ရာထူးကအထုတ်ခံခဲ့ရတဲ့ ဆိုးလ်ရှားအတွက် ဝမ်းနည်းစကားဆိုခဲ့ကြတဲ့ ဂယ်ရီနဗီးလ်နဲ့အိုဝင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့က ဝက်ဖို့ဒ်အသင်းကို(၄-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အသင်းဘုတ်အဖွဲ့တာဝန်ရှိသူတွေက အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး နာရီပိုင်းအကြာမှာ ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး(၇)ပွဲမှာ (၅)ပွဲအထိရှုံးနိမ့်ခဲ့တဲ့အပြင် ပြိုင်ပွဲစုံနောက်ဆုံး(၁၃)ပွဲမှာ(၇)ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် အသင်းဘုတ်အဖွဲ့က ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

ယူနိုက်တက်အသင်းအနေနဲ့ နည်းပြသစ်တစ်ဦးခန့်အပ်ဖို့ပြင်ဆင်သွားမှာဖြစ်ပြီး အခုလောလောဆယ် လက်ထောက်နည်းပြဖြစ်သူကာရစ်ကို ယာယီနည်းပြအဖြစ်ခန့်အပ်ထားပါတယ်။

ယူနိုက်တက်အသင်းနည်းပြရာထူးကနေ ဆိုးလ်ရှားအထုတ်ခံခဲ့ရပြီးတဲ့နောက် ယူနိုက်တက်ကစားသမားဟောင်းနှစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့အိုဝင်တို့က ဆိုးလ်ရှားအတွက် ဝမ်းနည်းစကားဆိုခဲ့ကြပါတယ်။

ဂယ်ရီနဗီးလ်က “မင်းစွမ်းဆောင်ခဲ့သမျှအတွက် ကျေးဇူးတင်ပါတယ်..အိုလေရေ။

မင်းစွမ်းဆောင်ရည်အပေါ် ငါတို့ဂုဏ်ယူမိပါတယ်။

ပြီးခဲ့တဲ့နှစ်လအတွင်း ယူနိုက်တက်အသင်းရုန်းကန်ခဲ့ရပေမယ့် အဲဒီမတိုင်ခင်က အသင်းကို အရင်ကလိုစိတ်ဓာတ်မျိုးရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ Twitter ပေါ်မှာရေးသားခဲ့ပါတယ်။

ဒါ့အပြင် အိုဝင်ကလည်း “မကြားချင်တဲ့သတင်းဆိုးကို ဒီနေ့မနက်ပိုင်းမှာ ကြားလိုက်ရပါတယ်။

ဆိုးလ်ရှားမတိုင်ခင် ပြီးခဲ့တဲ့နှစ်တွေအတွင်း နာမည်ကျော်နည်းပြတွေဟာ ယူနိုက်တက်အသင်းကို,ကိုင်တွယ်ခဲ့ကြပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။

ယူနိုက်တက်အသင်းမှာ အရည်အသွေးမြင့်ကစားသမားတွေရှိတဲ့အချိန်ကျမှ ဆိုးလ်ရှားဟာ အသင်းနဲ့လမ်းခွဲလိုက်ရပါတယ်။

ဒီကစားသမားတွေရဲ့အရည်အသွေးကို အပြည့်အဝအသုံးချနိုင်ဖို့က နောက်နည်းပြသစ်အပေါ်မှာပဲ မူတည်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

အခုလောလောဆယ် ယူနိုက်တက်အသင်းနည်းပြသစ်အဖြစ် ဘရန်ဒန်ရော်ဂျာ၊ ဇီဒန်း၊ အဲရစ်တန်ဟက်တို့ရေပန်းစားနေပြီး ယူနိုက်တက်နည်းပြထိုင်ခုံပေါ် ဘယ်သူရောက်မလာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရာထူးကအထုတ္ခံခဲ့ရတဲ့ ဆိုးလ္ရွားအတြက္ ဝမ္းနည္းစကားဆိုခဲ့ၾကတဲ့ ဂယ္ရီနဗီးလ္နဲ႔အိုဝင္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ စေနေန႔က ဝက္ဖို႔ဒ္အသင္းကို(၄-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ အသင္းဘုတ္အဖြဲ႕တာဝန္ရွိသူေတြက အေရးေပၚအစည္းအေဝးေခၚယူခဲ့ၿပီး နာရီပိုင္းအၾကာမွာ ဆိုးလ္ရွားကို ရာထူးကထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ေနာက္ဆုံး(၇)ပြဲမွာ (၅)ပြဲအထိရႈံးနိမ့္ခဲ့တဲ့အျပင္ ၿပိဳင္ပြဲစုံေနာက္ဆုံး(၁၃)ပြဲမွာ(၇)ပြဲအထိရႈံးနိမ့္ခဲ့တာေၾကာင့္ အသင္းဘုတ္အဖြဲ႕က ဆိုးလ္ရွားကို ရာထူးကထုတ္ပယ္ဖို႔ဆုံးျဖတ္ခဲ့တာပါ။ ယူႏိုက္တက္အသင္းအေနနဲ႔ နည္းျပသစ္တစ္ဦးခန႔္အပ္ဖို႔ျပင္ဆင္သြားမွာျဖစ္ၿပီး အခုေလာေလာဆယ္ လက္ေထာက္နည္းျပျဖစ္သူကာရစ္ကို ယာယီနည္းျပအျဖစ္ခန႔္အပ္ထားပါတယ္။ ယူႏိုက္တက္အသင္းနည္းျပရာထူးကေန ဆိုးလ္ရွားအထုတ္ခံခဲ့ရၿပီးတဲ့ေနာက္ ယူႏိုက္တက္ကစားသမားေဟာင္းႏွစ္ဦးျဖစ္တဲ့ ဂယ္ရီနဗီးလ္နဲ႔အိုဝင္တို႔က ဆိုးလ္ရွားအတြက္ ဝမ္းနည္းစကားဆိုခဲ့ၾကပါတယ္။

ဂယ္ရီနဗီးလ္က “မင္းစြမ္းေဆာင္ခဲ့သမွ်အတြက္ ေက်းဇူးတင္ပါတယ္..အိုေလေရ။ မင္းစြမ္းေဆာင္ရည္အေပၚ ငါတို႔ဂုဏ္ယူမိပါတယ္။ ၿပီးခဲ့တဲ့ႏွစ္လအတြင္း ယူႏိုက္တက္အသင္း႐ုန္းကန္ခဲ့ရေပမယ့္ အဲဒီမတိုင္ခင္က အသင္းကို အရင္ကလိုစိတ္ဓာတ္မ်ိဳးရရွိေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္”လို႔ Twitter ေပၚမွာေရးသားခဲ့ပါတယ္။ ဒါ့အျပင္ အိုဝင္ကလည္း “မၾကားခ်င္တဲ့သတင္းဆိုးကို ဒီေန႔မနက္ပိုင္းမွာ ၾကားလိုက္ရပါတယ္။ ဆိုးလ္ရွားမတိုင္ခင္ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း နာမည္ေက်ာ္နည္းျပေတြဟာ ယူႏိုက္တက္အသင္းကို,ကိုင္တြယ္ခဲ့ၾကေပမယ့္ ေအာင္ျမင္မႈမရခဲ့ပါဘူး။ ယူႏိုက္တက္အသင္းမွာ အရည္အေသြးျမင့္ကစားသမားေတြရွိတဲ့အခ်ိန္က်မွ ဆိုးလ္ရွားဟာ အသင္းနဲ႔လမ္းခြဲလိုက္ရပါတယ္။ ဒီကစားသမားေတြရဲ႕အရည္အေသြးကို အျပည့္အဝအသုံးခ်ႏိုင္ဖို႔က ေနာက္နည္းျပသစ္အေပၚမွာပဲ မူတည္ပါတယ္”လို႔ ေရးသားခဲ့ပါတယ္။ အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းနည္းျပသစ္အျဖစ္ ဘရန္ဒန္ေရာ္ဂ်ာ၊ ဇီဒန္း၊ အဲရစ္တန္ဟက္တို႔ေရပန္းစားေနၿပီး ယူႏိုက္တက္နည္းျပထိုင္ခုံေပၚ ဘယ္သူေရာက္မလာမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။