ရာထူးအထုတ်ခံခဲ့ရလို့ စာချုပ်လျော်ကြေးအများဆုံးရရှိခဲ့တဲ့နည်းပြများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေနဲ့ဆက်တိုက်ရင်ဆိုင်နေရတာကြောင့် နည်းပြဖြစ်သူဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ဖို့စီစဉ်နေပြီး

တကယ်လို့ ရာထူးကထုတ်လိုက်ရင် စာချုပ်လျော်ကြေးအဖြစ်ပေါင်(၇.၅)သန်းအထိပေးရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ဇူလိုင်လတုန်းက ဆိုးလ်ရှားနဲ့ ၂၀၂၄ ခုနှစ်အထိစာချုပ်သက်တမ်းတိုးခဲ့ပြီး ဒီရာသီမှာ အသင်းရဲ့ခြေစွမ်းနဲ့ရလဒ်တွေက စိတ်ပျက်စရာဖြစ်နေတာကြောင့် ဆိုးလ်ရှားရဲ့နည်းပြရာထူးက မသေမချာဖြစ်နေပါပြီ။

ယူနိုက်တက်တာဝန်ရှိသူတွေက လာမယ့်စပါးအသင်းနဲ့ကစားမယ့်ပွဲ၊ အတ္တလန်တာနဲ့ချန်ပီယံလိဂ်၊ မန်စီးတီးနဲ့မန်ချက်စတာဒါဘီပွဲတွေအထိ

ဆိုးလ်ရှားကို အချိန်ပေးစောင့်ကြည့်သွားဖို့ရှိနေပြီး တကယ်လို့ရလဒ်မကောင်းခဲ့ရင်တော့ ဆိုးလ်ရှားဟာ သူ့ရာထူးကို စွန့်လွှတ်ရဖို့သေချာနေပါတယ်။

ဆိုးလ်ရှားအနေနဲ့ စာချုပ်သက်တမ်းကျန်ရှိနေလို့ လျော်ကြေးအဖြစ်ပေါင်(၇.၅)သန်းရရှိမှာဖြစ်ပေမယ့် ဒီပမာဏက ရာထူးကအထုတ်ခံရလို့ စာချုပ်လျော်ကြေးရခဲ့တဲ့ နည်းပြတွေထဲမှာ အများဆုံးပမာဏမဟုတ်ပါဘူး။

စာချုပ်လျော်ကြေးအများဆုံးရရှိခဲ့တဲ့နည်းပြကတော့ အခု ယူနိုက်တက်အသင်းနည်းပြသစ်ဖြစ်လာဖို့ရေပန်းစားနေတဲ့ကွန်တီပဲဖြစ်ပြီး ၂၀၁၈ ခုနှစ်က ချယ်လ်ဆီးအသင်းနည်းပြရာထူးက အထုတ်ခံခဲ့ရချိန်မှာ ပေါင်(၂၆.၂)သန်းအထိရရှိခဲ့တာဖြစ်ပါတယ်။

ကွန်တီရဲ့နောက် ဒုတိယမြောက်အများဆုံးဖြစ်နေတာက ထုံးစံအတိုင်း နာမည်ကျော်နည်းပြကြီးမော်ရင်ဟိုဖြစ်ပြီး

၂၀၁၈ ခုနှစ်မှာ ယူနိုက်တက်နည်းပြရာထူးကနေအထုတ်ခံခဲ့ရချိန်တုန်းက ပေါင်(၁၉.၆)သန်းအထိရရှိခဲ့သလို ၂၀၀၇ ခုနှစ်ကလည်း

ချယ်လ်ဆီးနည်းပြအဖြစ်အထုတ်ခံခဲ့ရချိန်မှာ ပေါင်(၁၈)သန်းရခဲ့တာကြောင့် တတိယနေရာကိုလည်း သူပဲသိမ်းပိုက်ခဲ့ပါတယ်။

အခုလောလောဆယ် ကာတာကလပ်အယ်လ်ရိုင်ယန်အသင်းမှာနည်းပြအဖြစ်ဆောင်ရွက်နေသူ PSG နည်းပြဟောင်းလော်ရင့်ဘလန့်က

အခုစာရင်းမှာ စတုတ္ထချိတ်ခဲ့သလို သူက ၂၀၁၆ ခုနှစ်မှာ PSG အသင်းနည်းပြရာထူးကနေအထုတ်ခံခဲ့ရတုန်းက စာချုပ်လျော်ကြေးပေါင်(၁၇)သန်းရရှိခဲ့တာပါ။

ဒါ့အပြင် နာမည်ကျော်နည်းပြတွေဖြစ်ကြတဲ့ စကိုလာရီ(ပေါင် ၁၃.၆သန်း၊ ချယ်လ်ဆီး)၊ ကာပယ်လို(ပေါင် ၁၃.၄သန်း၊ ရုရှား)၊

ပိုချက်တီနို(ပေါင် ၁၂.၅သန်း၊ စပါး)၊ ဘိုအက်ရှ်(ပေါင် ၁၂သန်း၊ ချယ်လ်ဆီး)၊ ဒီမတ်တီယို(ပေါင်၁၀.ရသန်း၊ ချယ်လ်ဆီး)တို့လည်း အခုစာရင်းမှာပါဝင်ခဲ့ပြီး

အဆင့်(၁၀)နေရာမှာတော့ မကြာသေးခင်က ဘာစီလိုနာနည်းပြရာထူးကနေအထုတ်ခံခဲ့ရလို့ ပေါင်(၁၀)သန်းအိတ်ထဲထည့်နိုင်ခဲ့တဲ့ ရော်နယ်လ်ကိုးမန်းက ရပ်တည်နေတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရာထူးအထုတ္ခံခဲ့ရလို႔ စာခ်ဳပ္ေလ်ာ္ေၾကးအမ်ားဆုံးရရွိခဲ့တဲ့နည္းျပမ်ား

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရလဒ္ဆိုးေတြနဲ႔ဆက္တိုက္ရင္ဆိုင္ေနရတာေၾကာင့္ နည္းျပျဖစ္သူဆိုးလ္ရွားကို ရာထူးကထုတ္ပယ္ဖို႔စီစဥ္ေနၿပီး တကယ္လို႔ ရာထူးကထုတ္လိုက္ရင္ စာခ်ဳပ္ေလ်ာ္ေၾကးအျဖစ္ေပါင္(၇.၅)သန္းအထိေပးရမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ဇူလိုင္လတုန္းက ဆိုးလ္ရွားနဲ႔ ၂၀၂၄ ခုႏွစ္အထိစာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး ဒီရာသီမွာ အသင္းရဲ႕ေျခစြမ္းနဲ႔ရလဒ္ေတြက စိတ္ပ်က္စရာျဖစ္ေနတာေၾကာင့္ ဆိုးလ္ရွားရဲ႕နည္းျပရာထူးက မေသမခ်ာျဖစ္ေနပါၿပီ။

ယူႏိုက္တက္တာဝန္ရွိသူေတြက လာမယ့္စပါးအသင္းနဲ႔ကစားမယ့္ပြဲ၊ အတၱလန္တာနဲ႔ခ်န္ပီယံလိဂ္၊ မန္စီးတီးနဲ႔မန္ခ်က္စတာဒါဘီပြဲေတြအထိ ဆိုးလ္ရွားကို အခ်ိန္ေပးေစာင့္ၾကည့္သြားဖို႔ရွိေနၿပီး တကယ္လို႔ရလဒ္မေကာင္းခဲ့ရင္ေတာ့ ဆိုးလ္ရွားဟာ သူ႔ရာထူးကို စြန႔္လႊတ္ရဖို႔ေသခ်ာေနပါတယ္။ ဆိုးလ္ရွားအေနနဲ႔ စာခ်ဳပ္သက္တမ္းက်န္ရွိေနလို႔ ေလ်ာ္ေၾကးအျဖစ္ေပါင္(၇.၅)သန္းရရွိမွာျဖစ္ေပမယ့္ ဒီပမာဏက ရာထူးကအထုတ္ခံရလို႔ စာခ်ဳပ္ေလ်ာ္ေၾကးရခဲ့တဲ့ နည္းျပေတြထဲမွာ အမ်ားဆုံးပမာဏမဟုတ္ပါဘူး။

စာခ်ဳပ္ေလ်ာ္ေၾကးအမ်ားဆုံးရရွိခဲ့တဲ့နည္းျပကေတာ့ အခု ယူႏိုက္တက္အသင္းနည္းျပသစ္ျဖစ္လာဖို႔ေရပန္းစားေနတဲ့ကြန္တီပဲျဖစ္ၿပီး ၂၀၁၈ ခုႏွစ္က ခ်ယ္လ္ဆီးအသင္းနည္းျပရာထူးက အထုတ္ခံခဲ့ရခ်ိန္မွာ ေပါင္(၂၆.၂)သန္းအထိရရွိခဲ့တာျဖစ္ပါတယ္။

ကြန္တီရဲ႕ေနာက္ ဒုတိယေျမာက္အမ်ားဆုံးျဖစ္ေနတာက ထုံးစံအတိုင္း နာမည္ေက်ာ္နည္းျပႀကီးေမာ္ရင္ဟိုျဖစ္ၿပီး ၂၀၁၈ ခုႏွစ္မွာ ယူႏိုက္တက္နည္းျပရာထူးကေနအထုတ္ခံခဲ့ရခ်ိန္တုန္းက ေပါင္(၁၉.၆)သန္းအထိရရွိခဲ့သလို ၂၀၀၇ ခုႏွစ္ကလည္း ခ်ယ္လ္ဆီးနည္းျပအျဖစ္အထုတ္ခံခဲ့ရခ်ိန္မွာ ေပါင္(၁၈)သန္းရခဲ့တာေၾကာင့္ တတိယေနရာကိုလည္း သူပဲသိမ္းပိုက္ခဲ့ပါတယ္။

အခုေလာေလာဆယ္ ကာတာကလပ္အယ္လ္႐ိုင္ယန္အသင္းမွာနည္းျပအျဖစ္ေဆာင္႐ြက္ေနသူ PSG နည္းျပေဟာင္းေလာ္ရင့္ဘလန႔္က အခုစာရင္းမွာ စတုတၳခ်ိတ္ခဲ့သလို သူက ၂၀၁၆ ခုႏွစ္မွာ PSG အသင္းနည္းျပရာထူးကေနအထုတ္ခံခဲ့ရတုန္းက စာခ်ဳပ္ေလ်ာ္ေၾကးေပါင္(၁၇)သန္းရရွိခဲ့တာပါ။

ဒါ့အျပင္ နာမည္ေက်ာ္နည္းျပေတြျဖစ္ၾကတဲ့ စကိုလာရီ(ေပါင္ ၁၃.၆သန္း၊ ခ်ယ္လ္ဆီး)၊ ကာပယ္လို(ေပါင္ ၁၃.၄သန္း၊ ႐ုရွား)၊ ပိုခ်က္တီႏို(ေပါင္ ၁၂.၅သန္း၊ စပါး)၊ ဘိုအက္ရွ္(ေပါင္ ၁၂သန္း၊ ခ်ယ္လ္ဆီး)၊ ဒီမတ္တီယို(ေပါင္၁၀.ရသန္း၊ ခ်ယ္လ္ဆီး)တို႔လည္း အခုစာရင္းမွာပါဝင္ခဲ့ၿပီး အဆင့္(၁၀)ေနရာမွာေတာ့ မၾကာေသးခင္က ဘာစီလိုနာနည္းျပရာထူးကေနအထုတ္ခံခဲ့ရလို႔ ေပါင္(၁၀)သန္းအိတ္ထဲထည့္ႏိုင္ခဲ့တဲ့ ေရာ္နယ္လ္ကိုးမန္းက ရပ္တည္ေနတာျဖစ္ပါတယ္။