ရာစုနှစ်သမိုင်းမှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့တဲ့ မက်ဆီ

PC ; Internet

ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီဟာ ဆီဗီလာကို ဂိုးပြတ်ချေမှုန်းနိုင်တဲ့ လာလီဂါပွဲစဉ်မှာ ရာစုနှစ်သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။အသက် ၃၂နှစ်အရွယ် အာဂျင်တီးနားကြယ်ပွင့်ဟာ ဘာစီလိုနာအတွက် ဂိုးဧရိယာပြင်ပကနေ သူ့ရဲ့ ၁၀၀ မြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။လာလီဂါပွဲစဉ်-၈ အဖြစ် နူးကမ့်မှာကစားတဲ့အဲဒီပွဲစဉ်မှာ ဗယ်ဗာဒီရဲ့အသင်းဟာ ဆွာရက်ဇ်၊ဗီဒယ်၊ဒမ်ဘီလီတို့သွင်းဂိုးတွေနဲ့ ပထမပိုင်းမှာတင် ၃ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းပွဲပြီးဖို့ ၁၂မိနစ်အလိုမှာတော့ မက်ဆီက သူ့ရဲ့အထိမ်းအမှတ်ဖြစ်တဲ့ ဖရီးကစ်ကန်ချက်ကနေ စတုတ္ထဂိုးကိုလှလှပပသွင်းယူပေးခဲ့တာပါ။

PC ; Internet

ဒါဟာ ဒီရာသီမှာ ဘာစီလိုနာအတွက် သူ့ရဲ့ပထမဆုံးဂိုးဖြစ်ပေမယ့် ဖရီးကစ်ကနေ ၄၃ဂိုးမြောက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။မကြာခင်ကမှ ဖီဖာတစ်နှစ်တာအကောင်းဆုံးဆုရရှိထားတဲ့ ရွှေဘောလုံးဆု ၅ထပ်ကွမ်းရှင်အတွက် နောက်ထပ်ဂုဏ်ယူစရာ မှတ်တမ်းတစ်ခုကတော့ တော်ရုံကစားသမားလိုက်မီဖို့ သိပ်မလွယ်တဲ့အနေအထားလို့ ဆိုရမှာပါ။အဲဒီပွဲက သူ့ရဲ့သွင်းဂိုးဟာ ၂၁ရာစုအတွင်းမှာ လာလီဂါ ၁၆ ရာသီဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာပါပဲ။

PC ; Internet

ဆီဗီလာအတွက် ကံမကောင်းတာကတော့ ဘာစီလိုနာနဲ့ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်တွေမှာ မက်ဆီတစ်ဦးတည်းရဲ့ ၃၇ဂိုးမြောက်ကို ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။ဒဏ်ရာပြသနာတွေကြောင့် ဒီရာသီမှာ ဘာစီလိုနာအတွက် ၂ပွဲသာ ပွဲထွက်ကစားပေးနိုင်သေးတဲ့ အာဂျင်တီးနားသားအတွက် ယုံကြည်မှုရရှိစေမယ့် ဂုဏ်ယူစရာမှတ်တမ်းတွေ ဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဘာစီလိုနာအတွက်လည်း ဒီရာသီအကြီးမားဆုံးနိုင်ပွဲဖြစ်ခဲ့ပြီး အက်သလက်တီကိုကိုကျော်ဖြတ်ကာ အမှတ်ပေးဇယား ဒုတိယနေရာတက်ရောက်နိုင်ခဲ့သလို ထိပ်ဆုံးကပြိုင်ဘက်ကြီးရီးရဲလ်နဲ့ ၂မှတ်သာကွာပါတော့တယ်။

(zawgyi)

ဘာစီလိုနာအသင္းေခါင္းေဆာင္မက္ဆီဟာ ဆီဗီလာကို ဂိုးျပတ္ေခ်မႈန္းႏိုင္တဲ့ လာလီဂါပြဲစဥ္မွာ ရာစုႏွစ္သမိုင္းမွတ္တိုင္တစ္ခုကို စိုက္ထူႏိုင္ခဲ့ပါတယ္။အသက္ ၃၂ႏွစ္အရြယ္ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ဘာစီလိုနာအတြက္ ဂိုးဧရိယာျပင္ပကေန သူ႔ရဲ႕ ၁၀၀ ေျမာက္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ပါတယ္။လာလီဂါပြဲစဥ္-၈ အျဖစ္ ႏူးကမ့္မွာကစားတဲ့အဲဒီပြဲစဥ္မွာ ဗယ္ဗာဒီရဲ႕အသင္းဟာ ဆြာရက္ဇ္၊ဗီဒယ္၊ဒမ္ဘီလီတို႔သြင္းဂိုးေတြနဲ႔ ပထမပိုင္းမွာတင္ ၃ဂိုးျပတ္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒုတိယပိုင္းပြဲၿပီးဖို႔ ၁၂မိနစ္အလိုမွာေတာ့ မက္ဆီက သူ႔ရဲ႕အထိမ္းအမွတ္ျဖစ္တဲ့ ဖရီးကစ္ကန္ခ်က္ကေန စတုတၳဂိုးကိုလွလွပပသြင္းယူေပးခဲ့တာပါ။ဒါဟာ ဒီရာသီမွာ ဘာစီလိုနာအတြက္ သူ႔ရဲ႕ပထမဆံုးဂိုးျဖစ္ေပမယ့္ ဖရီးကစ္ကေန ၄၃ဂိုးေျမာက္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။မၾကာခင္ကမွ ဖီဖာတစ္ႏွစ္တာအေကာင္းဆံုးဆုရရွိထားတဲ့ ေရႊေဘာလံုးဆု ၅ထပ္ကြမ္းရွင္အတြက္ ေနာက္ထပ္ဂုဏ္ယူစရာ မွတ္တမ္းတစ္ခုကေတာ့ ေတာ္ရံုကစားသမားလိုက္မီဖို႔ သိပ္မလြယ္တဲ့အေနအထားလို႔ ဆိုရမွာပါ။အဲဒီပြဲက သူ႔ရဲ႕သြင္းဂိုးဟာ ၂၁ရာစုအတြင္းမွာ လာလီဂါ ၁၆ ရာသီဆက္ ဂိုးသြင္းႏိုင္တဲ့ ပထမဆံုးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တာပါပဲ။ဆီဗီလာအတြက္ ကံမေကာင္းတာကေတာ့ ဘာစီလိုနာနဲ႔ရင္ဆိုင္ခဲ့တဲ့ပြဲစဥ္ေတြမွာ မက္ဆီတစ္ဦးတည္းရဲ႕ ၃၇ဂိုးေျမာက္ကို ခြင့္ျပဳလိုက္ရတာျဖစ္ပါတယ္။ဒဏ္ရာျပသနာေတြေၾကာင့္ ဒီရာသီမွာ ဘာစီလိုနာအတြက္ ၂ပြဲသာ ပြဲထြက္ကစားေပးႏိုင္ေသးတဲ့ အာဂ်င္တီးနားသားအတြက္ ယံုၾကည္မႈရရွိေစမယ့္ ဂုဏ္ယူစရာမွတ္တမ္းေတြ ျဖစ္ခဲ့တယ္လို႔ဆိုႏိုင္ပါတယ္။ဘာစီလိုနာအတြက္လည္း ဒီရာသီအႀကီးမားဆံုးႏိုင္ပြဲျဖစ္ခဲ့ၿပီး အက္သလက္တီကိုကိုေက်ာ္ျဖတ္ကာ အမွတ္ေပးဇယား ဒုတိယေနရာတက္ေရာက္ႏိုင္ခဲ့သလို ထိပ္ဆံုးကၿပိဳင္ဘက္ႀကီးရီးရဲလ္နဲ႔ ၂မွတ္သာကြာပါေတာ့တယ္။