ရာထူးကအထုတ်ခံရဖို့ ဘွတ်ကီဒိုင်တွေရဲ့အလေးပေးချက်အရ ဆိုးလ်ရှားထိပ်ဆုံးမှာရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီပရီးမီးယားလိဂ်မှာ ရာထူးကနောက်ထပ်အထုတ်ခံရဖို့ရှိနေတဲ့နည်းပြတွေအတွက် ဘွတ်ကီဒိုင်တွေရဲ့အလေးပေးချက်မှာ မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားက ထိပ်ဆုံးနေရာမှာရပ်တည်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့လီဗာပူးလ်နဲ့ပွဲမှာ(၅-၀)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်နောက်ဆုံး(၄)ပွဲမှာ (၁)မှတ်သာရရှိခဲ့တာကြောင့် ဆိုးလ်ရှားအပေါ်ဖိအားတွေများနေပြီဖြစ်ပါတယ်။

အခု ဗြိတိန်နာမည်ကျော်ဘွတ်ကီဝက်ဘ်ဆိုက်ဖြစ်တဲ့ Betfair က ရာထူးကအထုတ်ခံရဖို့နီးစပ်နေတဲ့နည်းပြတွေရဲ့အလေးပေးချက်ကိုသတ်မှတ်ခဲ့တာမှာ ဆိုးလ်ရှားက (၁လေး/၅လေး)နဲ့ရေပန်းအစားဆုံးဖြစ်နေတာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်(၄)ပွဲမှာ အိမ်ကွင်းပွဲ(၃)ပွဲအထိကစားခဲ့ရပေမယ့် ဗီလာကို (၁-၀)ဂိုးနဲ့ရှုံး၊ အဲဗာတန်နဲ့(၁-၁)ဂိုးစီသရေ၊ လီဗာပူးလ်ကို (၅-၀)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့အပြင်

ပြီးခဲ့တဲ့တစ်ပတ်ကလည်း လက်စတာကို (၄-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် နောက်ဆုံး(၂)ပွဲဆက်(၉)ဂိုးအထိပေးခဲ့ရတာလည်းဖြ်စပါတယ်။

အဲဒါကြောင့် ဆိုးလ်ရှားနေရာမှာ တခြားနည်းပြတစ်ဦးနဲ့အစားထိုးဖို့ ယူနိုက်တက်အသင်းပြင်ဆင်နေပြီဆိုတဲ့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသလို ရာထူးကအထုတ်ခံရမယ့်စာရင်းမှာလည်း ထိပ်ဆုံးကရေပန်းစားနေတာပါ။

ဆိုးလ်ရှားရဲ့နောက်မှာတော့ နောဝစ်ချ်အသင်းနည်းပြဒန်နီယဲလ်ဖာ့ခ်က (၁၁လေး/၂လေး)နဲ့ရပ်တည်နေပြီး နောဝစ်ချ်အသင်းဟာ ချယ်လ်ဆီးနဲ့ပွဲမှာ(၇-၀)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့အပြင်

ပရီးမီးယားလိဂ်(၉)ပွဲကစားအပြီးမှာလည်း တစ်ပွဲမှမနိုင်သေးဘဲ တန်းဆင်းဇုန်ထဲမှာရပ်တည်နေတာကြောင့် ဒန်နီယဲလ်ဖာ့ခ်က ရာထူးကအထုတ်ခံရဖို့ ဒုတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။

အံ့အားသင့်စရာကောင်းတာက မကြာသေးခင်ကမှ ဝက်ဖို့ဒ်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခံခဲ့ရတဲ့ ပရီးမီးယားလိဂ်ဝါရင့်နည်းပြကြီးရာနီရေးရီကလည်း အခုစာရင်းမှာ တတိယမြောက်ရေပန်းအစားဆုံးဖြစ်နေတာပါပဲ။

ရာနီရေးရီရဲ့ဝက်ဖို့ဒ်နည်းပြဘဝအဖွင့်ပွဲမှာ လီဗာပူးလ်ကို (၅-၀)ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် ပြီးခဲ့တဲ့အဲဗာတန်နဲ့ပွဲမှာတော့ အဝေးကွင်းမှာ (၅-၂)ဂိုးနဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ရာနီရေးရီရဲ့နောက်မှာတော့ အက်စတွန်ဗီလာအသင်းနည်းပြဒင်းစမစ်(၁၁လေး/၁လေး)နဲ့ ရလဒ်တွေမတည်မငြိမ်ဖြစ်နေတဲ့ စပါးအသင်းနည်းပြနူနိုဆန်တို(၁၂လေး/၁လေး)တို့က အသီးသီးရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရာထူးကအထုတ္ခံရဖို႔ ဘြတ္ကီဒိုင္ေတြရဲ႕အေလးေပးခ်က္အရ ဆိုးလ္ရွားထိပ္ဆုံးမွာရွိေန

ဒီရာသီပရီးမီးယားလိဂ္မွာ ရာထူးကေနာက္ထပ္အထုတ္ခံရဖို႔ရွိေနတဲ့နည္းျပေတြအတြက္ ဘြတ္ကီဒိုင္ေတြရဲ႕အေလးေပးခ်က္မွာ မန္ခ်က္စတာယူႏိုက္တက္နည္းျပဆိုးလ္ရွားက ထိပ္ဆုံးေနရာမွာရပ္တည္ေနပါတယ္။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့လီဗာပူးလ္နဲ႔ပြဲမွာ(၅-၀)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီး ပရီးမီးယားလိဂ္ေနာက္ဆုံး(၄)ပြဲမွာ (၁)မွတ္သာရရွိခဲ့တာေၾကာင့္ ဆိုးလ္ရွားအေပၚဖိအားေတြမ်ားေနၿပီျဖစ္ပါတယ္။

အခု ၿဗိတိန္နာမည္ေက်ာ္ဘြတ္ကီဝက္ဘ္ဆိုက္ျဖစ္တဲ့ Betfair က ရာထူးကအထုတ္ခံရဖို႔နီးစပ္ေနတဲ့နည္းျပေတြရဲ႕အေလးေပးခ်က္ကိုသတ္မွတ္ခဲ့တာမွာ ဆိုးလ္ရွားက (၁ေလး/၅ေလး)နဲ႔ေရပန္းအစားဆုံးျဖစ္ေနတာပါ။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္(၄)ပြဲမွာ အိမ္ကြင္းပြဲ(၃)ပြဲအထိကစားခဲ့ရေပမယ့္ ဗီလာကို (၁-၀)ဂိုးနဲ႔ရႈံး၊ အဲဗာတန္နဲ႔(၁-၁)ဂိုးစီသေရ၊ လီဗာပူးလ္ကို (၅-၀)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့တဲ့အျပင္ ၿပီးခဲ့တဲ့တစ္ပတ္ကလည္း လက္စတာကို (၄-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ ေနာက္ဆုံး(၂)ပြဲဆက္(၉)ဂိုးအထိေပးခဲ့ရတာလည္းျဖ္စပါတယ္။

အဲဒါေၾကာင့္ ဆိုးလ္ရွားေနရာမွာ တျခားနည္းျပတစ္ဦးနဲ႔အစားထိုးဖို႔ ယူႏိုက္တက္အသင္းျပင္ဆင္ေနၿပီဆိုတဲ့သတင္းေတြက်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚေနသလို ရာထူးကအထုတ္ခံရမယ့္စာရင္းမွာလည္း ထိပ္ဆုံးကေရပန္းစားေနတာပါ။

ဆိုးလ္ရွားရဲ႕ေနာက္မွာေတာ့ ေနာဝစ္ခ်္အသင္းနည္းျပဒန္နီယဲလ္ဖာ့ခ္က (၁၁ေလး/၂ေလး)နဲ႔ရပ္တည္ေနၿပီး ေနာဝစ္ခ်္အသင္းဟာ ခ်ယ္လ္ဆီးနဲ႔ပြဲမွာ(၇-၀)ဂိုးျပတ္နဲ႔ရႈံးနိမ့္ခဲ့တဲ့အျပင္ ပရီးမီးယားလိဂ္(၉)ပြဲကစားအၿပီးမွာလည္း တစ္ပြဲမွမႏိုင္ေသးဘဲ တန္းဆင္းဇုန္ထဲမွာရပ္တည္ေနတာေၾကာင့္ ဒန္နီယဲလ္ဖာ့ခ္က ရာထူးကအထုတ္ခံရဖို႔ ဒုတိယေရပန္းအစားဆုံးျဖစ္ေနပါတယ္။

အံ့အားသင့္စရာေကာင္းတာက မၾကာေသးခင္ကမွ ဝက္ဖို႔ဒ္အသင္းနည္းျပသစ္အျဖစ္ခန႔္အပ္ခံခဲ့ရတဲ့ ပရီးမီးယားလိဂ္ဝါရင့္နည္းျပႀကီးရာနီေရးရီကလည္း အခုစာရင္းမွာ တတိယေျမာက္ေရပန္းအစားဆုံးျဖစ္ေနတာပါပဲ။ ရာနီေရးရီရဲ႕ဝက္ဖို႔ဒ္နည္းျပဘဝအဖြင့္ပြဲမွာ လီဗာပူးလ္ကို (၅-၀)ဂိုးျပတ္အေရးနိမ့္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့အဲဗာတန္နဲ႔ပြဲမွာေတာ့ အေဝးကြင္းမွာ (၅-၂)ဂိုးနဲ႔အႏိုင္ယူခဲ့တာျဖစ္ပါတယ္။ ရာနီေရးရီရဲ႕ေနာက္မွာေတာ့ အက္စတြန္ဗီလာအသင္းနည္းျပဒင္းစမစ္(၁၁ေလး/၁ေလး)နဲ႔ ရလဒ္ေတြမတည္မၿငိမ္ျဖစ္ေနတဲ့ စပါးအသင္းနည္းျပႏူႏိုဆန္တို(၁၂ေလး/၁ေလး)တို႔က အသီးသီးရပ္တည္ေနပါတယ္