ရပ်ရှ်ဖို့ဒ် ဒူးထောက်ပြီး ကောင်းကင်ကို လက်ညိုးထိုး အောင်ပွဲခံခဲ့တဲ့ စတိုင်ရဲ့ နောက်ကွယ်က ကြေကွဲဖွယ် ဖြစ်ရပ်

မနေ့က အင်္ဂလန်အတွက် ကစားပေးစဉ် ရပ်ရှ်ဖို့ဒ်က နှစ်ဂိုးသွင်းပေးခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ရဲ့ ပထမဆုံးသွင်းဂိုးဟာ မိနစ် ၅၀ မှာ ရရှိခဲ့တဲ့

အလွတ်တည်ကန်ဘောကနေ အလွန်ကောင်းမွန်တဲ့ တိုက်ရိုက်

ကန်သွင်းမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းယူပြီးနောက်မှာ

ယူနိုက်တက်တိုက်စစ်မှူးဟာ ဒူးထောက်ပြီး ကောင်းကင်ကို

လက်ညိုးထိုးတဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ ဝေးလ်စ်နဲ့ပွဲက အဖွင့်ဂိုးသွင်းယူပြီးနောက်ပိုင်း

ကောင်းကင်ကို ဘာကြောင့် ညွှန်ပြခဲ့တာလဲဆိုတဲ့အကြောင်းကို

ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ” ကျွန်တော့်အောင်ပွဲခံမှုနဲ့ပတ်သက်ပြီး

ပြောရရင် လွန်ခဲ့တဲ့ နှစ်ရက်လောက်ကကျွန်တော့် သူငယ်ချင်းတစ်ယောက်

ဆုံးပါးသွားခဲ့ပါတယ်။ သူက ကင်ဆာရောဂါကိုတော်တော်ကြာအောင်

တိုက်ပွဲဝင်ခဲ့ရတဲ့သူပါ။ အဲဒီဂိုးက သူ့အတွက် ရည်ရွယ်ပါတယ်။

သူ့အတွက် ဂိုးသွင်းနိုင်ခဲ့လို့ ကျေနပ်မိပါတယ်။သူက ကျွန်တော့်ရဲ့

ကြီးမားတဲ့ အားပေးကူညီသူဖြစ်ပြီး သူငယ်ချင်းကောင်းတစ်ယောက်ပါ။”

”သူက ကျွန်တော့်ဘဝထဲကို ဝင်‌ရောက်လာခဲ့သူတွေ အများကြီးထဲက

တစ်ယောက်ပါပဲ “ဆိုပြီး ရပ်ရှ်ဖို့ဒ်က ပြောထားပါတယ်။

ရပ်ရှ်ဖို့ဒ် က သူငယ်ချင်းအတွက် ကြေကွဲပေမယ့်

အသင်းအတွက် အကောင်းဆုံး ကြိုးစားကစားပေးခဲ့ပါတယ်။

zawgyi

ရပ္ရွ္ဖို႔ဒ္ ဒူးေထာက္ၿပီး ေကာင္းကင္ကို လက္ညိဳးထိုး ေအာင္ပြဲခံခဲ့တဲ့ စတိုင္ရဲ႕ ေနာက္ကြယ္က ေၾကကြဲဖြယ္ ျဖစ္ရပ္

မေန႔က အဂၤလန္အတြက္ ကစားေပးစဥ္ ရပ္ရွ္ဖို႔ဒ္က ႏွစ္ဂိုးသြင္းေပးခဲ့ပါတယ္။

ရပ္ရွ္ဖို႔ဒ္ရဲ႕ ပထမဆုံးသြင္းဂိုးဟာ မိနစ္ ၅၀ မွာ ရရွိခဲ့တဲ့

အလြတ္တည္ကန္ေဘာကေန အလြန္ေကာင္းမြန္တဲ့ တိုက္႐ိုက္

ကန္သြင္းမႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဂိုးသြင္းယူၿပီးေနာက္မွာ

ယူႏိုက္တက္တိုက္စစ္မႉးဟာ ဒူးေထာက္ၿပီး ေကာင္းကင္ကို

လက္ညိဳးထိုးတဲ့ပုံစံနဲ႔ ေအာင္ပြဲခံခဲ့တာ ျဖစ္ပါတယ္။

မားကပ္စ္ ရပ္ရွ္ဖို႔ဒ္ဟာ ေဝးလ္စ္နဲ႔ပြဲက အဖြင့္ဂိုးသြင္းယူၿပီးေနာက္ပိုင္း

ေကာင္းကင္ကို ဘာေၾကာင့္ ၫႊန္ျပခဲ့တာလဲဆိုတဲ့အေၾကာင္းကို

ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။ ” ကြၽန္ေတာ့္ေအာင္ပြဲခံမႈနဲ႔ပတ္သက္ၿပီး

ေျပာရရင္ လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္ကကြၽန္ေတာ့္ သူငယ္ခ်င္းတစ္ေယာက္

ဆုံးပါးသြားခဲ့ပါတယ္။ သူက ကင္ဆာေရာဂါကိုေတာ္ေတာ္ၾကာေအာင္

တိုက္ပြဲဝင္ခဲ့ရတဲ့သူပါ။ အဲဒီဂိုးက သူ႔အတြက္ ရည္႐ြယ္ပါတယ္။

သူ႔အတြက္ ဂိုးသြင္းႏိုင္ခဲ့လို႔ ေက်နပ္မိပါတယ္။သူက ကြၽန္ေတာ့္ရဲ႕

ႀကီးမားတဲ့ အားေပးကူညီသူျဖစ္ၿပီး သူငယ္ခ်င္းေကာင္းတစ္ေယာက္ပါ။”

”သူက ကြၽန္ေတာ့္ဘဝထဲကို ဝင္‌ေရာက္လာခဲ့သူေတြ အမ်ားႀကီးထဲက

တစ္ေယာက္ပါပဲ “ဆိုၿပီး ရပ္ရွ္ဖို႔ဒ္က ေျပာထားပါတယ္။

ရပ္ရွ္ဖို႔ဒ္ က သူငယ္ခ်င္းအတြက္ ေၾကကြဲေပမယ့္

အသင္းအတြက္ အေကာင္းဆုံး ႀကိဳးစားကစားေပးခဲ့ပါတယ္။