ရလဒ်ဆိုးနေတဲ့ ဘာကာအပေါ် စိတ်နာနေဆဲ ဖြစ်တဲ့ ဆွာရက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာကတော့ မက်ဆီထွက်ခွာသွားမှုနဲ့အတူ ရလဒ်တွေဆိုးရွားနေပြီး ချန်ပီယံလိဂ်မှာလည်း နှစ်ပွဲဆက်တိုက် ၃-၀ ဆိုတဲ့ ရလဒ်တွေနဲ့ ဘိုင်ယန်၊ ဘင်ဖီကာတို့ကို ရှုံးနိမ့်ခဲ့ပါတယ်။

ဘာကာတိုက်စစ်မှူးဟောင်းနဲ့ လက်ရှိမှာ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဖြစ်နေတဲ့ ဆွာရက်ဇ်က အတိတ်က ရင်နာစရာတွေကို ရင်ဖွင့်ထားပါတယ်။

ESPN နဲ့ အင်တာဗျူးမှာ ဆွာရက်ဇ်က သူ့အနေနဲ့ ဘာကာကမထွက်ခွာခင်မှာ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းခဲ့ရမှုက ၃၊ ၄ ကြိမ်ခန့်ရှိခဲ့ပြီး အခုချိန်ထိ ပြန်တွေးလိုက်တိုင်း နာကျင်နေရဆဲဖြစ်တယ်လို့ ဖွင့်ဟခဲ့ပြီး သူ့အပေါ်အသင်းဘက်က ဆက်ဆံခဲ့မှုက ထိုက်တန်မှုမရှိခဲ့ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

“ကံဆိုတာ တစ်ပတ်ပြန်လာတတ်ပါတယ်။

မနှစ်က ရာသီကြို လေ့ကျင့်ခန်း အစီအစဉ် မှာ ဘာစီလိုနာ က ကျွန်တော့်ကို တစ်ယောက်တည်း လေ့ကျင့်ခိုင်း ခဲ့တာပါ။

ကျွန်တော် အရမ်း ဒေါသထွက်အောင်ပေါ့။

ကျွန်တော် ကတော့ ပရော်ဖက်ရှင်နယ် ဆန်ဆန်ပဲ နည်းပြ ညွှန်ကြားတာကို လိုက်နာခဲ့ပါတယ်”

“နေ့စဉ် နေ့တိုင်း ဘာစောဒကမှ မတက်ဘဲ ကျွန်တော် တစ်ယောက်တည်း လေ့ကျင့် ခဲ့ ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်တဲ့ နောက်ကို ကိုယ့်ကံက လိုက်လာမယ် ဆိုတာ ယုံကြည်ခဲ့လို့ ပါပဲ။

ဘာစီလိုနာ အထဲမှာ ပွဲတွေ ကျိတ်ပြီး ဖြစ်နေပါတယ်။ အဲဒါက ကစားသမားတွေ ကို သက်ရောက် နေတာပါ”

“လီယို က သူ ဘာစီလိုနာ မှာ ပဲ ကစားသမား ဘ၀ ကုန်ချင်တယ်လို့ ကျွန်တော့ကို ပြောခဲ့ဖူး ပါတယ်။

ဒါပေမယ့် အထက်က လူတွေရဲ့ ဆက်ဆံမှုကတော့ လက်မခံ နိုင်စရာပါပဲ။

ကိုးမန်း က ကျွန်တော့်ကို ၁၅ နှစ်သားလေး တစ်ယောက်လို ဆက်ဆံ ခဲ့တယ်။

ဘာတိုမြူ ကျတော့ ကျွန်တော့် ကို အဝတ်လဲခန်း ထဲမှာ အကျင့်မကောင်းတဲ့ သူတစ်ယောက်လို့ မြင်ခဲ့တာပါ”ဆိုပြီး ဆွာရက်ဇ်က ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရလဒ္ဆိုး​ေနတဲ့ ဘာကာအ​ေပၚ စိတ္နာ​ေနဆဲ ျဖစ္တဲ့ ဆြာရက္ဇ္

ဘာစီလိုနာကေတာ့ မက္ဆီထြက္ခြာသြားမႈနဲ႔အတူ ရလဒ္ေတြဆိုး႐ြားေနၿပီး ခ်န္ပီယံလိဂ္မွာလည္း ႏွစ္ပြဲဆက္တိုက္ ၃-၀ ဆိုတဲ့ ရလဒ္ေတြနဲ႔ ဘိုင္ယန္၊ ဘင္ဖီကာတို႔ကို ရႈံးနိမ့္ခဲဲ့ပါတယ္။ဘာကာတိုက္စစ္မႉးေဟာင္းနဲ႔ လက္ရွိမွာ အက္သလက္တီကိုမက္ဒရစ္တိုက္စစ္မႉးျဖစ္ေနတဲ့ ဆြာရက္ဇ္က အတိတ္က ရင္နာစရာ​ေတြကို ရင္ဖြင့္ထားပါတယ္။

ESPN နဲ႔ အင္တာဗ်ဴးမွာ ဆြာရက္ဇ္က သူ႔အေနနဲ႔ ဘာကာကမထြက္ခြာခင္မွာ တစ္ဦးတည္းေလ့က်င့္ခန္းဆင္းခဲ့ရမႈက ၃၊ ၄ ႀကိမ္ခန႔္ရွိခဲ့ၿပီး အခုခ်ိန္ထိ ျပန္ေတြးလိုက္တိုင္း နာက်င္ေနရဆဲျဖစ္တယ္လို႔ ဖြင့္ဟခဲ့ၿပီး သူ႔အေပၚအသင္းဘက္က ဆက္ဆံခဲ့မႈက ထိုက္တန္မႈမရွိခဲ့ဘူးလို႔လည္း ေျပာဆိုခဲ့ပါတယ္။

“ကံဆိုတာ တစ္ပတ္ျပန္လာတတ္ပါတယ္။ မႏွစ္က ရာသီႀကိဳ ေလ့က်င့္ခန္း အစီအစဥ္ မွာ ဘာစီလိုနာ က ကြၽန္ေတာ့္ကို တစ္ေယာက္တည္း ေလ့က်င့္ခိုင္း ခဲ့တာပါ ။ ကြၽန္ေတာ္ အရမ္း ေဒါသထြက္ေအာင္ေပါ့ ။ ကြၽန္ေတာ္ ကေတာ့ ပေရာ္ဖက္ရွင္နယ္ ဆန္ဆန္ပဲ နည္းျပ ၫႊန္ၾကားတာကို လိုက္နာခဲ့ပါတယ္”

“ေန႔စဥ္ ေန႔တိုင္း ဘာေစာဒကမွ မတက္ဘဲ ကြၽန္ေတာ္ တစ္ေယာက္တည္း ေလ့က်င့္ ခဲ့ ပါတယ္ ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္လုပ္တဲ့ ေနာက္ကို ကိုယ့္ကံက လိုက္လာမယ္ ဆိုတာ ယုံၾကည္ခဲ့လို႔ ပါပဲ ။ ဘာစီလိုနာ အထဲမွာ ပြဲေတြ က်ိတ္ၿပီး ျဖစ္ေနပါတယ္။ အဲဒါက ကစားသမားေတြ ကို သက္ေရာက္ ေနတာပါ”

“လီယို က သူ ဘာစီလိုနာ မွာ ပဲ ကစားသမား ဘ၀ ကုန္ခ်င္တယ္လို႔ ကြၽန္ေတာ့ကို ေျပာခဲ့ဖူး ပါတယ္ ။ ဒါေပမယ့္ အထက္က လူေတြရဲ႕ ဆက္ဆံမႈကေတာ့ လက္မခံ ႏိုင္စရာပါပဲ ။ ကိုးမန္း က ကြၽန္ေတာ့္ကို ၁၅ ႏွစ္သားေလး တစ္ေယာက္လို ဆက္ဆံ ခဲ့တယ္ ။ ဘာတိုျမဴ က်ေတာ့ ကြၽန္ေတာ့္ ကို အဝတ္လဲခန္း ထဲမွာ အက်င့္မေကာင္းတဲ့ သူတစ္ေယာက္လို႔ ျမင္ခဲ့တာပါ”ဆိုၿပီး ဆြာရက္ဇ္က ​ေျပာဆိုပါတယ္။