ရန်ပွဲမှာ အမြတ်ထွက် သူရဲကောင်းဖြစ်သွားတဲ့ အဲရစ်ဆင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ကိုပါ အီတလီယာ ဖလား ကွာတားဖိုင်နယ် ပွဲစဉ် ကို ကစားခဲ့တဲ့ အင်တာ မီလန် နဲ့ အေစီ မီလန် တို့ရဲ့ ပွဲစဉ်ကတော့ အကြိတ်အနယ် နဲ့ ကြည့်ကောင်းခဲ့ပါတယ်။ ဘောလုံးကစားတာလည်း ကြည့်ရင်း၊ ရန်ပွဲကိုလည်းကြည့်ရင်းနဲ့ပါ။ မီလန် ဒါဘီပွဲ ဖြစ်သလို ဆုဖလားတစ်လုံးအတွက် အရေးပါတဲ့ပွဲ ဖြစ်တာကြောင့် လူစုံပါဝင်ခဲ့ကြပါတယ်။

အဖွင့်ဂိုး ကိုတော့ အေစီမီလန် အသင်းရဲ့ တိုက်စစ်မှူးကြီး အီဗရာဟီမိုဗစ်က 31 မိနစ်မှာပဲ သွင်းယူပေးလိုက်ပါတယ်။ ဇာတ်ရှိန်မြင့်တဲ့အပိုင်းကတော့ လူကာကူနဲ့ မိုဗစ်တို့ ရန်စဖြစ်တဲ့ အချိန်ကစပါတယ်။ အဝါကတ်ရလည်း ရန်ငြိုးကမပြေ၊ အဲဒီနောက် အနီကတ်တွေ၊ ပင်နယ်တီတွေနဲ့ ဂိုးတွေ သွင်းကြပြီး ဇာတ်သိမ်းခန်းနား ရောက်လာကြပါတယ်။

ပွဲကစားချိန် မိနစ် 90 ပြည့်လို့ နာကျင် အချိန်ပို ကို 10 မိနစ် အထိ သတ်မှတ်ပေးခဲ့ပါတယ်။ ပွဲကလည်း 1-1 အနေအထားဖြစ်နေဆဲမို့ ၊ ကွန်တီ ဟာ ဘရိုဇိုဗစ် ကို ထုတ်ပြီး အဲရစ်ဆင် ကို ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ 97 မိနစ် မှာတော့ အေစီမီလန် ဂိုးဧရိယာ ထိပ်မှာ ရရှိတဲ့ ဖရီးကစ် ကို အဲရစ်ဆင် က လှလှပပ ကန်သွင်းရင်း ၊ အသင်းအနိုင်ဂိုးရရှိအောင်လုပ်ပေးခဲ့ပါတယ်။

အင်တာမီလန်မှာ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့လို့ အရောင်းစာရင်း တင်မယ့်အထိ ဖြစ်ခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်ဖန်တီးရှင်ကတော့ အင်တာမီလန်အတွက် ကိုပါအီတာလီယာကွာတားမှာ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ အေစီမီလန်ရဲ့ တိုက်စစ်မှူး ဇလာတန်အီဗရာဟီမိုဗစ်ကတော့ အနီကတ်ကြောင့်နစ်နာခဲ့ရပါပြီ။

အနိုင်ဂိုးသွင်းခဲ့တာကြောင့် အဲရစ်ဆင် ကို ရောင်းထုတ်မယ့် အင်တာ မီလန် ရဲ့ သဘောထားအပြောင်းအလဲ ဖြစ်သွားနိုင်တယ်လို့ သိရပြီး ၊ အသင်းမှာ ဆက်ထိန်းထားဖို့ စဉ်းစားနေတယ်လို့ ပွဲအပြီးမှာ နည်းပြ ကွန်တီက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အင်တာမီလန်ဟာ မြို့ခံပြိုင်ဘက် အေစီမီလန်ကို ဒီရာသီ စီးရီးအေပအကျော့ ရှုံးကြွေးကို ကိုပါအီတာလီယာပြိုင်ပွဲမှာ ပြန်ဆပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။တစ်ဖက်မှာ အင်တာ မီလန် ဟာ အကြိုဗိုလ်လုပွဲ မှာတော့ ဂျူဗီ (သို့) SPAL တို့ထဲက တစ်သင်းသင်း နဲ့ ရင်ဆိုင် ကစားရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi




