ရလဒ်ဆိုးတွေကြောင့် လီဗာပူးလ်နဲ့ပွဲမတိုင်ခင် အသင်းကို ဆန္ဒပြဖို့ ယူနိုက်တက်ပရိသတ်တွေပြင်ဆင်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ရလဒ်ဆိုးတွေနဲ့ဆက်တိုက်ရင်ဆိုင်နေရတဲ့အတွက် ဒေါသပေါက်ကွဲနေပြီး လာမယ့်တနင်္ဂနွေကျရင် အိမ်ကွင်းမှာ လီဗာပူးလ်အသင်းနဲ့ကစားမယ့်ပွဲမတိုင်ခင် အသင်းကို ဆန္ဒပြဖို့စီစဉ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီကလည်း အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးလ်နဲ့ကစားမယ့်ပွဲမတိုင်ခင် ယူနိုက်တက်ပရိသတ်တွေ ကွင်းပြင်ပမှာသာမက ကွင်းထဲအထိ

ဝင်ရောက်သောင်းကျန်းခဲ့တာကြောင့် ပွဲကစားမယ့်ရက်ရွှေ့ဆိုင်းခဲ့ရတဲ့အဖြစ်အပျက်က သိပ်မကြာသေးခင်ကမှ ဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့မေလအတွင်း ယူနိုက်တက်ပရိသတ်တွေဟာ ကွင်းပြင်ပမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့အပြန်အလှန်အချင်းများခဲ့ကြသလို

ယူနိုက်တက်ကစားသမားတွေရှိတဲ့ Lowry Hotel ရှေ့မှာလည်း ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးအခြေအနေအရ ယူနိုက်တက်-လီဗာပူးလ်ပွဲကစားမယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

အဲဒီတုန်းက ယူနိုက်တက်အသင်းပိုင်ရှင်ဂလေဇာမိသားစုဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ဖို့ သဘောတူညီခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေက ဂလေဇာမိသားစုကို ဆန့်ကျင်တဲ့အနေနဲ့ဆန္ဒပြခဲ့တာလည်းဖြစ်ပါတယ်။

အခုအချိန်မှာလည်း ယူနိုက်တက်ပရိသတ်တွေဟာ လီဗာပူးလ်နဲ့ပွဲမတိုင်ခင် ဆန္ဒပြမှုတွေပြုလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပြီး ယူနိုက်တက်ပရိသတ်တချို့က တခြားသူတွေလည်းသိရအောင်လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ Post တင်ပြီးတော့ ပူးပေါင်းပါဝင်ဖို့တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ဂန္ထဝင်ကစားသမားစီရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူနိုင်ခဲ့သလို ဆန်ချို၊ ဗာရန်းစတဲ့ကမ္ဘာ့အဆင့်ကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့ပေမယ့်

အသင်းက စိတ်ပျက်စရာရလဒ်တွေနဲ့ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့စနေနေ့က လက်စတာကို (၄-၂)ဂိုးနဲ့အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပါတယ်။

အခုလောလောဆယ် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်(၈)ပွဲကစားပြီးချိန်မှာ (၄)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ်နဲ့ အမှတ်ပေးဇယားအဆင့်(၆)နေရာမှာရပ်တည်နေပြီး ထိပ်ဆုံးကချယ်လ်ဆီးနဲ့(၅)မှတ်အထိကွာဟနေပါပြီ။

အဲဒါကြောင့် အွန်လိုင်းပေါ်မှာ ယူနိုက်တက်ပရိသတ်တွေက ဆိုးလ်ရှားကို ရာထူးကထုတ်ပယ်ဖို့ အကြီးအကျယ်တောင်းဆိုနေကြသလို လီဗာပူးလ်နဲ့ပွဲမတိုင်ခင်မှာလည်း ဆန္ဒပြဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရလဒ္ဆိုးေတြေၾကာင့္ လီဗာပူးလ္နဲ႔ပြဲမတိုင္ခင္ အသင္းကို ဆႏၵျပဖို႔ ယူႏိုက္တက္ပရိသတ္ေတြျပင္ဆင္ေန

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ရလဒ္ဆိုးေတြနဲ႔ဆက္တိုက္ရင္ဆိုင္ေနရတဲ့အတြက္ ေဒါသေပါက္ကြဲေနၿပီး လာမယ့္တနဂၤေႏြက်ရင္ အိမ္ကြင္းမွာ လီဗာပူးလ္အသင္းနဲ႔ကစားမယ့္ပြဲမတိုင္ခင္ အသင္းကို ဆႏၵျပဖို႔စီစဥ္ေနၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီကလည္း အိုးလ္ထရက္ဖို႔ဒ္မွာ လီဗာပူးလ္နဲ႔ကစားမယ့္ပြဲမတိုင္ခင္ ယူႏိုက္တက္ပရိသတ္ေတြ ကြင္းျပင္ပမွာသာမက ကြင္းထဲအထိဝင္ေရာက္ေသာင္းက်န္းခဲ့တာေၾကာင့္ ပြဲကစားမယ့္ရက္ေ႐ႊ႕ဆိုင္းခဲ့ရတဲ့အျဖစ္အပ်က္က သိပ္မၾကာေသးခင္ကမွ ျဖစ္ခဲ့တာပါ။ ၿပီးခဲ့တဲ့ေမလအတြင္း ယူႏိုက္တက္ပရိသတ္ေတြဟာ ကြင္းျပင္ပမွာ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔အျပန္အလွန္အခ်င္းမ်ားခဲ့ၾကသလို ယူႏိုက္တက္ကစားသမားေတြရွိတဲ့ Lowry Hotel ေရွ႕မွာလည္း ဆႏၵျပမႈျဖစ္ပြားခဲ့ၿပီး လုံၿခဳံေရးအေျခအေနအရ ယူႏိုက္တက္-လီဗာပူးလ္ပြဲကစားမယ့္ရက္ကို ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။ အဲဒီတုန္းက ယူႏိုက္တက္အသင္းပိုင္ရွင္ဂေလဇာမိသားစုဟာ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာပါဝင္ယွဥ္ၿပိဳင္ဖို႔ သေဘာတူညီခဲ့တာေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြက ဂေလဇာမိသားစုကို ဆန႔္က်င္တဲ့အေနနဲ႔ဆႏၵျပခဲ့တာလည္းျဖစ္ပါတယ္။

အခုအခ်ိန္မွာလည္း ယူႏိုက္တက္ပရိသတ္ေတြဟာ လီဗာပူးလ္နဲ႔ပြဲမတိုင္ခင္ ဆႏၵျပမႈေတြျပဳလုပ္ဖို႔ျပင္ဆင္ေနတာျဖစ္ၿပီး ယူႏိုက္တက္ပရိသတ္တခ်ိဳ႕က တျခားသူေတြလည္းသိရေအာင္လို႔ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ Post တင္ၿပီးေတာ့ ပူးေပါင္းပါဝင္ဖို႔ေတာင္းဆိုေနၾကပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီက ယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕ဂႏၴဝင္ကစားသမားစီေရာ္နယ္လ္ဒိုကို ျပန္လည္ေခၚယူႏိုင္ခဲ့သလို ဆန္ခ်ိဳ၊ ဗာရန္းစတဲ့ကမာၻ႔အဆင့္ကစားသမားေတြကို ေခၚယူအားျဖည့္ခဲ့ေပမယ့္ အသင္းက စိတ္ပ်က္စရာရလဒ္ေတြနဲ႔ရင္ဆိုင္ေနရၿပီး ၿပီးခဲ့တဲ့စေနေန႔က လက္စတာကို (၄-၂)ဂိုးနဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့အျပင္ ပရီးမီးယားလိဂ္ေနာက္ဆုံး(၃)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ပါတယ္။ အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္(၈)ပြဲကစားၿပီးခ်ိန္မွာ (၄)ပြဲႏိုင္၊ (၂)ပြဲသေရ၊ (၂)ပြဲရႈံးရလဒ္နဲ႔ အမွတ္ေပးဇယားအဆင့္(၆)ေနရာမွာရပ္တည္ေနၿပီး ထိပ္ဆုံးကခ်ယ္လ္ဆီးနဲ႔(၅)မွတ္အထိကြာဟေနပါၿပီ။ အဲဒါေၾကာင့္ အြန္လိုင္းေပၚမွာ ယူႏိုက္တက္ပရိသတ္ေတြက ဆိုးလ္ရွားကို ရာထူးကထုတ္ပယ္ဖို႔ အႀကီးအက်ယ္ေတာင္းဆိုေနၾကသလို လီဗာပူးလ္နဲ႔ပြဲမတိုင္ခင္မွာလည္း ဆႏၵျပဖို႔စီစဥ္ေနတာလည္းျဖစ္ပါတယ္။