ရပ်ရှ်ဖို့ဒ်နဲ့ မိမိကြားမှာ ဘာပြဿနာမှမရှိဘူးလို့ မက်ဂွိုင်းယား ဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ပဲလေ့စ်နဲ့ကစားခဲ့တဲ့ပွဲမှာ အသင်းဖော် ရပ်ရှ်ဖို့ဒ်နဲ့ စကားများခဲ့တာဟာ အသင်းနိုင်ပွဲရဖို့ နှစ်ယောက်စလုံး ဆန္ဒပြင်းပြနေတာကြောင့်ဖြစ်ပြီး အဲဒီအတွက် သူတို့နှစ်ယောက်ကြားမှာ ဘာပြဿနာမှမရှိဘူးလို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြားရက်တုန်းက ပဲလေ့စ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပရီးမီးယားလိဂ်ပွဲ ဒုတိယပိုင်းမှာ ယူနိုက်တက်အသင်း ဂိုးရဖို့ရုန်းကန်နေရချိန် မက်ဂွိုင်းယားက လူကျွံဘောမဖြစ်စေအောင် ကစားဖို့ (‘f****** get back onside’)လို့ အော်ဟစ်ညွှန်ကြားခဲ့ချိန်မှာ ရပ်ရှ်ဖို့ဒ်က “မင်းက ငါ့ကို ဘယ်လိုကစားစေချင်နေတာလဲ”( ‘What the f*** do you want me to do? You f****** k*******.’)ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ယူနိုက်တက်ကစားသမားတွေကြားမှာ စည်းလုံးမှုပြိုကွဲနေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး မက်ဂွိုင်းယားကတော့ သူနဲ့ ရပ်ရှ်ဖို့ဒ်ကြားမှာ ဘာပြဿနာမှမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မက်ဂွိုင်းယားက “ချန်ပီယံဆုဖလားတွေ ရယူချင်တယ်ဆိုရင် အသင်းကို ဦးဆောင်နိုင်တဲ့ကစားသမားတွေရှိဖို့ လိုအပ်ပါတယ်။ ကွင်းထဲမှာ ပရိသတ်တွေမရှိတာကြောင့်လည်း ကျွန်တော်တို့ စကားများခဲ့တာက အရမ်းသိသာသွားခဲ့တာပါ။

ဒါပေမဲ့ တခြားပွဲတွေမှာလည်း ကျွန်တော်တို့ ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်နေကြတာဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်ကို ကျွန်တော် လေးစားမှုအပြည့်ရှိသလို သူကလည်း ကျွန်တော့်အပေါ် အဲဒီလိုပဲသဘောထားတာဖြစ်ပါတယ်။ သူက အသင်းအတွက် အကောင်းဆုံးကစားပေးချင်သလို ကျွန်တော်ကလည်း အသင်းရလဒ်ကောင်းတာကိုပဲ လိုချင်တာဖြစ်ပါတယ်။  အဲဒီလိုဖြစ်မလာရင် ကျွန်တော်တို့နှစ်ယောက်စလုံး စိတ်ပျက်ဒေါသထွက်တာ ထုံးစံပါပဲ။

ကျွန်တော်တို့တွေက ပွဲတိုင်းအနိုင်ရဖို့ ဆန္ဒပြင်းပြနေကြသူတွေဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အခုနောက်ပိုင်းပွဲတွေမှာ တိုက်စစ်ကဂိုးရဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်အဝေးကွင်း (၃)ပွဲဆက်သရေကျခဲ့သလို အဲဒီ(၃)ပွဲမှာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ မြန်မာစံတော်ချိန် ည(၁၁:၀၀)နာရီအချိန်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲပြီးရင် လာမယ့်(၂)ပတ်အတွင်း အေစီမီလန်နဲ့ ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်နှစ်ပွဲ၊ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း၊ FA ဖလားကွာတားဖိုင်နယ်အဖြစ် လက်စတာနဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားရမှာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရပ္ရွ္ဖို႔ဒ္နဲ႔ မိမိၾကားမွာ ဘာျပႆနာမွမရွိဘူးလို႔ မက္ဂြိဳင္းယား ဖြင့္ဟ

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားက ပဲေလ့စ္နဲ႔ကစားခဲ့တဲ့ပြဲမွာ အသင္းေဖာ္ ရပ္ရွ္ဖို႔ဒ္နဲ႔ စကားမ်ားခဲ့တာဟာ အသင္းႏိုင္ပြဲရဖို႔ ႏွစ္ေယာက္စလုံး ဆႏၵျပင္းျပေနတာေၾကာင့္ျဖစ္ၿပီး အဲဒီအတြက္ သူတို႔ႏွစ္ေယာက္ၾကားမွာ ဘာျပႆနာမွမရွိဘူးလို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ၾကားရက္တုန္းက ပဲေလ့စ္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပရီးမီးယားလိဂ္ပြဲ ဒုတိယပိုင္းမွာ ယူႏိုက္တက္အသင္း ဂိုးရဖို႔႐ုန္းကန္ေနရခ်ိန္ မက္ဂြိဳင္းယားက လူကြၽံေဘာမျဖစ္ေစေအာင္ ကစားဖို႔ (‘f****** get back onside’)လို႔ ေအာ္ဟစ္ၫႊန္ၾကားခဲ့ခ်ိန္မွာ ရပ္ရွ္ဖို႔ဒ္က “မင္းက ငါ့ကို ဘယ္လိုကစားေစခ်င္ေနတာလဲ”( ‘What the f*** do you want me to do? You f****** k*******.’)ဆိုၿပီး ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ အဲဒီျဖစ္ရပ္ေၾကာင့္ ယူႏိုက္တက္ကစားသမားေတြၾကားမွာ စည္းလုံးမႈၿပိဳကြဲေနၿပီဆိုတဲ့ သတင္းေတြထြက္ေပၚေနၿပီး မက္ဂြိဳင္းယားကေတာ့ သူနဲ႔ ရပ္ရွ္ဖို႔ဒ္ၾကားမွာ ဘာျပႆနာမွမရွိဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မက္ဂြိဳင္းယားက “ခ်န္ပီယံဆုဖလားေတြ ရယူခ်င္တယ္ဆိုရင္ အသင္းကို ဦးေဆာင္ႏိုင္တဲ့ကစားသမားေတြရွိဖို႔ လိုအပ္ပါတယ္။ ကြင္းထဲမွာ ပရိသတ္ေတြမရွိတာေၾကာင့္လည္း ကြၽန္ေတာ္တို႔ စကားမ်ားခဲ့တာက အရမ္းသိသာသြားခဲ့တာပါ။ ဒါေပမဲ့ တျခားပြဲေတြမွာလည္း ကြၽန္ေတာ္တို႔ ဒီလိုပဲ တစ္ေယာက္နဲ႔တစ္ေယာက္ ေအာ္ဟစ္ေနၾကတာျဖစ္ပါတယ္။ ရပ္ရွ္ဖို႔ဒ္ကို ကြၽန္ေတာ္ ေလးစားမႈအျပည့္ရွိသလို သူကလည္း ကြၽန္ေတာ့္အေပၚ အဲဒီလိုပဲသေဘာထားတာျဖစ္ပါတယ္။ သူက အသင္းအတြက္ အေကာင္းဆုံးကစားေပးခ်င္သလို ကြၽန္ေတာ္ကလည္း အသင္းရလဒ္ေကာင္းတာကိုပဲ လိုခ်င္တာျဖစ္ပါတယ္။ အဲဒီလိုျဖစ္မလာရင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္စလုံး စိတ္ပ်က္ေဒါသထြက္တာ ထုံးစံပါပဲ။ ကြၽန္ေတာ္တို႔ေတြက ပြဲတိုင္းအႏိုင္ရဖို႔ ဆႏၵျပင္းျပေနၾကသူေတြျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ အခုေနာက္ပိုင္းပြဲေတြမွာ တိုက္စစ္ကဂိုးရဖို႔ ႐ုန္းကန္ေနရၿပီး ပရီးမီးယားလိဂ္အေဝးကြင္း (၃)ပြဲဆက္သေရက်ခဲ့သလို အဲဒီ(၃)ပြဲမွာ တစ္ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ ျမန္မာစံေတာ္ခ်ိန္ ည(၁၁:၀၀)နာရီအခ်ိန္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းနဲ႔ အေဝးကြင္းပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ဒီပြဲၿပီးရင္ လာမယ့္(၂)ပတ္အတြင္း ေအစီမီလန္နဲ႔ ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပြဲစဥ္ႏွစ္ပြဲ၊ ဝက္စ္ဟမ္းနဲ႔ ပရီးမီးယားလိဂ္အိမ္ကြင္း၊ FA ဖလားကြာတားဖိုင္နယ္အျဖစ္ လက္စတာနဲ႔ ပြဲက်ပ္ေတြ ဆက္တိုက္ကစားရမွာလည္းျဖစ္ပါတယ္။