ရလဒ်ဆိုးနေပေမယ့် အသင်းကို ထူးထူးထွေထွေ ပြန်တည်ဆောက်စရာမလိုပါဘူး- ကလော့ပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြဂျာဂင် ကလော့ပ်က တော့ လီဗာပူးအသင်း အနေနဲ့ ယခုနှစ်ရာသီကုန်မှာ ထိပ်သီး၄သင်း ဝင်ရင်တောင် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်နေပြီလို့ ပြောထားပါတယ်။ဒါ့အပြင် အသင်းကို ကြီးကြီးမားမား ပြန်လည်တည်ဆောက်ဖို့ မလိုအပ်ဘူးလို့လည်း ပြောထားပါသေးတယ်။

လီဗာပူးအသင်းဟာ နည်းပြကလော့ပ် တစ်ရာသီလုံး ကိုင်တွယ်ခဲ့တဲ့ ၄ရာသီစလုံး ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ပေမယ့် ယခုနှစ်ရာသီမှာတော့ ဟန်ဒါဆန်အပါအဝင် နောက်ခံလူတွေ ဒဏ်ရာရနေတာကြောင့် အခက်အခဲတွေ ရှိနေပါတယ်။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးအသင်းဟာ ဒီပြိုင်ပွဲမှာ (၄)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပြီး ရလဒ်တွေဆိုးရွားနေကာ ထိပ်‌ဆုံးက မန်စီးတီး အသင်းနဲ့ (၁၉)မှတ်အကွာ အဆင့် (၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

နည်းပြကလော့ပ်က “အသင်းအနေနဲ့ ထိပ်သီး၄သင်းထဲ ဝင်ရင် တော်တော်လေး အောင်မြင်တယ် ပြောရပါမယ်။ ပြိုင်ဘက်တွေရဲ့ အနေအထားကို အားလုံးပဲမြင်နိုင်ပါတယ်။ အမှတ်ပေးဇယားက မလိမ်ပါဘူး။ အမှန်တရားတွေကို သိစေနိုင်ပါတယ်။” “ရမှတ်တွေက သိပ်မကွာဘူးဆိုပေမယ့် ကျွန်တော်တို့ပြောင်းလဲရမှာပါ။ ကျွန်တော်တို့ဘက်က ကြိုးစားနေပေမယ့် ကြိုးစားနေရင်း နဲ့ နောက်ထပ် ပြဿနာတွေက ပေါ်လာပါတယ်။”

“အသင်းကို ကြီးကြီးမားမား ပြန်လည်တည်ဆောက်ဖို့ အချိန်မရောက်သေးဘူး လို့ ကျွန်တော်နားလည်ထားပါတယ်။ ဒါပေမယ့် အနာဂတ်နဲ့ အရာအားလုံးအတွက် စီစဉ်မှုတွေပြုလုပ်နေပါတယ်”ဆိုပြီး ပြောဆိုထားပါတယ်။ လီဗာပူးအသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရှက်ဖီးယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရလဒ္ဆိုးေနေပမယ့္ အသင္းကို ထူးထူးေထြေထြ ျပန္တည္ေဆာက္စရာမလိုပါဘူး- ကေလာ့ပ္

နည္းျပဂ်ာဂင္ ကေလာ့ပ္က ေတာ့ လီဗာပူးအသင္း အေနနဲ႔ ယခုႏွစ္ရာသီကုန္မွာ ထိပ္သီး၄သင္း ဝင္ရင္ေတာင္ ႀကီးမားတဲ့ ေအာင္ျမင္မႈ ျဖစ္ေနၿပီလို႔ ေျပာထားပါတယ္။ဒါ့အျပင္ အသင္းကို ႀကီးႀကီးမားမား ျပန္လည္တည္ေဆာက္ဖို႔ မလိုအပ္ဘူးလို႔လည္း ေျပာထားပါေသးတယ္။ လီဗာပူးအသင္းဟာ နည္းျပကေလာ့ပ္ တစ္ရာသီလုံး ကိုင္တြယ္ခဲ့တဲ့ ၄ရာသီစလုံး ခ်န္ပီယံလိဂ္ဝင္ခြင့္ ရခဲ့ေပမယ့္ ယခုႏွစ္ရာသီမွာေတာ့ ဟန္ဒါဆန္အပါအဝင္ ေနာက္ခံလူေတြ ဒဏ္ရာရေနတာေၾကာင့္ အခက္အခဲေတြ ရွိေနပါတယ္။

ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံ လီဗာပူးအသင္းဟာ ဒီၿပိဳင္ပြဲမွာ (၄)ပြဲဆက္တိုက္ အေရးနိမ့္ခဲ့ၿပီး ရလဒ္ေတြဆိုး႐ြားေနကာ ထိပ္‌ဆုံးက မန္စီးတီး အသင္းနဲ႔ (၁၉)မွတ္အကြာ အဆင့္ (၆)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

နည္းျပကေလာ့ပ္က “အသင္းအေနနဲ႔ ထိပ္သီး၄သင္းထဲ ဝင္ရင္ ေတာ္ေတာ္ေလး ေအာင္ျမင္တယ္ ေျပာရပါမယ္။ ၿပိဳင္ဘက္ေတြရဲ႕ အေနအထားကို အားလုံးပဲျမင္ႏိုင္ပါတယ္။ အမွတ္ေပးဇယားက မလိမ္ပါဘူး။ အမွန္တရားေတြကို သိေစႏိုင္ပါတယ္။” “ရမွတ္ေတြက သိပ္မကြာဘူးဆိုေပမယ့္ ကြၽန္ေတာ္တို႔ေျပာင္းလဲရမွာပါ။ ကြၽန္ေတာ္တို႔ဘက္က ႀကိဳးစားေနေပမယ့္ ႀကိဳးစားေနရင္း နဲ႔ ေနာက္ထပ္ ျပႆနာေတြက ေပၚလာပါတယ္။”

“အသင္းကို ႀကီးႀကီးမားမား ျပန္လည္တည္ေဆာက္ဖို႔ အခ်ိန္မေရာက္ေသးဘူး လို႔ ကြၽန္ေတာ္နားလည္ထားပါတယ္။ ဒါေပမယ့္ အနာဂတ္နဲ႔ အရာအားလုံးအတြက္ စီစဥ္မႈေတြျပဳလုပ္ေနပါတယ္”ဆိုၿပီး ေျပာဆိုထားပါတယ္။ လီဗာပူးအသင္းဟာ ဒီတစ္ပတ္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ရွက္ဖီးယူႏိုက္တက္နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။