ရပ်ဘီအသင်းလို့ သူသမုတ်တဲ့ စတုတ်အိမ်ကွင်းသွားကစားရမှာကို ဝင်းဂါးမုန်းတီးခဲ့ကြောင်း တိုနီပူးလစ်ဖွင့်ဟ

photo-daily mail

photo-kevin quigley

၀င်းဂါးဟာ သူ့နည်းပြဘဝမှာ စတုတ်စီးတီးနဲ့ပတ်သက်လို့ ထမင်းလုံးတစ္ဆေခြောက်ခဲ့ပြီး သူတို့ရဲ့ကွင်းရဲ့မြက်ခင်းအကြောင်းကို အက်ဖ်အေထံတိုင်ကြားခဲ့ကာ လက်ပစ်ဘောခပ်ဝေးဝေးပစ်မှုကိုလည်း ပိတ်ပင်ဖို့ တားဆီးခဲ့ကြောင်း အဲဒီအသင်းနည်းပြဟောင်းတိုနီပူးလစ်က ဖွင့်ဟပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ဝင်းဂါးလက်ထက် စတုတ်နဲ့အဝေးကွင်းတွေ့ဆုံမှုတွေမှာ မှတ်တမ်းဆိုးရှိခဲ့ပြီး အဲဒီမှာ ပရီးမီးယားလိဂ် ၅ ကြိမ်ရှုှုံးနိမ်ခဲ့ကာ အက်ဖ်အေဖလား ၁ ကြိမ်လည်း ရှုံးနိမ့်ခဲ့ပါတယ်။

photo-gettyimages

စတုတ်ရဲ့တိုက်ရိုက်နဲ့ကြမ်းကြမ်းတမ်းတမ်းကစားပုံက ဝင်းဂါးကို စပ်ဆုပ်ရွံ့ရှားစေခဲ့တာဖြစ်ပြီး အဲဒီမှာ အာဆင်နယ်ရှုံးတဲ့အကြိမ်တိုင်း ဝင်းဂါးဟာ ရှင်းပြဖို့ကြိုးစားရတာ မောပန်းနေပုံပေါက်ခဲ့ပါတယ်။ သူ့လက်ထက် အာဆင်နယ်ရဲ့စတိုင်ကျကျကစားပုံနဲ့ ဆန့်ကျင်ဘက်လိုဖြစ်နေတဲ့ အမြင့်ဘောအသားပေး၊ ရုပ်ပိုင်းဆိုင်ရာအားပြုကစားပုံကြောင့် စတုတ်ကို ရပ်ဘီအသင်းတစ်သင်းလို့ ဝင်းဂါးက ချိုးချိုးဖဲ့ဖဲ့ပြောခဲ့ဖူးပါတယ်။

EMPic Sport

”ကျွန်တော်တို့ကို ရပ်ဘီအသင်းတစ်သင်းလု့ိ ဝင်းဂါးပြောတဲ့အချိန်မှာ အိမ်ကွင်းမှာ သူတို့ကို ကျွန်တော်တို့ ၃ ကြိမ်ဆက်အနိုင်ရပြီးချိန်ပါ။ အာဆင်နယ်ထက် အများကြီးအားနည်းပြီး အာဆင်နယ်လောက်လည်း အများကြီးမသုံးနိုင်တဲ့ အသင်းတစ်သင်းက အာဆင်နယ်ကို ဘယ်လိုဆက်တိုက်နိုင်နေတာလဲဆိုတဲ့မေးခွန်းကို သူရှောင်လွှဲခဲ့ပါတယ်။ စတုတ်ကို လာရတာ သူတို့မုန်းပြီး ဝင်းဂါး အရေးတယူပြောရတဲ့တစ်သင်းတည်းကလပ်က စတုတ်ဖြစ်ကြောင်း ဗီအဲရာက ကျွန်တော့်ကို ပြောခဲ့ပါတယ်။ တစ်ခါတုန်းကလည်း ကျွန်တော်တို့ကွင်းမျက်ခင်းတွေက ရှည်လွန်းတယ်ဆိုပြီး ဝင်းဂါးက အက်ဖ်အေကို စာရေးတိုင်တော့ ကွင်းလယ်ဒိုင်နဲ့စည်းကြပ်ဒိုင်တွေဟာ မျက်ခင်းကို လာတိုင်းတာခဲ့ရတယ်။ လက်ပစ်ဘောတွေကို ပိတ်ပင်ဖို့အကြောင်း သူပြောခဲ့တာကိုလည်း ကျွန်တော်တို့သိပါတယ်။ ဒါတွေအားလုံးက ကျွန်တော်တို့နားထဲမှာတော့ သာယာနာပျော်ဖွယ်ကောင်းခဲ့တာပါ”လို့ သူ့နည်းပြဘဝမှာ ဝင်းဂါးကို ၅ ကြိမ်နိုင်ခဲ့ဖူးတဲ့ စတုတ်နည်းပြဟောင်းတိုနီပူးလစ်က ပြောခဲ့တာပါ။

[Zawgyi]

ရပ္ဘီအသင္းလို႔ သူသမုတ္တဲ့ စတုတ္အိမ္ကြင္းသြားကစားရမွာကို ဝင္းဂါးမုန္းတီးခဲ့ေၾကာင္း တိုနီပူးလစ္ဖြင့္ဟ

၀င္းဂါးဟာ သူ႔နည္းျပဘ၀မွာ စတုတ္စီးတီးနဲ႔ပတ္သက္လုိ႔ ထမင္းလုံးတေစၦေျခာက္ခဲ့ၿပီး သူတို႔ရဲ႕ကြင္းရဲ႕ျမက္ခင္းအေၾကာင္းကို အက္ဖ္ေအထံတုိင္ၾကားခဲ့ကာ လက္ပစ္ေဘာခပ္ေ၀းေ၀းပစ္မႈကိုလည္း ပိတ္ပင္ဖို႔ တားဆီးခဲ့ေၾကာင္း အဲဒီအသင္းနည္းျပေဟာင္းတိုနီပူးလစ္က ဖြင့္ဟေျပာၾကားလုိက္ပါတယ္။ အာဆင္နယ္ဟာ ၀င္းဂါးလက္ထက္ စတုတ္နဲ႔အေ၀းကြင္းေတြ႕ဆုံမႈေတြမွာ မွတ္တမ္းဆုိးရွိခဲ့ၿပီး အဲဒီမွာ ပရီးမီးယားလိဂ္ ၅ ႀကိမ္ရႈႈံးနိမ္ခဲ့ကာ အက္ဖ္ေအဖလား ၁ ႀကိမ္လည္း ရႈံးနိမ့္ခဲ့ပါတယ္။

စတုတ္ရဲ႕တိုက္ရိုက္နဲ႔ၾကမ္းၾကမ္းတမ္းတမ္းကစားပုံက ၀င္းဂါးကို စပ္ဆုပ္ရြံ႕ရွားေစခဲ့တာျဖစ္ၿပီး အဲဒီမွာ အာဆင္နယ္ရႈံးတဲ့အႀကိမ္တိုင္း ၀င္းဂါးဟာ ရွင္းျပဖို႔ႀကိဳးစားရတာ ေမာပန္းေနပုံေပါက္ခဲ့ပါတယ္။ သူ႔လက္ထက္ အာဆင္နယ္ရဲ႕စတိုင္က်က်ကစားပုံနဲ႔ ဆန္႔က်င္ဘက္လိုျဖစ္ေနတဲ့ အျမင့္ေဘာအသားေပး၊ ရုပ္ပိုင္းဆိုင္ရာအားျပဳကစားပုံေၾကာင့္ စတုတ္ကို ရပ္ဘီအသင္းတစ္သင္းလုိ႔ ၀င္းဂါးက ခ်ိဳးခ်ိဳးဖဲ့ဖဲ့ေျပာခဲ့ဖူးပါတယ္။

”ကၽြန္ေတာ္တို႔ကို ရပ္ဘီအသင္းတစ္သင္းလု႔ိ ၀င္းဂါးေျပာတဲ့အခ်ိန္မွာ အိမ္ကြင္းမွာ သူတုိ႔ကို ကၽြန္ေတာ္တို႔ ၃ ႀကိမ္ဆက္အႏိုင္ရၿပီးခ်ိန္ပါ။ အာဆင္နယ္ထက္ အမ်ားႀကီးအားနည္းၿပီး အာဆင္နယ္ေလာက္လည္း အမ်ားႀကီးမသုံးႏိုင္တဲ့ အသင္းတစ္သင္းက အာဆင္နယ္ကို ဘယ္လုိဆက္တိုက္ႏိုင္ေနတာလဲဆုိတဲ့ေမးခြန္းကို သူေရွာင္လႊဲခဲ့ပါတယ္။ စတုတ္ကို လာရတာ သူတုိ႔မုန္းၿပီး ၀င္းဂါး အေရးတယူေျပာရတဲ့တစ္သင္းတည္းကလပ္က စတုတ္ျဖစ္ေၾကာင္း ဗီအဲရာက ကၽြန္္ေတာ့္ကို ေျပာခဲ့ပါတယ္။ တစ္ခါတုန္းကလည္း ကၽြန္ေတာ္တုိ႔ကြင္းမ်က္ခင္းေတြက ရွည္လြန္းတယ္ဆိုၿပီး ၀င္းဂါးက အက္ဖ္ေအကို စာေရးတိုင္ေတာ့ ကြင္းလယ္ဒိုင္နဲ႔စည္းၾကပ္ဒုိင္ေတြဟာ မ်က္ခင္းကုိ လာတိုင္းတာခဲ့ရတယ္။ လက္ပစ္ေဘာေတြကို ပိတ္ပင္ဖို႔အေၾကာင္း သူေျပာခဲ့တာကိုလညး္ ကၽြန္ေတာ္တို႔သိပါတယ္။ ဒါေတြအားလုံးက ကၽြန္ေတာ္တို႔နားထဲမွာေတာ့ သာယာနာေပ်ာ္ဖြယ္ေကာင္းခဲ့တာပါ”လို႔ သူ႔နည္းျပဘ၀မွာ ၀င္းဂါးကို ၅ ႀကိမ္ႏိုင္ခဲ့ဖူးတဲ့ စတုတ္နည္းျပေဟာင္းတုိနီပူးလစ္က ေျပာခဲ့တာပါ။