ရလဒ်တွေဆက်ဆိုးရင် ဆိုးလ်ရှားကိုထုတ်ဖို့ ပြင်ဆင်ထားတဲ့ ဝုဒ်ဝပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တကယ်လို့ ရလဒ်တွေသာ ဆက်ဆိုးနေမယ်ဆိုရင် မန်ယူအသင်းအမှုဆောင်ချုပ်အက်ဝုဒ်ဝပ်ဟာ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ဖို့ ပြင်ဆင်ထားတယ်လို့ အင်္ဂလန်က Daily Mirror သတင်းစာက ဖော်ပြလိုက်ပါတယ်။ မန်ယူဟာ ရာသီသစ်ရဲ့ပရီးမီးယားလိဂ်အဖွင့် ၃ ပွဲမှာ ခြေစွမ်းအပိုင်းအရ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့အပတ် အိုးလ်ထရက်ဖို့ဒ်မှာ စပါးကို ၆-၁ ဂိုးနဲ့အရှက်တကွဲရှုံးခဲ့ပြီးနောက် ဆိုးလ်ရှားအပေါ် ဖိအားတွေပိုမိုကျရောက်လာပါတယ်။

ဒီလိုအချိန်မှာ ဖာဂူဆန်လက်ထက် ကစားသမားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ဖေးဘရိတ်ဖြစ်ခဲ့တဲ့ အဲဒီနော်ဝေသားနည်းပြကို ထုတ်ပယ်ဖို့အတွက် ဝုဒ်ဝပ်ဟာ ညှာတာနေမှာ မဟုတ်ဘူးလို့ သတင်းထွက်လာတာပါ။ ဝုဒ်ဝပ်ကိုင်ယ်တိုင်ကလည်း အသင်းရဲ့စိတ်ပျက်ဖွယ်အပြောင်းအရွှေ့ရာသီအတွက် ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရတာပါ။

လက်ရှိမှာတော့ ဆိုးလ်ရှားနေရာအစားထိုးဖို့အတွက် စပါးနည်းပြပိုချက်တီနိုနဲ့ သတင်းထွက်နေပါတယ်။ အဲဒီအာဂျင်တီးနားသားနည်းပြဟာ ပြီးခဲ့တဲ့နှစ်ကတည်းက စပါးကနေ အထုတ်ခံထားရပေမယ့် သူ့အတွက် မှန်ကန်မယ့်အခွင့်အရေးအတွက် စောင့်ဆိုင်းနေသူပါ။

ဆိုးလ်ရှားဟာ ယာယီနည်းပြဘ၀ အပေါင်းလက္ခဏာဆန်တဲ့ရလဒ်တွေကြောင့် ၂၀၁၈ မတ်လမှာ အမြဲတမ်းနည်းပြဖြစ်လာခဲ့ကာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ထိပ်ဆုံး ၄ သင်းစာရင်းဝင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး ကလပ်ဟာ ပြိုင်ပွဲ ၃ ရပ်မှာ ဆီမီးဖိုင်နယ်တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုရာသီအစ ၃ ပွဲက ခြေစွမ်းဟာ အသင်းတာဝန်ရှိသူတွေကြားမှာ စိုးရိမ်စရာဖြစ်စေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရလဒ္ေတြဆက္ဆိုးရင္ ဆိုးလ္ရွားကိုထုတ္ဖုိ႔ ျပင္ဆင္ထားတဲ့ ၀ုဒ္၀ပ္

တကယ္လုိ႔ ရလဒ္ေတြသာ ဆက္ဆုိးေနမယ္ဆုိရင္ မန္ယူအသင္းအမႈေဆာင္ခ်ဳပ္အက္၀ုဒ္၀ပ္ဟာ နည္းျပဆုိးလ္ရွားကို ထုတ္ပယ္ဖို႔ ျပင္ဆင္ထားတယ္လုိ႔ အဂၤလန္က Daily Mirror သတင္းစာက ေဖာ္ျပလုိက္ပါတယ္။ မန္ယူဟာ ရာသီသစ္ရဲ႕ပရီးမီးယားလိဂ္အဖြင့္ ၃ ပြဲမွာ ေျခစြမ္းအပိုင္းအရ ရုန္းကန္ခဲ့ရၿပီး ၿပီးခဲ့တဲ့အပတ္ အုိးလ္ထရက္ဖို႔ဒ္မွာ စပါးကို ၆-၁ ဂိုးနဲ႔အရွက္တကြဲရႈံးခဲ့ၿပီးေနာက္ ဆုိးလ္ရွားအေပၚ ဖိအားေတြပိုမိုက်ေရာက္လာပါတယ္။

ဒီလုိအခ်ိန္မွာ ဖာဂူဆန္လက္ထက္ ကစားသမားတစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕ေဖးဘရိတ္ျဖစ္ခဲ့တဲ့ အဲဒီေနာ္ေ၀သားနည္းျပကို ထုတ္ပယ္ဖုိ႔အတြက္ ၀ုဒ္၀ပ္ဟာ ညွာတာေနမွာ မဟုတ္ဘူးလို႔ သတင္းထြက္လာတာပါ။ ၀ုဒ္၀ပ္ကိုင္ယ္တိုင္ကလည္း အသင္းရဲ႕စိတ္ပ်က္ဖြယ္အေျပာင္းအေရႊ႕ရာသီအတြက္ ေ၀ဖန္မႈေတြနဲ႔ႀကဳံေတြ႕ေနရတာပါ။

လက္ရွိမွာေတာ့ ဆိုးလ္ရွားေနရာအစားထုိးဖုိ႔အတြက္ စပါးနည္းျပပိုခ်က္တီႏုိနဲ႔ သတင္းထြက္ေနပါတယ္။ အဲဒီအာဂ်င္တီးနားသားနည္းျပဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက စပါးကေန အထုတ္ခံထားရေပမယ့္ သူ႔အတြက္ မွန္ကန္မယ့္အခြင့္အေရးအတြက္ ေစာင့္ဆိုင္းေနသူပါ။

ဆုိးလ္ရွားဟာ ယာယီနည္းျပဘ၀ အေပါင္းလကၡဏာဆန္တဲ့ရလဒ္ေတြေၾကာင့္ ၂၀၁၈ မတ္လမွာ အၿမဲတမ္းနည္းျပျဖစ္လာခဲ့ကာ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ထိပ္ဆုံး ၄ သင္းစာရင္း၀င္ေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့ၿပီး ကလပ္ဟာ ၿပိဳင္ပြဲ ၃ ရပ္မွာ ဆီမီးဖိုင္နယ္တက္လွမ္းႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ အခုရာသီအစ ၃ ပြဲက ေျခစြမ္းဟာ အသင္းတာ၀န္ရွိသူေတြၾကားမွာ စိုးရိမ္စရာျဖစ္ေစပါတယ္။