ရလာဒ်ဆိုးရွားနေပေမယ့် ကိုးမန်းကို ထုတ်ပယ်ဖို့ မရှိသေးတဲ့ ဘာစီလိုနာအသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အိမ်ကွင်းကမ့်နူးမှာ ဘိုင်ယန်မြူးနစ်အသင်းကို ( ၃-၀ ) ရှုံးနိမ့်မှုနဲ့အတူ မနေ့ည ကစားခဲ့တဲ့ ဂရန်နာဒါအသင်းနဲ့ပွဲစဉ်မှာပါ အနိုင်ရယူခဲ့ခြင်းမရှိပေမယ့် ရော်နယ် ကိုးမန်းဟာ အနည်းဆုံး ယခု ကြာသပတေးနေ့

Ramón de Carranza ကွင်းမှာ ကစားမယ့် ကာဒစ်အသင်းနဲ့ ပွဲစဉ်ထိ ဘာစီလိုနာအသင်းနည်းပြအဖြစ် ဆက်ရှိနေမယ်လို့ Mundo Deportivo သတင်းဌာနအရ သိရပါတယ်။

အချို့သော သတင်းတွေက ဒတ်ချ် နည်းပြကို ထုတ်ပယ်ဖို့ အဆင့်သင့်ရှိနေကြောင်း ပြောဆိုရေးသားထားကြပေမယ့် ဘာစီလိုနာအသင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေအရ ကိုးမန်းဟာ ကာဒစ်ပွဲစဉ်နဲ့မှာ ဘာဆာနည်းပြအဖြစ် ဆက်ရှ‌ိနေမယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ဥက္ကဌ Joan Laporta ၊ ဒုတိယ ဥက္ကဌ Rafa Yuste နှင့် အားကစားဒါရိုက်တာ Mateu Alemany တို့က ကမ့်နူးမှာ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီး နည်းပြကို တစ်ပတ် ( ဂရန်နာဒါ၊ ကာဒစ် နှင့် လီဗန်တေး ပွဲစဉ်များ ) အချိန်ပေးစောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မနေ့ညက ပွဲစဉ်အပြီးမှာ အလားတူ အစည်းအဝေးမျိုး ကျင်းပခဲ့ခြင်းတော့ မရှိပါဘူး။

Alemany နှင့် နည်းစနစ်ပိုင်း တာဝန်ရှိသူ Ramon Planes တို့က အဝတ်လဲခန်းထဲ သွားရောက်ပြီး ရော်နယ်ကိုးမန်းနဲ့ စကားပြောခဲ့ပေမယ့် ဘာဆာနည်းပြ တာဝန်ကနေ ထုတ်ပယ်ကြောင်း ပြောဆိုခဲ့ခြင်းတော့ မရှိပါဘူး။

ကာဒစ်နဲ့ပွဲစဉ်မှာသာ နောက်ထပ် ဆိုးရွားတဲ့ ရလာဒ်ကြုံတွေ့ခဲ့ပါက ချက်ချင်းထုတ်ပယ်သွားဖွယ်ရှိနေပြီး RAC1 ရဲ့ အဆိုအရ ကိုးမန်းနေရာ အစားထိုးမယ့်သူဟာ နာမည်ကြီးနည်းပြထက်

အသင်းရဲ့ အားကစားပရောဂျက်အသစ်ကို ဦးဆောင်နိုင်မယ့် နည်းစနစ်ပိုင်းကျွမ်းကျင်သူ ဖြစ်လာဖို့ အလားအလာများနေကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရလာဒ္ဆိုး႐ြားေနေပမယ့္ ကိုးမန္းကို ထုတ္ပယ္ဖို႔ မရွိေသးတဲ့ ဘာစီလိုနာအသင္း

အိမ္ကြင္းကမ့္ႏူးမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို ( ၃-၀ ) ရွံုးနိမ့္မႈနဲ႔အတူ မေန႔ည ကစားခဲ့တဲ့ ဂရန္နာဒါအသင္းနဲ႔ပြဲစဥ္မွာပါ အႏိုင္ရယူခဲ့ျခင္းမရွိေပမယ့္ ေရာ္နယ္ ကိုးမန္းဟာ အနည္းဆုံး ယခု ၾကာသပေတးေန႔ Ramón de Carranza ကြင္းမွာ ကစားမယ့္ ကာဒစ္အသင္းနဲ႔ ပြဲစဥ္ထိ ဘာစီလိုနာအသင္းနည္းျပအျဖစ္ ဆက္ရွိေနမယ္လို႔ Mundo Deportivo သတင္းဌာနအရ သိရပါတယ္။ အခ်ိဳ႕ေသာ သတင္းေတြက ဒတ္ခ်္ နည္းျပကို ထုတ္ပယ္ဖို႔ အဆင့္သင့္ရွိေနေၾကာင္း ေျပာဆိုေရးသားထားၾကေပမယ့္ ဘာစီလိုနာအသင္းနဲ႔ နီးစပ္တဲ့ သတင္းအရင္းအျမစ္ေတြအရ ကိုးမန္းဟာ ကာဒစ္ပြဲစဥ္နဲ႔မွာ ဘာဆာနည္းျပအျဖစ္ ဆက္ရွ‌ိေနမယ္လို႔ သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္ကို ဂိုးျပတ္အေရးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီး ဥကၠဌ Joan Laporta ၊ ဒုတိယ ဥကၠဌ Rafa Yuste ႏွင့္ အားကစားဒါ႐ိုက္တာ Mateu Alemany တို႔က ကမ့္ႏူးမွာ အေရးေပၚ အစည္းအေဝး က်င္းပခဲ့ၿပီး နည္းျပကို တစ္ပတ္ ( ဂရန္နာဒါ၊ ကာဒစ္ ႏွင့္ လီဗန္ေတး ပြဲစဥ္မ်ား ) အခ်ိန္ေပးေစာင့္ၾကည့္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ မေန႔ညက ပြဲစဥ္အၿပီးမွာ အလားတူ အစည္းအေဝးမ်ိဳး က်င္းပခဲ့ျခင္းေတာ့ မရွိပါဘူး ။ Alemany ႏွင့္ နည္းစနစ္ပိုင္း တာဝန္ရွိသူ Ramon Planes တို႔က အဝတ္လဲခန္းထဲ သြားေရာက္ၿပီး ေရာ္နယ္ကိုးမန္းနဲ႔ စကားေျပာခဲ့ေပမယ့္ ဘာဆာနည္းျပ တာဝန္ကေန ထုတ္ပယ္ေၾကာင္း ေျပာဆိုခဲ့ျခင္းေတာ့ မရွိပါဘူး။

ကာဒစ္နဲ႔ပြဲစဥ္မွာသာ ေနာက္ထပ္ ဆိုး႐ြားတဲ့ ရလာဒ္ႀကဳံေတြ႕ခဲ့ပါက ခ်က္ခ်င္းထုတ္ပယ္သြားဖြယ္ရွိေနၿပီး RAC1 ရဲ႕ အဆိုအရ ကိုးမန္းေနရာ အစားထိုးမယ့္သူဟာ နာမည္ႀကီးနည္းျပထက္ အသင္းရဲ႕ အားကစားပေရာဂ်က္အသစ္ကို ဦးေဆာင္ႏိုင္မယ့္ နည္းစနစ္ပိုင္းကြၽမ္းက်င္သူ ျဖစ္လာဖို႔ အလားအလာမ်ားေနေၾကာင္း သိရပါတယ္။