြစ်ခဲ့ပါတယ်။

Photo Credit ; Getty Images

ဒါပေမဲ့ အဲဒီရာသီတုန်းက လက်စတာအသင်းရဲ့ခံစစ်ဟာ နောက်ပိုင်းမှာ ပိုပိုကောင်းလာပြီး လက်ကျန် ၂၈ပွဲမှာ ၂၁ဂိုးပဲ ထပ်ပေးခဲ့ရပါတယ်။ ရာသီအဖွင့် ၁၀ပွဲမှာ ယခုရာသီလက်စတာအသင်းနဲ့ ၂၀၁၅-၁၆ ရာသီ ချန်ပီယံလောင်းလက်စတာအသင်းတို့ ရင်ဆိုင်ခဲ့တဲ့ပြိုင်ဘက်တွေရဲ့အရည်အသွေးကလည်း သိပ်မကွာပါဘူး။ ချန်ပီယံဖြစ်ခဲ့စဉ်က ပွဲစဉ် ၁၀အပြီး ရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်တွေက ပျမ်းမျှအဆင့်ရပ်တည်မှု ၁၁ရှိခဲ့သလို ဒီရာသီမှာလည်း ပြိုင်ဘက်တွေက ပျမ်းမျှအဆင့်ရပ်တည်မှု ၁၀ ရှိခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ ဒီရာသီနဲ့ ၂၀၁၅-၁၆ ရာသီကြား အဓိကကွာခြားချက်က ဦးဆောင်သူဖြစ်ပြီး ၂၀၁၅-၁၆ ရာသီက လက်စတာအသင်းဟာ ပွဲစဉ် ၁၀အပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးကအသင်းနဲ့ ၃မှတ်ပဲ ကွာဟခဲ့ပေမယ့် ဒီရာသီမှာတော့ ထိပ်ဆုံးက လီဗာပူးနဲ့ ၈မှတ်အထိကွာဟနေပါတယ်။ ချန်ပီယံဖြစ်နိုင်ခြေအတွက် အလေးပေးမှုမှာတော့ နှစ်သင်းကြားအတော်လေးကွာခြားပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၅-၁၆ ရာသီက လက်စတာအသင်း ချန်ပီယံဖြစ်ဖို့အတွက် မဖြစ်နိုင်တဲ့အလေးပေးမှု ၅၀၀၀-၁ လေးသာရှိခဲ့ပေမယ့် ဒီရာသီမှာတော့ ၄၀၀-၁ ကနေ ၂၀၀-၁ ဖြစ်လာပါတယ်။

Photo Credit

နောက်ထပ်ကြီးမားတဲ့ကွာဟချက်ကတော့ ကစားသမားအင်အားစုဖွဲ့မှုဖြစ်ပြီး ၂၀၁၅-၁၆ ရာသီက အသင်းသားအများစုဟာ ချန်ပီယံမဖြစ်ခင်အထိ သူတို့ရဲ့ကစားသမားဘဝက သိသိသာသာလူသိတာမျိုးမရှိခဲ့ပါဘူး။ နော့စ်ကောင်တီဂိုးသမားဟောင်း ကက်စ်ပါရှမိုက်ကယ်၊ အက်စ်တွန်ဗီလာတောင်ပံကစားသမားဟောင်း အယ်လ်ဘရိုက်တန်၊ နော်တင်ဟမ်နောက်ခံလူဟောင်း ဝက်စ်မော်ဂန်နဲ့ နယူးကာဆယ်ညာနောက်ခံလူဟောင်း ဆင်ပ်ဆန်တို့ဖြစ်ပါတယ်။

Photo Credit

သူတု့ိရဲ့ကြယ်ပွင့်တွေဖြစ်တဲ့ တောင်ပံကစားသမား မာရက်ဇ်၊ နောက်နှစ်နွေရာသီမှာ ချဲလ်ဆီးကို ပြောင်းရွှေ့သွားတဲ့ ကွင်းလယ်ခံစစ်ကစားသမား ကန်တီတို့တောင် ထင်ပေါ်ကျော်ကြားခြင်းမရှိသေးသလို ဖလက်ဝုဒ်တိုက်စစ်မှူးဟောင်း ဂျေမီဗာဒီကလည်း ပရီးမီးယားလိဂ်မှာ ၅ဂိုးပဲသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအသင်းကတော့ ကြီးကျယ်တဲ့ကစားသမားဘဝပိုင်ဆိုင်နိုင်ဖို့ အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့ လူငယ်အများစုနဲ့ ပြည့်နှက်နေပြီး ဒါတောင် ပြီးခဲ့တဲ့နွေရာသီမှာ နောက်ခံလူ မက်ဂွိုင်းယားကို မန်ယူအသင်းထံ ပေါင် ၇၅ သန်းနဲ့ ဆုံးရှုံးထားပါသေးတယ်။

Photo Credit

နောက်ထပ်ခြားနားတဲ့အဓိကအချက်ကတော့ ကစားပုံစတိုင်ဖြစ်ပြီး အချက်အလက်တွေကို ကြည့်လိုက်တာနဲ့တင် သိသာထင်ရှားနေပါတယ်။ ချန်ပီယံဖြစ်ခဲ့တဲ့အသင်းက ၄-၄-၂ ပုံစံကစားခဲ့ပြီး လက်ရှိအသင်းကတော့ ၄-၁-၄-၁၊ ၄-၁-၂-၃ အစရှိတဲ့တိုက်စစ်အသားပေးနည်းဗျူဟာ အသုံးပြုနေပြီး အထောင်တိုက်စစ်မှူး ဗာဒီအတွက် ကွင်းလယ်ဖန်တီးရှင်တွေဖြစ်တဲ့ မက်ဒီဆင်နဲ့ တိုင်လီမန်းစ်၊ တောင်ပံကစားသမားတွေဖြစ်တဲ့ ဟာဗေးဘားနက်စ်နဲ့ အယိုဇီပီရက်ဇ်တို့က ထောက်ပံ့ပေးပါတယ်။

Photo Credit

ဒီရာသီ ပွဲစဉ် ၁ဝအပြီး လက်စတာအသင်းရဲ့ပေးပို့မှု ၁၀%ပဲ အဝေးပေးပို့မှုတွေဖြစ်ခဲ့ပြီး ၂၀၁၅-၁၆ ရာသီတုန်းကတော့ ၂၁% အထိရှိခဲ့ပါတယ်။ လက်စတာဟာ ဒီရာသီမှာ ဘောလုံးပေးပို့မှု ၄၈၇၂ ကြိမ်ရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဘောလုံးပေးပို့မှု စတုတ္ထမြောက်အများဆုံးအသင်းအဖြစ် ရပ်တည်နေပေမယ့် ၂၀၁၅-၁၆ ရာသီတုန်းကတော့ ၂၆၃၀ ကြိမ်ပဲရှိခဲ့ရာ ပြိုင်ပွဲဝင်အသင်း ၂၀အနက် အနည်းဆုံးစံချိန်ဖြစ်ခဲ့ပါတယ်။

Photo Credit

ဒီရာသီ တစ်ပွဲပျမ်းမျှဘောလုံးပိုင်ဆိုင်မှု ၅၈.၆%ရှိပြီး တတိယမြောက်အများဆုံးအသင်းဖြစ်နေပြီး ၂၀၁၅-၁၆ ရာသီကတော့ ၄၂%ပဲရှိသလို ဒုတိယမြောက်အနည်းဆုံးအသင်းလည်းဖြစ်ခဲ့ပါတယ်။ ၂၀၁၅-၁၆ ရာသီက လက်စတာအသင်းရဲ့နည်းပြက အသက် ၆၃ နှစ်အရွယ် အီတလီနိုင်ငံသား ရာနီရေရီဖြစ်ပြီး အဲဒီရာသီမတိုင်ခင် ဘယ်နိုင်ငံမှာမှ အမှတ်ပေးချန်ပီယံဆုမရရှိခဲ့ပါဘူး။ လက်ရှိအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာကတော့ အသက် ၄၆ နှစ်အရွယ် မြောက်အိုင်ယာလန်နိုင်ငံသားဖြစ်ပြီး ဆဲလ်တစ်အသင်းနဲ့အတူ စကော့တလန်အမှတ်ပေးချန်ပီယံဆု ၂ကြိမ်ဆက်ရရှိခဲ့သလို ယမန်နှစ်ရာသီကလည်း ၃ကြိမ်ဆက်ရဖို့ လမ်းကြောင်းဖွင့်ပေးခဲ့ပြီးနောက် လက်စတာအသင်းကို ရောက်လာတာပါ။

Photo Credit ; Getty Images

စကော့တလန်အမှတ်ပေးချန်ပီယံရှစ်နဲ့ ပရီးမီးယားလိဂ်တို့ကြား ကြီးမားတဲ့ကွာဟချက်တွေရှိနေတာမှန်ပေမယ့် အနိုင်ရတဲ့စိတ်ဓာတ်ကတော့ အများအပြားရှိနေပြီး ကစားသမားတွေနဲ့ နည်းပြတွေရဲ့ အင်တာဗျူးတွေကို ကြည့်ရင် သိသာပေါ်လွင်ပါတယ်။ ၂၀၁၅ ခုနှစ်က ပွဲစဉ် ၁၀အဖြစ် ပဲလေ့စ်အသင်းကို လက်စတာအသင်း ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး အဲဒီပွဲက သူတို့ရဲ့ပထမဆုံး Clean Sheet ပွဲလည်းဖြစ်ခဲ့ပါတယ်။ အဲဒီပွဲအပြီးမှာ ရာနီရေရီက ကစားသမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပီဇာကျွေးမယ်လို့ ဆိုခဲ့ပြီး အဲဒီအချိန်တုန်းက သူ့ရဲ့ပစ်မှတ်က တန်းမဆင်းရရေးပဲဖြစ်ခဲ့ပါတယ်။ ”ကျွန်တော်တို့အနေနဲ့ တစ်ဆင့်ချင်းစီသွားဖို့လိုပါတယ်။ အရေးကြီးတာက အမှတ် ၄၀ ရဖို့ဖြစ်ပြီး ဒါက ကျွန်တော်တို့အသင်းရဲ့ပထမပစ်မှတ်ဖြစ်ပါတယ်”လို့ ရာနီရေရီက ပြောကြားခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ လက်ရှိအသင်းကတော့ စိတ်နေစိတ်ထား လုံးဝကို ကွဲပြားခြားနားသွားပြီး အထူးသဖြင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဝေးကွင်းအကြီးမားဆုံးနိုင်ပွဲအဖြစ် ဆောက်သမ်တန်ကို ဝ-၉ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် အသင်းသားတွေကြားယုံကြည်မှုပိုမိုမြင့်တက်လာပါတယ်။ ”ကျွန်တော်တု့ိအနေနဲ့ အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နေဖို့လိုပါတယ်”လို့ဘယ်နောက်ခံလူ ချီဝဲလ်က ဆိုပါတယ်။ နည်းပြ ရော်ဂျာကလည်း ”ကျွန်တော်တို့ ဒီထက်ပိုကောင်းလာမှာပါ။ လက်ရှိလုပ်ပြနေတာတွေနဲ့ ကျေနပ်မှာမဟုတ်ပါဘူး”လို့ပြောပါတယ်။ ၂၀၁၅-၁၆ ရာသီက ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သူတွေအနက် ၅ဦးဟာ အခုချိန်အထိ အသင်းမှာ ရှိနေဆဲပါ။

Photo Credit ; Getty Images

ဂိုးသမားရှမိုက်ကယ်နဲ့ တိုက်စစ်မှူး ဗာဒီတို့က ဒီရာသီမှာ ၁ပပွဲစလုံးကစားထားပြီး တောင်ပံကစားသမား အယ်လ်ဘရိုက်တန်၊ နောက်ခံလူတွေဖြစ်တဲ့ ခရစ္စတီယန်ဖုချ်နဲ့ ဝက်စ်မော်ဂန်တို့လည်း ပွဲကစားခွင့်ရရှိနေပါတယ်။ မာရက်ဇ်ဟာ ၂၀၁၅-၁၆ ရာသီက ၁၀ပွဲအပြီး ၅ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး လက်ရှိကွင်းလယ်လူတွေအနက် ဂိုးသွင်းအများဆုံးဖြစ်တဲ့ တိုင်လီမန်းနဲ့ မက်ဒီဆင်တို့က ၃ဂိုးပဲသွင်းယူထားပါတယ်။ ပြီးတော့ လက်ရှိလက်စတာကွင်းလယ်လူ ၅ဦးထဲမှာ အခွင့်အရေးဖန်တီးမှု ၂၂ကြိမ်ပြုလုပ်ခဲ့တဲ့ မာရက်ဇ်ကို လိုက်မီသူမရှိသလို တိုင်လီမန်းက ၁၇ကြိမ်ဖန်တီးပေးထားပါတယ်။

Photo Credit

ပြီးတော့ တစ်ဦးချင်းကျော်ဖြတ်နိုင်မှုမှာလည်း မာရက်ဇ်က ၃၆ကြိမ်အထိရှိခဲ့ပြီး လက်ရှိအသင်းသားတွေအနက် အများဆုံးဖြစ်တဲ့ မက်ဒီဆင်က ၂၆ ကြိမ်ပဲရှိသလို ထောင့်ဖြတ်ဘောပေးပို့မှုမှာ ၂၀၁၅-၁၆ ရာသီက အယ်လ်ဘရိုက်တန် (၇၆ကြိမ်)ထက် လက်ရှိအသင်းက မက်ဒီဆင်က ၇ကြိမ်ပိုနည်းနေပါတယ်။ ဒါပေမဲ့ တိုင်လီမန်းက ၂၀၁၅-၁၆ ရာသီက ကွင်းလယ်လူတွေထက် ဘောလုံးပေးပို့မှုအများဆုံးအဖြစ် ၁၀ပွဲမှာ ၅၅၁ ကြိမ်ပေးပို့ထားပြီး ဒရင့်ဝါးတားက အဲဒီတုန်းက ၅၂၃ ကြိမ်ပေးပို့ခဲ့ပါတယ်။

Photo Credit

Zawgyi

ရာနီေရရီရဲ႕ခ်န္ပီယံလက္စတာထက္ လက္ရွိလက္စတာက ပိုေကာင္းေနၿပီလား

လက္စတာအသင္းဟာ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕ထိပ္ပုိင္းနား ေရာက္ေနပါတယ္။ အရင္တုန္းက အဲဒီလုိအေျခအေနမ်ိဳး ကၽြန္ေတာ္တို႔တစ္ႀကိမ္ေတာ့ ျမင္ဖူးခဲ့ပါတယ္။ နည္းျပဘရန္ဒန္ေရာ္ဂ်ာရဲ႕လက္စတာအသင္းဟာ ဒီရာသီမွာ အျမင့္ပ်ံသန္းေနၿပီး ပြဲစဥ္ ၁၀အၿပီး တတိယေနရာမွာ ရပ္တည္ေနပါတယ္။ ဒီလုိရလဒ္ေတြေကာင္းမြန္ေနတာေၾကာင့္ နည္းျပႀကီး ရာနီေရရီလက္ထက္ အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့တ့ဲ ၂၀၁၅-၁၆ ရာသီကျဖစ္ရပ္ေတြကို ျပန္ေျပာင္းသတိရေစပါတယ္။
ဒါေပမဲ့ အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့တုန္းကဒီလိုအဆင့္မ်ိဳးမွာ ရရွိခဲ့တဲ့အခ်က္အလက္ေတြထက္ ယခုရာသီမွာ လက္စတာအသင္းပုိင္ဆုိင္ထားတဲ့ရလဒ္ေတြက ပိုေကာင္းေနပါတယ္။ ဒီေတာ့ ၂၀၁၆-၁၇ ရာသီက ပရီးမီးယားလိဂ္ခ်န္ပီယံအသင္းနဲ႔ ယခုရာသီအသင္းတို႔ကို ႏႈိင္းယွဥ္ခ်င္စရာေကာင္းလာပါတယ္။ တကယ္ပဲ ယခုရာသီမွာ လက္စတာအသင္း ခ်န္ပီယံဆုကို စိန္ေခၚႏုိင္မလားဆုိတာက စိတ္၀င္စားစရာေကာင္းလာပါတယ္။ လက္ရွိလက္စတာအသင္းဟာ ၂၀၁၅-၁၆ ရာသီက ပြဲစဥ္ ၁၀အၿပီး ခ်န္ပီယံေလာင္း လက္စတာအသင္းရပ္တည္ခဲ့တ့ဲအဆင့္ထက္ ၂ဆင့္ပုိျမင့္ေနသလုိ အမွတ္လည္းပိုမ်ား၊ သြင္းဂိုးလည္းပိုမ်ားၿပီး ခံစစ္ကလည္း ေပးဂိုးပိုနည္းေနပါတယ္။
ၿပီးေတာ့ လက္ရွိအသင္းရဲ႕ဂိုးကြာျခားခ်က္က ခ်န္ပီယံျဖစ္ခဲ့စဥ္ကထက္ေတာင္ ပိုမ်ားေနၿပီး ေဆာက္သမ္တန္ကို ၀-၉ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲကိုထည့္မတြက္ရင္ေတာင္ ပိုမ်ားေနပါတယ္။ သူတုိ႔ဟာ တုိက္စစ္က ၂၅ ဂိုးအထိသြင္းယူထားလုိ႔ ထပ္ဆင့္ခ်န္ပီယံစီးတီးၿပီးရင္ တုိက္စစ္အားအေကာင္းဆုံးအသင္းျဖစ္ေနသလုိ ခံစစ္ကလည္း ၈ဂိုးသာေပးထားရတာေၾကာင့္ ပူးတြဲခံစစ္အေကာင္းဆုံးအသင္းအျဖစ္ ရပ္တည္ေနပါတယ္။ ၂၀၁၅-၁၆ ရာသီကေတာ့ ပြဲစဥ္ ၁၀အၿပီးမွာ တုိက္စစ္က တတိယအေကာင္းဆုံးအျဖစ္ ဂို ၂၀သြင္းယူခဲ့သလို ခံစစ္ကလည္း ၁၇ဂိုးအထိေပးခ့ဲရပါတယ္။ ခံစစ္က ရာသီအဖြင့္ ၁၀ပဲြမွာ ၈ပြဲအထိအေရးနိမ့္ခဲ့တဲ့အက္စ္တြန္ဗီလာနဲ႔အတူတူပဲျဖစ္ခဲ့ပါတယ္။
ဒါေပမဲ့ အဲဒီရာသီတုန္းက လက္စတာအသင္းရဲ႕ခံစစ္ဟာ ေနာက္ပုိင္းမွာ ပိုပိုေကာင္းလာၿပီး လက္က်န္ ၂၈ပြဲမွာ ၂၁ဂိုးပဲ ထပ္ေပးခဲ့ရပါတယ္။ ရာသီအဖြင့္ ၁၀ပဲြမွာ ယခုရာသီလက္စတာအသင္းနဲ႔ ၂၀၁၅-၁၆ ရာသီ ခ်န္ပီယံေလာင္းလက္စတာအသင္းတုိ႔ ရင္ဆုိင္ခဲ့တဲ့ၿပိဳင္ဘက္ေတြရဲ႕အရည္အေသြးကလည္း သိပ္မကြာပါဘူး။ ခ်န္ပီယံျဖစ္ခဲ့စဥ္က ပြဲစဥ္ ၁၀အၿပီး ရင္ဆုိင္ခဲ့ရတဲ့ၿပိဳင္ဘက္ေတြက ပ်မ္းမွ်အဆင့္ရပ္တည္မႈ ၁၁ရွိခဲ့သလို ဒီရာသီမွာလည္း ၿပိဳင္ဘက္ေတြက ပ်မ္းမွ်အဆင့္ရပ္တည္မႈ ၁၀ ရွိခဲ့ပါတယ္။
ဒါေပမဲ့ ဒီရာသီနဲ႔ ၂၀၁၅-၁၆ ရာသီၾကား အဓိကကြာျခားခ်က္က ဦးေဆာင္သူျဖစ္ၿပီး ၂၀၁၅-၁၆ ရာသီက လက္စတာအသင္းဟာ ပြဲစဥ္ ၁၀အၿပီးမွာ အမွတ္ေပးဇယားထိပ္ဆုံးကအသင္းနဲ႔ ၃မွတ္ပဲ ကြာဟခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ထိပ္ဆုံးက လီဗာပူးနဲ႔ ၈မွတ္အထိကြာဟေနပါတယ္။ ခ်န္ပီယံျဖစ္ႏုိင္ေျခအတြက္ အေလးေပးမႈမွာေတာ့ ႏွစ္သင္းၾကားအေတာ္ေလးကြာျခားၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၁၅-၁၆ ရာသီက လက္စတာအသင္း ခ်န္ပီယံျဖစ္ဖို႔အတြက္ မျဖစ္ႏိုင္တဲ့အေလးေပးမႈ ၅၀၀၀-၁ ေလးသာရွိခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ၄၀၀-၁ ကေန ၂၀၀-၁ ျဖစ္လာပါတယ္။
ေနာက္ထပ္ႀကီးမားတဲ့ကြာဟခ်က္ကေတာ့ ကစားသမားအင္အားစုဖြဲ႕မႈျဖစ္ၿပီး ၂၀၁၅-၁၆ ရာသီက အသင္းသားအမ်ားစုဟာ ခ်န္ပီယံမျဖစ္ခင္အထိ သူတုိ႔ရဲ႕ကစားသမားဘ၀က သိသိသာသာလူသိတာမ်ိဳးမရွိခဲ့ပါဘူး။ ေနာ့စ္ေကာင္တီဂိုးသမားေဟာင္း ကက္စ္ပါရွမိုက္ကယ္၊ အက္စ္တြန္ဗီလာေတာင္ပံကစားသမားေဟာင္း အယ္လ္ဘ႐ုိက္တန္၊ ေနာ္တင္ဟမ္ေနာက္ခံလူေဟာင္း ၀က္စ္ေမာ္ဂန္နဲ႔ နယူးကာဆယ္ညာေနာက္ခံလူေဟာင္း ဆင္ပ္ဆန္တုိ႔ျဖစ္ပါတယ္။
သူတု႔ိရဲ႕ၾကယ္ပြင့္ေတြျဖစ္တဲ့ ေတာင္ပံကစားသမား မာရက္ဇ္၊ ေနာက္ႏွစ္ေႏြရာသီမွာ ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕သြားတဲ့ ကြင္းလယ္ခံစစ္ကစားသမား ကန္တီတို႔ေတာင္ ထင္ေပၚေက်ာ္ၾကားျခင္းမရွိေသးသလို ဖလက္၀ုဒ္တုိက္စစ္မွဴးေဟာင္း ေဂ်မီဗာဒီကလည္း ပရီးမီးယားလိဂ္မွာ ၅ဂိုးပဲသြင္းယူထားႏုိင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိအသင္းကေတာ့ ႀကီးက်ယ္တဲ့ကစားသမားဘ၀ပိုင္ဆုိင္ႏိုင္ဖို႔ အလားအလာေကာင္းေတြပိုင္ဆုိင္ထားတ့ဲ လူငယ္အမ်ားစုနဲ႔ ျပည့္ႏွက္ေနၿပီး ဒါေတာင္ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေနာက္ခံလူ မက္ဂြိဳင္းယားကို မန္ယူအသင္းထံ ေပါင္ ၇၅ သန္းနဲ႔ ဆုံး႐ံႈးထားပါေသးတယ္။
ေနာက္ထပ္ျခားနားတဲ့အဓိကအခ်က္ကေတာ့ ကစားပုံစတုိင္ျဖစ္ၿပီး အခ်က္အလက္ေတြကို ၾကည့္လုိက္တာနဲ႔တင္ သိသာထင္ရွားေနပါတယ္။ ခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းက ၄-၄-၂ ပုံစံကစားခဲ့ၿပီး လက္ရွိအသင္းကေတာ့ ၄-၁-၄-၁၊ ၄-၁-၂-၃ အစရွိတဲ့တုိက္စစ္အသားေပးနည္းဗ်ဴဟာ အသုံးျပဳေနၿပီး အေထာင္တိုက္စစ္မွဴး ဗာဒီအတြက္ ကြင္းလယ္ဖန္တီးရွင္ေတြျဖစ္တဲ့ မက္ဒီဆင္နဲ႔ တုိင္လီမန္းစ္၊ ေတာင္ပံကစားသမားေတြျဖစ္တဲ့ ဟာေဗးဘားနက္စ္နဲ႔ အယိုဇီပီရက္ဇ္တုိ႔က ေထာက္ပံ့ေပးပါတယ္။
ဒီရာသီ ပြဲစဥ္ ၁ဝအၿပီး လက္စတာအသင္းရဲ႕ေပးပို႔မႈ ၁၀%ပဲ အေ၀းေပးပို႔မႈေတြျဖစ္ခဲ့ၿပီး ၂၀၁၅-၁၆ ရာသီတုန္းကေတာ့ ၂၁% အထိရွိခဲ့ပါတယ္။ လက္စတာဟာ ဒီရာသီမွာ ေဘာလုံးေပးပို႔မႈ ၄၈၇၂ ႀကိမ္ရွိခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ေဘာလုံးေပးပို႔မႈ စတုတၳေျမာက္အမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနေပမယ့္ ၂၀၁၅-၁၆ ရာသီတုန္းကေတာ့ ၂၆၃၀ ႀကိမ္ပဲရွိခဲ့ရာ ၿပိဳင္ပြဲ၀င္အသင္း ၂၀အနက္ အနည္းဆုံးစံခ်ိန္ျဖစ္ခဲ့ပါတယ္။
ဒီရာသီ တစ္ပြဲပ်မ္းမွ်ေဘာလုံးပိုင္ဆုိင္မႈ ၅၈.၆%ရွိၿပီး တတိယေျမာက္အမ်ားဆံုးအသင္းျဖစ္ေနၿပီး ၂၀၁၅-၁၆ ရာသီကေတာ့ ၄၂%ပဲရွိသလုိ ဒုတိယေျမာက္အနည္းဆုံးအသင္းလည္းျဖစ္ခ့ဲပါတယ္။ ၂၀၁၅-၁၆ ရာသီက လက္စတာအသင္းရဲ႕နည္းျပက အသက္ ၆၃ ႏွစ္အရြယ္ အီတလီႏိုင္ငံသား ရာနီေရရီျဖစ္ၿပီး အဲဒီရာသီမတုိင္ခင္ ဘယ္ႏိုင္ငံမွာမွ အမွတ္ေပးခ်န္ပီယံဆုမရရွိခ့ဲပါဘူး။ လက္ရွိအသင္းနည္းျပ ဘရန္ဒန္ေရာ္ဂ်ာကေတာ့ အသက္ ၄၆ ႏွစ္အရြယ္ ေျမာက္အုိင္ယာလန္ႏိုင္ငံသားျဖစ္ၿပီး ဆဲလ္တစ္အသင္းနဲ႔အတူ စေကာ့တလန္အမွတ္ေပးခ်န္ပီယံဆု ၂ႀကိမ္ဆက္ရရွိခဲ့သလို ယမန္ႏွစ္ရာသီကလည္း ၃ႀကိမ္ဆက္ရဖို႔ လမ္းေၾကာင္းဖြင့္ေပးခဲ့ၿပီးေနာက္ လက္စတာအသင္းကို ေရာက္လာတာပါ။
စေကာ့တလန္အမွတ္ေပးခ်န္ပီယံရွစ္နဲ႔ ပရီးမီးယားလိဂ္တုိ႔ၾကား ႀကီးမားတဲ့ကြာဟခ်က္ေတြရွိေနတာမွန္ေပမယ့္ အႏိုင္ရတဲ့စိတ္ဓာတ္ကေတာ့ အမ်ားအျပားရွိေနၿပီး ကစားသမားေတြနဲ႔ နည္းျပေတြရဲ႕ အင္တာဗ်ဴးေတြကို ၾကည့္ရင္ သိသာေပၚလြင္ပါတယ္။ ၂၀၁၅ ခုႏွစ္က ပြဲစဥ္ ၁၀အျဖစ္ ပဲေလ့စ္အသင္းကို လက္စတာအသင္း ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အဲဒီပြဲက သူတုိ႔ရဲ႕ပထမဆုံး Clean Sheet ပဲြလည္းျဖစ္ခဲ့ပါတယ္။ အဲဒီပြဲအၿပီးမွာ ရာနီေရရီက ကစားသမားေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ ပီဇာေကၽြးမယ္လို႔ ဆုိခဲ့ၿပီး အဲဒီအခ်ိန္တုန္းက သူ႕ရဲ႕ပစ္မွတ္က တန္းမဆင္းရေရးပဲျဖစ္ခဲ့ပါတယ္။ ”ကၽြန္ေတာ္တုိ႔အေနနဲ႔ တစ္ဆင့္ခ်င္းစီသြားဖို႔လိုပါတယ္။ အေရးႀကီးတာက အမွတ္ ၄၀ ရဖုိ႔ျဖစ္ၿပီး ဒါက ကၽြန္ေတာ္တုိ႔အသင္းရဲ႕ပထမပစ္မွတ္ျဖစ္ပါတယ္”လုိ႔ ရာနီေရရီက ေျပာၾကားခ့ဲပါတယ္။
ဒါေပမဲ့ လက္ရွိအသင္းကေတာ့ စိတ္ေနစိတ္ထား လုံး၀ကို ကြဲျပားျခားနားသြားၿပီး အထူးသျဖင့္ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အေ၀းကြင္းအႀကီးမားဆံုးႏိုင္ပြဲအျဖစ္ ေဆာက္သမ္တန္ကို ၀-၉ ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီးေနာက္ အသင္းသားေတြၾကားယုံၾကည္မႈပိုမိုျမင့္တက္လာပါတယ္။ ”ကၽြန္ေတာ္တု႔ိအေနနဲ႔ အမွတ္ေပးဇယားထိပ္ပိုင္းမွာ ရပ္တည္ေနဖို႔လိုပါတယ္”လုိ႔ဘယ္ေနာက္ခံလူ ခ်ီ၀ဲလ္က ဆုိပါတယ္။ နည္းျပ ေရာ္ဂ်ာကလည္း ”ကၽြန္ေတာ္တုိ႔ ဒီထက္ပိုေကာင္းလာမွာပါ။ လက္ရွိလုပ္ျပေနတာေတြနဲ႔ ေက်နပ္မွာမဟုတ္ပါဘူး”လုိ႔ေျပာပါတယ္။ ၂၀၁၅-၁၆ ရာသီက ပုံမွန္ပြဲထြက္ခြင့္ရရွိခဲ့သူေတြအနက္ ၅ဦးဟာ အခုခ်ိန္အထိ အသင္းမွာ ရွိေနဆဲပါ။
ဂိုးသမားရွမုိက္ကယ္နဲ႔ တုိက္စစ္မွဴး ဗာဒီတုိ႔က ဒီရာသီမွာ ၁ပပြဲစလုံးကစားထားၿပီး ေတာင္ပံကစားသမား အယ္လ္ဘ႐ိုက္တန္၊ ေနာက္ခံလူေတြျဖစ္တဲ့ ခရစၥတီယန္ဖုခ်္နဲ႔ ၀က္စ္ေမာ္ဂန္တုိ႔လည္း ပြဲကစားခြင့္ရရွိေနပါတယ္။ မာရက္ဇ္ဟာ ၂၀၁၅-၁၆ ရာသီက ၁၀ပြဲအၿပီး ၅ဂိုးအထိသြင္းယူႏုိင္ခဲ့ၿပီး လက္ရွိကြင္းလယ္လူေတြအနက္ ဂိုးသြင္းအမ်ားဆုံးျဖစ္တဲ့ တုိင္လီမန္းနဲ႔ မက္ဒီဆင္တုိ႔က ၃ဂိုးပဲသြင္းယူထားပါတယ္။ ၿပီးေတာ့ လက္ရွိလက္စတာကြင္းလယ္လူ ၅ဦးထဲမွာ အခြင့္အေရးဖန္တီးမႈ ၂၂ႀကိမ္ျပဳလုပ္ခဲ့တဲ့ မာရက္ဇ္ကို လုိက္မီသူမရွိသလို တုိင္လီမန္းက ၁၇ႀကိမ္ဖန္တီးေပးထားပါတယ္။
ၿပီးေတာ့ တစ္ဦးခ်င္းေက်ာ္ျဖတ္ႏိုင္မႈမွာလည္း မာရက္ဇ္က ၃၆ႀကိမ္အထိရွိခဲ့ၿပီး လက္ရွိအသင္းသားေတြအနက္ အမ်ားဆုံးျဖစ္တဲ့ မက္ဒီဆင္က ၂၆ ႀကိမ္ပဲရွိသလုိ ေထာင့္ျဖတ္ေဘာေပးပို႔မႈမွာ ၂၀၁၅-၁၆ ရာသီက အယ္လ္ဘ႐ိုက္တန္ (၇၆ႀကိမ္)ထက္ လက္ရွိအသင္းက မက္ဒီဆင္က ၇ႀကိမ္ပိုနည္းေနပါတယ္။ ဒါေပမဲ့ တုိင္လီမန္းက ၂၀၁၅-၁၆ ရာသီက ကြင္းလယ္လူေတြထက္ ေဘာလုံးေပးပို႔မႈအမ်ားဆုံးအျဖစ္ ၁၀ပြဲမွာ ၅၅၁ ႀကိမ္ေပးပို႔ထားၿပီး ဒရင့္၀ါးတားက အဲဒီတုန္းက ၅၂၃ ႀကိမ္ေပးပို႔ခဲ့ပါတယ္။