ရန်းနက်စ်နဲ့ပွဲက အငြင်းပွားဖွယ်လက်ထိဘောပင်နယ်တီကြောင့် ဖီဖာအစည်း အဝေးမှာ ဥပေဒကိုပြောင်းလဲဖို့ ယူအီးအက်ဖ်အေဥက္ကဋ္ဌ အဆိုတင်သွင်းဖွယ်ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ ချဲလ်ဆီး-ရန်းနက်စ်ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ လက်ထိ ဘောပင်နယ်တီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေသလို အခုဆိုရင် ယူ အီးအက်ဖ်အေဥက္ကဋ္ဌ ဆီဖာရင်က လာမယ့်ဖီဖာအထွေထွေညီလာခံမှာ လက်ထိ ဘောစည်းမျဉ်းကို အပြောင်းအလဲပြုလုပ်ဖို့ တင်ပြသွားမယ်လို့ ပြောကြားလာပါ တယ်။

AP သတင်းဌာနကို ရေးသားပေးပို့ထားတဲ့ ဆီဖာရင်ရဲ့စာထဲမှာ ဖော်ပြချက် အရ လက်ဟာ လူ့ခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မရည်ရွယ်ဘဲ ရှောင်ချိန် မရထိတဲ့အခိုက်အတန့်တွေမှာ စာအုပ်ကြီးအတိုင်းသွားလို့မဖြစ်နိုင်ဘဲ အခြား နည်းလမ်းနဲ့ ထည့်သွင်းစဉ်းစားမှုမျိုးတွေပြုလုပ်ရမှာဖြစ်ကြောင်းရေးသားထားပါတယ်။

ဂိုးသွင်းယူတဲ့နေ ရာမှာ လက်မောင်း ဒါမှမဟုတ် လက်ရဲ့အစိတ်အပိုင်းနဲ့ သွင်းယူတာမျိုးကို ခွင့်မပြု သင့်ပေမယ့် ဖျက်ထုတ်ကာကွယ်ရင်းနဲ့ မတော်တဆထိမိတဲ့ကိစ္စရပ်တွေမှာ အတိ အကျ အရေးယူအပြစ်ပေးတာမျိုးတွေ ရှောင်ရှားနိုင်ဖို့လိုကြောင်း ပါရှိပါတယ်။

ဒါ့ အပြင် VAR နဲ့ပတ်သက်ပြီးတော့ ဆီဖာရင်က “ကွင်းထဲကကိစ္စရပ်တိုင်းမှာ VAR ကိုအားကိုးပြီး တစ်ချိန်လုံးကြည့်ပြီးဆုံးဖြတ်တာဟာ အငြင်းပွားဖွယ်အရာတွေကို ပဲ ဖြစ်စေတာပဲအဖတ်တင်ပြီး ကျေနပ်စရာရလဒ်မျိုး ထွက်မလာပါဘူး။ လက်ထိ ဘောကြောင့် ပင်နယ်တီဆုံးဖြတ်တော့မယ်ဆိုရင် ရည်ရွယ်ချက်ရှိ၊ မရှိကိုပါထည့် ပြီး စဉ်းစားသင့်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

လက်ထိဘောဥပဒေကို ပြီးခဲ့ တဲ့ ဖီဖာနှစ်ပတ်လည်အစည်းအဝေးမှာ ပြောင်းလဲပြင်ဆင်ခဲ့တာပါ။ ဒီနှစ် အစည်း အဝေးမှာတော့ ဆီဖာရင်က စည်းမျဉ်းထုတ်တဲ့ပုဂိုလ်တွေကို လက်ထိဘောစည်း မျဉ်းနဲ့ပတ်သက်ပြီး ပြောင်းလဲမှုတွေပြုလုပ်သွားဖို့ တင်ပြသွားမယ်လို့ သိရပါ တယ်။

ချဲလ်ဆီးနဲ့ပွဲမှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေဟာ မတရားဘဲ သူတို့အသင်းကို အများကြီးနစ်နာစေခဲ့တယ်လို့လည်း ရန်းနက်စ်အသင်းဥက္ကဋ္ဌက စွပ်စွဲပြောကြားခဲ့ပါသေးတယ်။

မန်ယူနောက်ခံကစားသမားဟောင်း ဖာဒီနန်က လည်း ချဲလ်ဆီးဘက်ကိုပေးခဲ့တဲ့ ဒုတိယပင်နယ်တီဂိုးဟာ ရင်းနက်စ်နောက်ခံလူ ဒဲလ်ဗက်အနေနဲ့ လက်နဲ့တားဆီးဖို့ ရည်ရွယ်ချက်လုံးဝမရှိဘဲ အေဘရာဟမ်ရဲ့ ကန်ချက်က ဒူးကိုထိပြီးမှ အပေါ်မြောက်တက်လာပြီး ရှောင်ချိန်မရဘဲ လက်ကိုထိမိခဲ့ပါတယ်။

ဒါကို ပင်နယ်တီပေးခဲ့တဲ့အပြင် ဒဲလ်ဗက်ကိုပါ ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခဲ့တဲ့အတွက် ရန်းနက်စ် ဘက်ကို အကြီးအကျယ်ထိခိုက်နစ်နာမှုရှိစေပြီး ကျက်သရေယုတ်လွန်းတဲ့ လက်မခံနိုင်စရာဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ရန်းနက်စ်နဲ့ပွဲမှာ ချဲလ် ဆီးဟာ ပင်နယ်တီ ၂ ဂိုးရရှိခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ်ဆုံးဖြတ် ချက်တွေကို ဘောလုံးလောကကလူတွေက ဝေဖန်ခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရန္းနက္စ္န႔ဲပြဲက အျငင္းပြားဖြယ္လက္ထိေဘာပင္နယ္တီေၾကာင့္ ဖီဖာအစည္း အေ၀းမွာ ဥေပဒကိုေျပာင္းလဲဖို႔ ယူအီးအက္ဖ္ေအဥကၠ႒ အဆိုတင္သြင္းဖြယ္ရွိ

ၿပီးခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္ျဖစ္တဲ့ ခ်ဲလ္ဆီး-ရန္းနက္စ္ပြဲမွာ ျဖစ္ေပၚခဲ့တဲ့ လက္ထိ ေဘာပင္နယ္တီကိစၥရပ္ေတြနဲ႔ပတ္သက္ၿပီး ေ၀ဖန္မႈေတြရွိေနသလို အခုဆိုရင္ ယူ အီးအက္ဖ္ေအဥကၠ႒ ဆီဖာရင္က လာမယ့္ဖီဖာအေထြေထြညီလာခံမွာ လက္ထိ ေဘာစည္းမ်ဥ္းကို အေျပာင္းအလဲျပဳလုပ္ဖို႔ တင္ျပသြားမယ္လို႔ ေျပာၾကားလာပါ တယ္။

AP သတင္းဌာနကို ေရးသားေပးပို႔ထားတဲ့ ဆီဖာရင္ရဲ႕စာထဲမွာ ေဖာ္ျပခ်က္ အရ လက္ဟာ လူ႕ခႏၵာကိုယ္အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး မရည္ရြယ္ဘဲ ေရွာင္ခ်ိန္ မရထိတဲ့အခိုက္အတန္႔ေတြမွာ စာအုပ္ႀကီးအတုိင္းသြားလို႔မျဖစ္ႏိုင္ဘဲ အျခား နည္းလမ္းနဲ႔ ထည့္သြင္းစဥ္းစားမႈမ်ဳိးေတြျပဳလုပ္ရမွာျဖစ္ေၾကာင္းေရးသားထားပါတယ္။

ဂိုးသြင္းယူတဲ့ေန ရာမွာ လက္ေမာင္း ဒါမွမဟုတ္ လက္ရဲ႕အစိတ္အပိုင္းနဲ႔ သြင္းယူတာမ်ဳိးကို ခြင့္မျပဳ သင့္ေပမယ့္ ဖ်က္ထုတ္ကာကြယ္ရင္းနဲ႔ မေတာ္တဆထိမိတဲ့ကိစၥရပ္ေတြမွာ အတိ အက် အေရးယူအျပစ္ေပးတာမ်ဳိးေတြ ေရွာင္ရွားႏိုင္ဖို႔လုိေၾကာင္း ပါရွိပါတယ္။

ဒါ့ အျပင္ VAR နဲ႔ပတ္သက္ၿပီးေတာ့ ဆီဖာရင္က “ကြင္းထဲကကိစၥရပ္တိုင္းမွာ VAR ကိုအားကိုးၿပီး တစ္ခ်ိန္လံုးၾကည့္ၿပီးဆံုးျဖတ္တာဟာ အျငင္းပြားဖြယ္အရာေတြကို ပဲ ျဖစ္ေစတာပဲအဖတ္တင္ၿပီး ေက်နပ္စရာရလဒ္မ်ဳိး ထြက္မလာပါဘူး။ လက္ထိ ေဘာေၾကာင့္ ပင္နယ္တီဆံုးျဖတ္ေတာ့မယ္ဆုိရင္ ရည္ရြယ္ခ်က္ရွိ၊ မရွိကုိပါထည့္ ၿပီး စဥ္းစားသင့္ပါတယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

လက္ထိေဘာဥပေဒကို ၿပီးခဲ့ တဲ့ ဖီဖာႏွစ္ပတ္လည္အစည္းအေ၀းမွာ ေျပာင္းလဲျပင္ဆင္ခဲ့တာပါ။ ဒီႏွစ္ အစည္း အေ၀းမွာေတာ့ ဆီဖာရင္က စည္းမ်ဥ္းထုတ္တဲ့ပုဂိဳလ္ေတြကုိ လက္ထိေဘာစည္း မ်ဥ္းနဲ႔ပတ္သက္ၿပီး ေျပာင္းလဲမႈေတြျပဳလုပ္သြားဖို႔ တင္ျပသြားမယ္လို႔ သိရပါ တယ္။

ခ်ဲလ္ဆီးနဲ႔ပြဲမွာ ကြင္းလယ္ဒိုင္လူႀကီးရဲ႕ဆံုးျဖတ္ခ်က္ေတြဟာ မတရားဘဲ သူတို႔အသင္းကို အမ်ားႀကီးနစ္နာေစခဲ့တယ္လုိ႔လည္း ရန္းနက္စ္အသင္းဥကၠ႒က စြပ္စြဲေျပာၾကားခဲ့ပါေသးတယ္။

မန္ယူေနာက္ခံကစားသမားေဟာင္း ဖာဒီနန္က လည္း ခ်ဲလ္ဆီးဘက္ကိုေပးခဲ့တဲ့ ဒုတိယပင္နယ္တီဂိုးဟာ ရင္းနက္စ္ေနာက္ခံလူ ဒဲလ္ဗက္အေနနဲ႔ လက္နဲ႔တားဆီးဖို႔ ရည္ရြယ္ခ်က္လံုး၀မရွိဘဲ ေအဘရာဟမ္ရဲ႕ ကန္ခ်က္က ဒူးကိုထိၿပီးမွ အေပၚေျမာက္တက္လာၿပီး ေရွာင္ခ်ိန္မရဘဲ လက္ကိုထိမိခဲ့ပါတယ္။

ဒါကို ပင္နယ္တီေပးခဲ့တဲ့အျပင္ ဒဲလ္ဗက္ကိုပါ ၂ ၀ါ ၁ နီနဲ႔ထုတ္ပယ္ခဲ့တဲ့အတြက္ ရန္းနက္စ္ ဘက္ကို အႀကီးအက်ယ္ထိခိုက္နစ္နာမႈရွိေစၿပီး က်က္သေရယုတ္လြန္းတဲ့ လက္မခံႏိုင္စရာဆံုးျဖတ္ခ်က္ျဖစ္တယ္လို႔ ေ၀ဖန္ခဲ့ပါတယ္။

ရန္းနက္စ္နဲ႔ပြဲမွာ ခ်ဲလ္ ဆီးဟာ ပင္နယ္တီ ၂ ဂိုးရရွိခဲ့ၿပီး ကြင္းလယ္ဒိုင္လူႀကီးရဲ႕ အျငင္းပြားဖြယ္ဆံုးျဖတ္ ခ်က္ေတြကို ေဘာလံုးေလာကကလူေတြက ေ၀ဖန္ခဲ့ၾကပါတယ္။