ရလဒ်မကောင်းမှုနဲ့အတူ စပွန်ဆာအခမ်းအနားတွေမှာ ကစားသမားပျက်ကွက်မှုများလာတဲ့ မန်ယူ

Photo- Internet
Photo- Internet

မန်ယူအသင်းဟာ ကွင်းထဲမှာရလဒ်ဆိုးမှုရဲ့နောက်ဆက်တွဲအဖြစ် စပွန်ဆာအခမ်းအနားတွေမှာ ကစားသမားတွေပျက်ကွက်မှုပိုများလာလို့ ကလပ်ရဲ့စပွန်ဆာတွေက ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။ မန်ယူဟာ ဖာဂူဆန်ခေတ်လွန်ကာလနောက်ပိုင်းမှာ ရလဒ်တွေဆက်တိုက်ဆိုးရွားနေပြီး ရုန်းကန်နေရတာပါ။

သူတို့ဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ ချန်ပီယံလိဂ်နဲ့ ၃ ကြိမ်လွဲချော်ခဲ့ပြီးဖြစ်သလို လက်ရှိရာသီမှာလည်း အဆင့် ၄ အတွင်းဝင်ဖို့ ဆက်ပြီးရုန်းကန်နေရပါတယ်။ အခုဆိုရင် မန်ယူရဲ့နေရာမှာ လီဗာပူးနဲ့ မန်စီးတီးတို့ကအစားဝင်ရောက် နေရာယူလာပြီး အရှိန်အဝါလည်းပိုပြီး မြင့်မားလာတာပါ။ ဒါကြောင့်လည်း ကလပ်ပိုင်ရှင်တွေရဲ့ စီမံခန့်ခွဲမှုအပေါ် ပရိသတ်တွေက ပိုပြီးဝေဖန်လာနေကြတာပါ။

Photo- Internet

ဒီလိုရုန်းကန်နေရမှုကြောင့် စပွန်ဆာအခမ်းအနားတွေပြုလုပ်ရာမှာ ခက်ခဲပြီး အကျပ်ရိုက်စေမယ့် မေးခွန်းတွေနဲ့ရင်ဆိုင်ရမှာစိုးရိမ်ကြလို့ ကစားသမားတွေက စပွန်ဆာအခမ်းအနားတွေကို တက်ရောက်ဖို့ စီစဉ်ထားမှုကနေ နူတ်ထွက်မူ၊ အခမ်းအနားမတက်ဖို့ ဆုံးဖြတ်မှုတွေပိုပြီးရှိလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း စပွန်ဆာအချို့က ကလပ်ဘက်က ကစားသမားတွေကိုရှောင်ခိုင်းတာလားဆိုပြီး သံသယဝင်နေကြတာဖြစ်ပါတယ်။

Photo- Internet

မန်ယူရဲ့ဝက်ဆိုက်မှာဖော်ပြထားချက်အရ သူတို့မှာစပွန်ဆာပေါင်း ၆၀ ကျော်ရှိထားပြီး ဒီအထဲမှာ အကျီၤရင်ဘတ်စပွန်ဆာဖြစ်တဲ့ Chevrolet ဆီကနေတစ်နှစ်ကိုပေါင် ၆၄ သန်း၊ အကျီၤစပွန်ဆာဖြစ်တဲ့ Chevrolet ထံကနေတစ်နှစ်ကိုပေါင် ၇၅ သန်းရရှိနေမှုလည်းအပါအဝင်ဖြစ်ပါတယ်။

Photo- Internet

မန်ယူအမှုဆောင်အရာရှိဖြစ်သူ ဝုဒ်ဝါ့ဒ်ဟာ ကလပ်ရဲ့စပွန်ဆာတွေကိုဆက်ထိန်းထားနိုင်မှုအတွက် ချီးကျူ းခံနေရပြီး အင်္ဂလန်က ဘောလုံးကလပ်အမှုဆောင်အရရာရှိဖြစ်သူတွေထဲမှာ လစာအများဆုံးရနေသူလည်းဖြစ်ပေမယ့် အသင်းအပေါ်စီမံခန့်ခွဲရာမှာတော့ လိုအပ်ချက်တွေရှိနေသူဖြစ်လို့ သူလည်းအပြင်းအထန်ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။

Photo- Internet

Zawgyi

ရလဒ္မေကာင္းမႈနဲ႔အတူ စပြန္ဆာအခမ္းအနားေတြမွာ ကစားသမားပ်က္ကြက္မႈမ်ားလာတဲ႔ မန္ယူ

မန္ယူအသင္းဟာ ကြင္းထဲမွာရလဒ္ဆိုးမႈရဲ႕ေနာက္ဆက္တြဲအျဖစ္ စပြန္ဆာအခမ္းအနားေတြမွာ ကစားသမားေတြပ်က္ကြက္မႈပိုမ်ားလာလို႔ ကလပ္ရဲ႕စပြန္ဆာေတြက ေဒါသထြက္ေနၾကတယ္လို႔ သိရပါတယ္။ မန္ယူဟာ ဖာဂူဆန္ေခတ္လြန္ကာလေနာက္ပိုင္းမွာ ရလဒ္ေတြဆက္တိုက္ဆိုးရြားေနၿပီး ရုန္းကန္ေနရတာပါ။

သူတို႔ဟာ ၿပီးခဲ့တဲ႔ ၆ ႏွစ္အတြင္းမွာ ခ်န္ပီယံလိဂ္နဲ႔ ၃ ႀကိမ္လြဲေခ်ာ္ခဲ့ၿပီးျဖစ္သလို လက္ရွိရာသီမွာလည္း အဆင့္ ၄ အတြင္း၀င္ဖို႔ ဆက္ၿပီးရုန္းကန္ေနရပါတယ္။ အခုဆိုရင္ မန္ယူရဲ႕ေနရာမွာ လီဗာပူးနဲ႔ မန္စီးတီးတို႔ကအစား၀င္ေရာက္ ေနရာယူလာၿပီး အရွိန္အ၀ါလည္းပိုၿပီး ျမင့္မားလာတာပါ။ ဒါေၾကာင့္လည္း ကလပ္ပိုင္ရွင္ေတြရဲ႕ စီမံခန္႔ခြဲမႈအေပၚ ပရိသတ္ေတြက ပိုၿပီးေ၀ဖန္လာေနၾကတာပါ။

ဒီလိုရုန္းကန္ေနရမႈေၾကာင့္ စပြန္ဆာအခမ္းအနားေတြျပဳလုပ္ရာမွာ ခက္ခဲၿပီး အက်ပ္ရိုက္ေစမယ္႔ ေမးခြန္းေတြနဲ႔ရင္ဆိုင္ရမွာစိုးရိမ္ၾကလို႔ ကစားသမားေတြက စပြန္ဆာအခမ္းအနားေတြကို တက္ေရာက္ဖို႔ စီစဥ္ထားမႈကေန ႏူတ္ထြက္မူ၊ အခမ္းအနားမတက္ဖို႔ ဆုံးျဖတ္မႈေတြပိုၿပီးရွိလာခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း စပြန္ဆာအခ်ဳိ႕က ကလပ္ဘက္က ကစားသမားေတြကိုေရွာင္ခိုင္းတာလားဆိုၿပီး သံသယ၀င္ေနၾကတာျဖစ္ပါတယ္။

မန္ယူရဲ႕၀က္ဆိုက္မွာေဖာ္ျပထားခ်က္အရ သူတို႔မွာစပြန္ဆာေပါင္း ၆၀ ေက်ာ္ရွိထားၿပီး ဒီအထဲမွာ အက်ီၤရင္ဘတ္စပြန္ဆာျဖစ္တဲ႔ Chevrolet ဆီကေနတစ္ႏွစ္ကိုေပါင္ ၆၄ သန္း၊ အက်ီၤစပြန္ဆာျဖစ္တဲ႔ Chevrolet ထံကေနတစ္ႏွစ္ကိုေပါင္ ၇၅ သန္းရရွိေနမႈလည္းအပါအ၀င္ျဖစ္ပါတယ္။

မန္ယူအမႈေဆာင္အရာရွိျဖစ္သူ ၀ုဒ္၀ါ့ဒ္ဟာ ကလပ္ရဲ႕စပြန္ဆာေတြကိုဆက္ထိန္းထားႏိုင္မႈအတြက္ ခ်ီးက်ဴ းခံေနရၿပီး အဂၤလန္က ေဘာလုံးကလပ္အမႈေဆာင္အရရာရွိျဖစ္သူေတြထဲမွာ လစာအမ်ားဆုံးရေနသူလည္းျဖစ္ေပမယ္႔ အသင္းအေပၚစီမံခန္႔ခြဲရာမွာေတာ႔ လိုအပ္ခ်က္ေတြရွိေနသူျဖစ္လို႔ သူလည္းအျပင္းအထန္ေ၀ဖန္ခံေနရတယ္လို႔ သိရပါတယ္။