ရာထူးကထုတ်ခံရဖို့ ယာဂန်ကလော့ပ် ရေပန်းစားနေ

လက်စတာအသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ဟာ နည်းပြရာထူးကထုတ်ပယ်ခံရမယ့်စာရင်းထဲမှာ ထိပ်ဆုံးကရေပန်းစားနေပါတယ်။

လက်စတာနဲ့ပွဲမှာ လီဗာပူးလ်အသင်းဟာ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ခံစစ်အမှားတချို့ကြောင့် မိနစ်ပိုင်းအတွင်း ဂိုးတွေပြန်ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့သလို ခုဆိုရင် အဆင့် ၄အတွင်းဝင်ဖို့တောင် မသေချာတဲ့အနေအထားဖြစ်နေပါပြီ။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းအနေနဲ့ အခုဆိုရင် ထိပ်ဆုံးက မန်စီးတီးနဲ့ ၁၃ မှတ်အထိကွာဟနေပြီး ယာဂန်ကလော့ပ်ကလည်း ချန်ပီယံဆုမျော်လင့်ချက်က အဆုံးသတ်သွားပြီလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

လီဗားပူးလ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရသလို ဖြစ်နိုင်ခြေရှိတဲ့ အမှတ် ၃၀ ထဲက ၉ မှတ်သာရရှိခဲ့တဲ့အပြင် ပြိုင်ပွဲစုံ ၆ ပွဲမှာ ၄ ပွဲအထိရှုံးနိမ့်ခဲ့ပါတယ်။ လက်စတာနဲ့ပွဲအပြီးမှာ ကလော့ပ်က ”မန်စီးတီးနဲ့ အမှတ်ကွာဟမှုကို အမီလိုက်နိုင်မယ်လို့ ကျွန်တော် မထင်တော့ပါဘူး။ အခုအချိန်မှာ အဲဒါက အရမ်းခက်ခဲသွားပါပြီ။

လက်ရှိ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေဆိုးက ရုန်းထွက်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက အကောင်းဆုံးကစားနိုင်ဖို့ရယ်၊ ဆက်လက်တိုက်ပွဲဝင်ဖို့နဲ့ ဒီထက်ပိုကြိုးစားအားထုတ်ဖို့ပဲဖြစ်ပါတယ်။ ရာသီကုန်မှာ ဘယ်လိုအဆုံးသတ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အခုလက်ရှိအချိန်မှာတော့ နည်း​​​ပြရာထူးက ထုတ်ပယ်ခံရဖို့ ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးချက်မှာ ကလော့ပ်က ၁၀လေး /၁၁ လေးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး သူ့နောက်မှာတော့ လီဗာပူးလ်အသင်းလိုပဲ ရလဒ်တွေဆိုးရွားနေတဲ့ စပါးအသင်းနည်းပြ မော်ရင်ဟိုက ၉လေး /၂လေးနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

Zawgyi

ရာထူးကထုတ္ခံရဖို႔ ယာဂန္ကေလာ့ပ္ ေရပန္းစားေန

လက္စတာအသင္းကို ၃-၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ လီဗာပူးလ္အသင္းနည္းျပ ယာဂန္ကေလာ့ပ္ဟာ နည္းျပရာထူးကထုတ္ပယ္ခံရမယ့္စာရင္းထဲမွာ ထိပ္ဆုံးကေရပန္းစားေနပါတယ္။ လက္စတာနဲ႔ပြဲမွာ လီဗာပူးလ္အသင္းဟာ ဦးေဆာင္ဂိုးရရွိခဲ့ေပမယ့္ ခံစစ္အမွားတခ်ိဳ႕ေၾကာင့္ မိနစ္ပိုင္းအတြင္း ဂိုးေတြျပန္ေပးခဲ့ရၿပီး ရႈံးနိမ့္ခဲ့သလို ခုဆိုရင္ အဆင့္ ၄အတြင္းဝင္ဖို႔ေတာင္ မေသခ်ာတဲ့အေနအထားျဖစ္ေနပါၿပီ။ ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံ လီဗာပူးလ္အသင္းအေနနဲ႔ အခုဆိုရင္ ထိပ္ဆုံးက မန္စီးတီးနဲ႔ ၁၃ မွတ္အထိကြာဟေနၿပီး ယာဂန္ကေလာ့ပ္ကလည္း ခ်န္ပီယံဆုေမ်ာ္လင့္ခ်က္က အဆုံးသတ္သြားၿပီလို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

လီဗားပူးလ္အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၃ ပြဲဆက္ ရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရသလို ျဖစ္ႏိုင္ေျခရွိတဲ့ အမွတ္ ၃၀ ထဲက ၉ မွတ္သာရရွိခဲ့တဲ့အျပင္ ၿပိဳင္ပြဲစုံ ၆ ပြဲမွာ ၄ ပြဲအထိရႈံးနိမ့္ခဲ့ပါတယ္။ လက္စတာနဲ႔ပြဲအၿပီးမွာ ကေလာ့ပ္က ”မန္စီးတီးနဲ႔ အမွတ္ကြာဟမႈကို အမီလိုက္ႏိုင္မယ္လို႔ ကြၽန္ေတာ္ မထင္ေတာ့ပါဘူး။ အခုအခ်ိန္မွာ အဲဒါက အရမ္းခက္ခဲသြားပါၿပီ။ လက္ရွိ ကြၽန္ေတာ္တို႔ ရင္ဆိုင္ေနရတဲ့ အေျခအေနဆိုးက ႐ုန္းထြက္ႏိုင္ဖို႔ တစ္ခုတည္းေသာနည္းလမ္းက အေကာင္းဆုံးကစားႏိုင္ဖို႔ရယ္၊ ဆက္လက္တိုက္ပြဲဝင္ဖို႔နဲ႔ ဒီထက္ပိုႀကိဳးစားအားထုတ္ဖို႔ပဲျဖစ္ပါတယ္။ ရာသီကုန္မွာ ဘယ္လိုအဆုံးသတ္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အခုလက္ရွိအခ်ိန္မွာေတာ့ နည္း​​​ျပရာထူးက ထုတ္ပယ္ခံရဖို႔ ဘြတ္ကီဒိုင္ေတြရဲ႕ အေလးေပးခ်က္မွာ ကေလာ့ပ္က ၁၀ေလး /၁၁ ေလးနဲ႔ ထိပ္ဆုံးမွာ ရပ္တည္ေနၿပီး သူ႔ေနာက္မွာေတာ့ လီဗာပူးလ္အသင္းလိုပဲ ရလဒ္ေတြဆိုး႐ြားေနတဲ့ စပါးအသင္းနည္းျပ ေမာ္ရင္ဟိုက ၉ေလး /၂ေလးနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။