ရာဇဝင်ကြွေးတွေရှိနေတဲ့ အာဆင်နယ်ကို ယူရိုပါလိဂ်ဘုရင် အမ်မရီအားကိုးနဲ့ ဗီလာရီးရဲလ် အနိုင်ယူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရိုပါလိဂ်မှာ ဗိုလ်စွဲမှ နောက်နှစ် ဥရောပပြိုင်ပွဲ ဝင်ခွင့်ရမှာဖြစ်တဲ့ အာဆင်နယ်ဟာ အခုပွဲမှာ ကြိုးစားကစားခဲ့ပေမယ့် ဗီလာရီးရဲလ်ကို မယှဉ်နိုင်ခဲ့ပါဘူး။

ဒဏ်ရာကပြန်သက်သာလာတဲ့ အူဘာမီယန်းကို မိနစ် ၈၀ကျော်မှ လူစားဝင်ကစားစေခဲ့သလို ကြံံခိုင်မှုပြသနာကြောင့် လာကာဇက်တီ၊ ဒေးဗစ်လုဇ်တို့လည်း မပါနိုင်ခဲ့ဘဲ

ပီပီ၊ဆာခါ၊ ပါတေး၊ အိုဒီဂတ်၊ ကာဘယ်လော့စ် စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။

ဗီလာရီးရဲလ်က ပီရီဂျီု၊ မိုရီနို၊ အဲလ်ကာကာ၊ အယ်ဘီယို စတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့တာပါ။

ယူရိုပါလိဂ်ဘုရင်ဖြစ်တဲ့ ဗီလာရီးရဲလ်နည်းပြ အမ်မရီဟာ သူ့အသင်းကို အကောင်းဆုံး ရင်ဆိုင်သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

အထလေးတဲ့ အာဆင်နယ်ကို ပွဲအစပိုင်းမှာတည်းက ဖိကစားပြီး ဂိုးစောစောရဖို့ ဗျူဟာလုပ်ထားခဲ့တဲ့ အမ်မရီရဲ့ နည်းစနစ် အလုပ်ဖြစ်ခဲ့ပြီး

ပွဲအစ ၅မိနစ်မှာပဲ တီဂူရော့စ်က အိမ်ရှင်အတွက် ဦးဆောင်ဂိုး စသွင်းနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် နာရီဝက်လောက်မှာတော့ ဝါရင့်နောက်ခံလူ အသင်းခေါင်းဆောင် အယ်ဘီယို နောက်တစ်ဂိုး ထပ်သွင်းပြီး ပထမပိုင်းမှာ ၂ဂိုးပြတ် ဦးဆောင်နေခဲ့တာပါ။

အဝေးဂိုးနဲ့ ချေပဂိုးတွေရဖို့ ကြိုးစားနေတဲ့ အာဆင်နယ်အသင်းဟာ ဒုတိယပိုင်း ၅၇မိန်စမှာ ကွင်းလယ်ကစားသမား ကာဘယ်လော့စ် ၂ဝါ ၁နီနဲ့ အထုတ်ခံလိုက်ရပြီး အသင်းလိုက် ဟန်ချက်ပိုပျက်သွားခဲ့ပါတယ်။

သူတို့ အဓိက အားထားတဲ့ ကွင်းလယ်က အိုဒီဂတ်လည်း ခြေမပေါ်တဲ့အတွက် နည်းပြ အာတီတာက မာတင်နယ်လီနဲ့ လူစားလဲပြီး အဝေးဂိုးရဖို့ မထူးဇာတ်ခင်းခဲ့တာပါ။

ဒါပေမယ့် အာတီတာ ကံကောင်းသွားပြီး ၇၃မိနစ်မှာ ပင်နယ်တီကနေတဆင့် ပီပီက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ အဖိုးတန် အဝေးဂိုး ၁ဂိုးပြန်ရခဲ့ပြီး

အီမရိတ်မှာကစားရမယ့် ဒုတိယအကျော့အတွက် မျှော်လင့်ချက် ပြန်ရှိသွားစေခဲ့တာပါ။

ဗီလာရီးရဲလ်ဟာ ဥရောပအဆင့်ပြိုင်ပွဲတွေမှာ အာဆင်နယ်က ၂ကြိမ်တိုင်တိုင် ဒုက္ခပေးထားတာ ခံခဲ့ရတဲ့အသင်းပါ။

၂၀၀၆ခုနှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အာဆင်နယ်ကိုရှုံးခဲ့သလို ၂၀၀၉ခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း ထပ်ရှုံးခဲ့ပါတယ်။

ရာဇဝင်ကြွေးတွေရှိနေတဲ့ အာဆင်နယ်ကို ဒီတစ်ခေါက်မှာတော့ ယူရိုပါလိဂ်ဆရာကြီး နည်းပြ အမ်မရီရဲ့ အစွမ်းနဲ့ ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေတာ ပထမအကျော့တော့တာဝန်ကြေခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရာဇဝင္ေႂကြးေတြရွိေနတဲ့ အာဆင္နယ္ကို ယူ႐ိုပါလိဂ္ဘုရင္ အမ္မရီအားကိုးနဲ႔ ဗီလာရီးရဲလ္ အႏိုင္ယူ

ယူ႐ိုပါလိဂ္မွာ ဗိုလ္စြဲမွ ေနာက္ႏွစ္ ဥေရာပၿပိဳင္ပြဲ ဝင္ခြင့္ရမွာျဖစ္တဲ့ အာဆင္နယ္ဟာ အခုပြဲမွာ ႀကိဳးစားကစားခဲ့ေပမယ့္ ဗီလာရီးရဲလ္ကို မယွဥ္ႏိုင္ခဲ့ပါဘူး။ ဒဏ္ရာကျပန္သက္သာလာတဲ့ အူဘာမီယန္းကို မိနစ္ ၈၀ေက်ာ္မွ လူစားဝင္ကစားေစခဲ့သလို ႀကံံခိုင္မႈျပသနာေၾကာင့္ လာကာဇက္တီ၊ ေဒးဗစ္လုဇ္တို႔လည္း မပါႏိုင္ခဲ့ဘဲ ပီပီ၊ဆာခါ၊ ပါေတး၊ အိုဒီဂတ္၊ ကာဘယ္ေလာ့စ္ စတဲ့ ကစားသမားေတြနဲ႔ ပြဲထြက္လာခဲ့ပါတယ္။ ဗီလာရီးရဲလ္က ပီရီဂ်ီဳ၊ မိုရီႏို၊ အဲလ္ကာကာ၊ အယ္ဘီယို စတဲ့ ကစားသမားေတြနဲ႔ ရင္ဆိုင္ခဲ့တာပါ။

ယူ႐ိုပါလိဂ္ဘုရင္ျဖစ္တဲ့ ဗီလာရီးရဲလ္နည္းျပ အမ္မရီဟာ သူ႔အသင္းကို အေကာင္းဆုံး ရင္ဆိုင္သြားခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ အထေလးတဲ့ အာဆင္နယ္ကို ပြဲအစပိုင္းမွာတည္းက ဖိကစားၿပီး ဂိုးေစာေစာရဖို႔ ဗ်ဴဟာလုပ္ထားခဲ့တဲ့ အမ္မရီရဲ႕ နည္းစနစ္ အလုပ္ျဖစ္ခဲ့ၿပီး ပြဲအစ ၅မိနစ္မွာပဲ တီဂူေရာ့စ္က အိမ္ရွင္အတြက္ ဦးေဆာင္ဂိုး စသြင္းႏိုင္ခဲ့ပါတယ္။ ပြဲကစားခ်ိန္ နာရီဝက္ေလာက္မွာေတာ့ ဝါရင့္ေနာက္ခံလူ အသင္းေခါင္းေဆာင္ အယ္ဘီယို ေနာက္တစ္ဂိုး ထပ္သြင္းၿပီး ပထမပိုင္းမွာ ၂ဂိုးျပတ္ ဦးေဆာင္ေနခဲ့တာပါ။

အေဝးဂိုးနဲ႔ ေခ်ပဂိုးေတြရဖို႔ ႀကိဳးစားေနတဲ့ အာဆင္နယ္အသင္းဟာ ဒုတိယပိုင္း ၅၇မိန္စမွာ ကြင္းလယ္ကစားသမား ကာဘယ္ေလာ့စ္ ၂ဝါ ၁နီနဲ႔ အထုတ္ခံလိုက္ရၿပီး အသင္းလိုက္ ဟန္ခ်က္ပိုပ်က္သြားခဲ့ပါတယ္။ သူတို႔ အဓိက အားထားတဲ့ ကြင္းလယ္က အိုဒီဂတ္လည္း ေျခမေပၚတဲ့အတြက္ နည္းျပ အာတီတာက မာတင္နယ္လီနဲ႔ လူစားလဲၿပီး အေဝးဂိုးရဖို႔ မထူးဇာတ္ခင္းခဲ့တာပါ။

ဒါေပမယ့္ အာတီတာ ကံေကာင္းသြားၿပီး ၇၃မိနစ္မွာ ပင္နယ္တီကေနတဆင့္ ပီပီက အမွားအယြင္းမရွိ ကန္သြင္းႏိုင္ခဲ့လို႔ အဖိုးတန္ အေဝးဂိုး ၁ဂိုးျပန္ရခဲ့ၿပီး အီမရိတ္မွာကစားရမယ့္ ဒုတိယအေက်ာ့အတြက္ ေမွ်ာ္လင့္ခ်က္ ျပန္ရွိသြားေစခဲ့တာပါ။

ဗီလာရီးရဲလ္ဟာ ဥေရာပအဆင့္ၿပိဳင္ပြဲေတြမွာ အာဆင္နယ္က ၂ႀကိမ္တိုင္တိုင္ ဒုကၡေပးထားတာ ခံခဲ့ရတဲ့အသင္းပါ။ ၂၀၀၆ခုႏွစ္ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္မွာ အာဆင္နယ္ကိုရႈံးခဲ့သလို ၂၀၀၉ခုႏွစ္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာလည္း ထပ္ရႈံးခဲ့ပါတယ္။ ရာဇဝင္ေႂကြးေတြရွိေနတဲ့ အာဆင္နယ္ကို ဒီတစ္ေခါက္မွာေတာ့ ယူ႐ိုပါလိဂ္ဆရာႀကီး နည္းျပ အမ္မရီရဲ႕ အစြမ္းနဲ႔ ေက်ာ္ျဖတ္ႏိုင္ဖို႔ ႀကိဳးစားေနတာ ပထမအေက်ာ့ေတာ့ တာဝန္ေၾကခဲ့ပါၿပီ။