ရသင့်တဲ့ပယ်နယ်တီတွေ မရတော့လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှား ဒေါသပေါက်ကွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ပြိုင်ဘက်နည်းပြတွေရဲ့ ဝေဖန်ပြောဆိုမှုကြောင့် အခုနောက်ပိုင်းမှာ သူတို့အသင်းရသင့်တဲ့ ပယ်နယ်တီတွေ မရတော့ဘူးလို့ ပြစ်တင်စကားဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်ဟာ သူတို့အသင်းက ယူနိုက်တက်အသင်းလောက် ပယ်နယ်တီတွေ မရဘူးလို့ဝေဖန်ပြောဆိုခဲ့ပြီး အဲဒီမတိုင်ခင်က ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်(၃)ပွဲမှာ ပယ်နယ်တီ(၁)ကြိမ်နှုန်းရရှိခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ပရီးမီးယားလိဂ်(၅)ပွဲမှ ပယ်နယ်တီ(၁)ကြိမ်နှုန်းရရှိခဲ့တဲ့အထိ ကျဆင်းသွားခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ ဇန်နဝါရီလ(၄)ရက်နေ့မတိုင်ခင်အထိ ပရီးမီးယားလိဂ်မှာ ပယ်နယ်တီရရှိမှုအများဆုံးဖြစ်ခဲ့ပေမယ့် အဲဒီနောက်မှာတော့ အဆင့်(၆)နေရာအထိကျဆင်းသွားပြီး မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ ဘရိုက်တန်နဲ့ ဝုလ်ဗ်အသင်းတို့က ယူနိုက်တက်အသင်းထက် ပယ်နယ်တီရရှိမှု ပိုများခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ချယ်လ်ဆီးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ချယ်လ်ဆီးကစားသမားအိုဒွိုင်း ပယ်နယ်တီဧရိယာအတွင်း လက်ထိဘောဖြစ်ခဲ့ပေမယ့် ပယ်နယ်တီ မရခဲ့ပါဘူး။ အဲဒါကြောင့် ဆိုးလ်ရှားဟာ ပြိုင်ဘက်နည်းပြတွေအနေနဲ့ ဒိုင်လူကြီးတွေကို ဖိအားပေးဝေဖန်တာတွေကြောင့် သူတို့အသင်း ရသင့်တဲ့ပယ်နယ်တီတွေ မရတော့တဲ့အတွက် ဒေါသပေါက်ကွဲနေတာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားက “ပြီးခဲ့တဲ့ (၁)လ၊ (၂)လလောက်တုန်းက ကျွန်တော်တို့အသင်း ပယ်နယ်တီရရှိတဲ့အရေအတွက်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း အရင်လောက် ပယ်နယ်တီမရတော့တဲ့အတွက် ကျွန်တော်စိတ်ပျက်မိပါတယ်။ နည်းပြတွေဟာ ဒိုင်လူကြီးတွေကို လိုတာထက်ပိုပြီးဖိအားပေးနေကြတာက မဖြစ်သင့်ပါဘူး။

ချယ်လ်ဆီးနဲ့ပွဲက အိုဒွိုင်းရဲ့အဖြစ်အပျက်က ရုပ်သံကနေပြန်ကြည့်ပြီးတဲ့နောက်မှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် ကျွန်တော် အံ့အားသင့်မိပါတယ်။ ကျွန်တော်တို့ သေချာပေါက် ပယ်နယ်တီရခဲ့သင့်တာပါ”လို့ ပြောကြားခဲ့ပါတယ်။ စစ်တမ်းတွေအရတော့ ပရီးမီးယားလိဂ်မှာ VAR စနစ်ကို စတင်ကျင့်သုံးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီကစပြီး ပယ်နယ်တီရရှိမှုအများဆုံးအသင်းစာရင်းမှာ ယူနိုက်တက်အသင်းက ဦးဆောင်နေတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီကနေ လက်ရှိအချိန်အထိ စုစုပေါင်းပယ်နယ်တီရရှိခဲ့တဲ့အကြိမ် (၂၂)ကြိမ်အထိရှိနေပြီး သူတို့နောက်မှာ မန်စီးတီးအသင်းက (၁၈)ကြိမ်၊ လက်စတာအသင်းက (၁၇)ကြိမ်၊ ချယ်လ်ဆီးက (၁၅)ကြိမ်နဲ့ လီဗာပူးလ်အသင်းက (၁၁)ကြိမ်စီရရှိခဲ့ကြတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရသင့္တဲ့ပယ္နယ္တီေတြ မရေတာ့လို႔ ယူႏိုက္တက္နည္းျပဆိုးလ္ရွား ေဒါသေပါက္ကြဲ

မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက ၿပိဳင္ဘက္နည္းျပေတြရဲ႕ ေဝဖန္ေျပာဆိုမႈေၾကာင့္ အခုေနာက္ပိုင္းမွာ သူတို႔အသင္းရသင့္တဲ့ ပယ္နယ္တီေတြ မရေတာ့ဘူးလို႔ ျပစ္တင္စကားဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းက လီဗာပူးလ္အသင္းနည္းျပယာဂန္ကေလာ့ပ္ဟာ သူတို႔အသင္းက ယူႏိုက္တက္အသင္းေလာက္ ပယ္နယ္တီေတြ မရဘူးလို႔ေဝဖန္ေျပာဆိုခဲ့ၿပီး အဲဒီမတိုင္ခင္က ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္(၃)ပြဲမွာ ပယ္နယ္တီ(၁)ႀကိမ္ႏႈန္းရရွိခဲ့ေပမယ့္ အဲဒီေနာက္ပိုင္းမွာ ပရီးမီးယားလိဂ္(၅)ပြဲမွ ပယ္နယ္တီ(၁)ႀကိမ္ႏႈန္းရရွိခဲ့တဲ့အထိ က်ဆင္းသြားခဲ့ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္အသင္းဟာ ဇန္နဝါရီလ(၄)ရက္ေန႔မတိုင္ခင္အထိ ပရီးမီးယားလိဂ္မွာ ပယ္နယ္တီရရွိမႈအမ်ားဆုံးျဖစ္ခဲ့ေပမယ့္ အဲဒီေနာက္မွာေတာ့ အဆင့္(၆)ေနရာအထိက်ဆင္းသြားၿပီး မန္စီးတီး၊ ခ်ယ္လ္ဆီး၊ အာဆင္နယ္၊ ဘ႐ိုက္တန္နဲ႔ ဝုလ္ဗ္အသင္းတို႔က ယူႏိုက္တက္အသင္းထက္ ပယ္နယ္တီရရွိမႈ ပိုမ်ားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ခ်ယ္လ္ဆီးအသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ ခ်ယ္လ္ဆီးကစားသမားအိုဒြိဳင္း ပယ္နယ္တီဧရိယာအတြင္း လက္ထိေဘာျဖစ္ခဲ့ေပမယ့္ ပယ္နယ္တီ မရခဲ့ပါဘူး။ အဲဒါေၾကာင့္ ဆိုးလ္ရွားဟာ ၿပိဳင္ဘက္နည္းျပေတြအေနနဲ႔ ဒိုင္လူႀကီးေတြကို ဖိအားေပးေဝဖန္တာေတြေၾကာင့္ သူတို႔အသင္း ရသင့္တဲ့ပယ္နယ္တီေတြ မရေတာ့တဲ့အတြက္ ေဒါသေပါက္ကြဲေနတာလည္းျဖစ္ပါတယ္။ ဆိုးလ္ရွားက “ၿပီးခဲ့တဲ့ (၁)လ၊ (၂)လေလာက္တုန္းက ကြၽန္ေတာ္တို႔အသင္း ပယ္နယ္တီရရွိတဲ့အေရအတြက္နဲ႔ပတ္သက္လို႔ ေဝဖန္မႈေတြထြက္ေပၚခဲ့ၿပီးေနာက္ပိုင္း အရင္ေလာက္ ပယ္နယ္တီမရေတာ့တဲ့အတြက္ ကြၽန္ေတာ္စိတ္ပ်က္မိပါတယ္။ နည္းျပေတြဟာ ဒိုင္လူႀကီးေတြကို လိုတာထက္ပိုၿပီးဖိအားေပးေနၾကတာက မျဖစ္သင့္ပါဘူး။ ခ်ယ္လ္ဆီးနဲ႔ပြဲက အိုဒြိဳင္းရဲ႕အျဖစ္အပ်က္က ႐ုပ္သံကေနျပန္ၾကည့္ၿပီးတဲ့ေနာက္မွာ ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ကြၽန္ေတာ္ အံ့အားသင့္မိပါတယ္။ ကြၽန္ေတာ္တို႔ ေသခ်ာေပါက္ ပယ္နယ္တီရခဲ့သင့္တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

စစ္တမ္းေတြအရေတာ့ ပရီးမီးယားလိဂ္မွာ VAR စနစ္ကို စတင္က်င့္သုံးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီကစၿပီး ပယ္နယ္တီရရွိမႈအမ်ားဆုံးအသင္းစာရင္းမွာ ယူႏိုက္တက္အသင္းက ဦးေဆာင္ေနတာလည္းျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီကေန လက္ရွိအခ်ိန္အထိ စုစုေပါင္းပယ္နယ္တီရရွိခဲ့တဲ့အႀကိမ္ (၂၂)ႀကိမ္အထိရွိေနၿပီး သူတို႔ေနာက္မွာ မန္စီးတီးအသင္းက (၁၈)ႀကိမ္၊ လက္စတာအသင္းက (၁၇)ႀကိမ္၊ ခ်ယ္လ္ဆီးက (၁၅)ႀကိမ္နဲ႔ လီဗာပူးလ္အသင္းက (၁၁)ႀကိမ္စီရရွိခဲ့ၾကတာျဖစ္ပါတယ္။