ရန်စွာကောင်းတဲ့ မော်ရင်ဟိုလည်း မျက်ရည်ပေါက်ပေါက် ကျတတ်ပါတယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြတွေထဲမှာ ပိဿလေး ဘေးပစ် ပြောနိုင်သူတစ်ယောက်ကတော့ မော်ရင်ဟိုပါ။

တချို့တွေက ဝေဖန်လေကန်ရေးပြောတာဖြစ်ပေမယ့် မော်ရင်ဟိုက နာလိုခံခက် ဖြစ်အောင် ပြောတာပါ။

နယ်ပယ်တူ နည်းပြတွေ မဆိုထားနဲ့ ကစားသမားတွေကိုလည်း စကားလုံးတွေ ပစ်ကျွေးတတ်သူပါ။

ဒါပေမယ့် အပြောဆိုးတဲ့ မော်ရင်ဟိုဟာ ခံစားတတ်တဲ့ နှလုံးသားရှိပါတယ်။

တပည့်ဟောင်း အဲရစ်ဆင် ကွင်းအတွင်း လဲကျသွားတာ ကိုကြည့်ပြီး မျက်ရည်ပေါက်ပေါက်ကျအောင် ငိုကြွေးရကြောင်းနှင့် သူ့အတွက် ဆုတောင်းပေးခဲ့ကြောင်း မော်ရင်ဟိုက ပြောဆိုထားပါတယ်။

အဲရစ်ဆင်နဲ့ စပါး အသင်းမှာ နှစ်လကြာအလုပ်တွဲလုပ်ခဲ့ဖူးတဲ့ နည်းပြမော်ရင်ဟိုက “ဒီနေ့အထိကို အဲရစ်ဆင်ရဲ့ဖြစ်ရပ်ကို မျက်လုံးထဲက ဖျောက်လို့မရခဲ့ဘူး။

ဝမ်းသာစရာနေ့ ဖြစ်မလာဘဲ ဝမ်းနည်းစရာဖြစ်သွားရတယ်။

အဲဒီမှာ ဘောလုံးရဲ့ စည်းလုံးညီညွှတ်မှုကိုလည်း မြင်တွေ့ခဲ့ရတယ်။”

“ဆရာဝန်တွေ ဆေးအကူတွေရဲ့ အံ့ဖွယ်အရည်အချင်းတွေနဲ့ အဲဒီအချိန်မှာ ဘုရားသခင်ကလည်း အတူတူရှိနေတယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်။

အဲရစ်ဆင်ကို ကျွန်တော်တို့နဲ့၊ သူ့မိသားစုနဲ့ အတူဆက်ရှိနေအောင် အရာအားလုံးက ကူညီစောင်မခဲ့ပါတယ်”

“အဲဒီတုန်းကကျွန်တော်ငိုတောင် ငိုခဲ့ရပါတယ်။ သူ့အတွက် အစွမ်းကုန်ဆုတောင်းပေးခဲ့ပါသေးတယ်။

ဒီဖြစ်ရပ်က သူ့မိသားစုတစ်ခုတည်းရဲ့ ပြဿနာမဟုတ်ဘူး။ကျွန်တော်တို့ ဘောလုံးမိသားစုတစ်ခုလုံးရဲ့ ပြဿနာပါ။” ဆိုပြီး ပြောပါတယ်။

၂၉ နှစ်အရွယ် အဲရစ်ဆင်ဟာ အခုတော့ တည်ငြိမ်တဲ့အနေအထားကို ရောက်ရှိသွားခဲ့ပါပြီ။

အဲရစ်ဆင်ရဲ့ ဒိန်းမတ်အသင်းဟာ ကြာသပတေးနေ့တွင် ဘယ်လ်ဂျီယံနှင့် ကစားဖို့ ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရန္စြာေကာင္းတဲ့ ေမာ္ရင္ဟိုလည္း မ်က္ရည္ေပါက္ေပါက္ က်တတ္ပါတယ္

နည္းျပေတြထဲမွာ ပိႆေလး ေဘးပစ္ ေျပာႏိုင္သူတစ္ေယာက္ကေတာ့ ေမာ္ရင္ဟိုပါ။တခ်ိဳ႕ေတြက ေဝဖန္ေလကန္ေရးေျပာတာျဖစ္ေပမယ့္ ေမာ္ရင္ဟိုက နာလိုခံခက္ ျဖစ္ေအာင္ ေျပာတာပါ။ နယ္ပယ္တူ နည္းျပေတြ မဆိုထားနဲ႔ ကစားသမားေတြကိုလည္း စကားလုံးေတြ ပစ္ေကြၽးတတ္သူပါ။

ဒါေပမယ့္ အေျပာဆိုးတဲ့ ေမာ္ရင္ဟိုဟာ ခံစားတတ္တဲ့ ႏွလုံးသားရွိပါတယ္။ တပည့္ေဟာင္း အဲရစ္ဆင္ ကြင္းအတြင္း လဲက်သြားတာ ကိုၾကည့္ၿပီး မ်က္ရည္ေပါက္ေပါက္က်ေအာင္ ငိုေႂကြးရေၾကာင္းႏွင့္ သူ႔အတြက္ ဆုေတာင္းေပးခဲ့ေၾကာင္း ေမာ္ရင္ဟိုက ေျပာဆိုထားပါတယ္။

အဲရစ္ဆင္နဲ႔ စပါး အသင္းမွာ ႏွစ္လၾကာအလုပ္တြဲလုပ္ခဲ့ဖူးတဲ့ နည္းျပေမာ္ရင္ဟိုက “ဒီေန႔အထိကို အဲရစ္ဆင္ရဲ႕ျဖစ္ရပ္ကို မ်က္လုံးထဲက ေဖ်ာက္လို႔မရခဲ့ဘူး။ ဝမ္းသာစရာေန႔ ျဖစ္မလာဘဲ ဝမ္းနည္းစရာျဖစ္သြားရတယ္။အဲဒီမွာ ေဘာလုံးရဲ႕ စည္းလုံးညီၫႊတ္မႈကိုလည္း ျမင္ေတြ႕ခဲ့ရတယ္။”

“ဆရာဝန္ေတြ ေဆးအကူေတြရဲ႕ အံ့ဖြယ္အရည္အခ်င္းေတြနဲ႔ အဲဒီအခ်ိန္မွာ ဘုရားသခင္ကလည္း အတူတူရွိေနတယ္လို႔ ကြၽန္ေတာ္ကေတာ့ ယုံၾကည္တယ္။အဲရစ္ဆင္ကို ကြၽန္ေတာ္တို႔နဲ႔၊ သူ႔မိသားစုနဲ႔ အတူဆက္ရွိေနေအာင္ အရာအားလုံးက ကူညီေစာင္မခဲ့ပါတယ္”

“အဲဒီတုန္းကကြၽန္ေတာ္ငိုေတာင္ ငိုခဲ့ရပါတယ္။ သူ႔အတြက္ အစြမ္းကုန္ဆုေတာင္းေပးခဲ့ပါေသးတယ္။ ဒီျဖစ္ရပ္က သူ႔မိသားစုတစ္ခုတည္းရဲ႕ ျပႆနာမဟုတ္ဘူး။ကြၽန္ေတာ္တို႔ ေဘာလုံးမိသားစုတစ္ခုလုံးရဲ႕ ျပႆနာပါ။” ဆိုၿပီး ေျပာပါတယ္။

၂၉ ႏွစ္အ႐ြယ္ အဲရစ္ဆင္ဟာ အခုေတာ့ တည္ၿငိမ္တဲ့အေနအထားကို ေရာက္ရွိသြားခဲ့ပါၿပီ။ အဲရစ္ဆင္ရဲ႕ ဒိန္းမတ္အသင္းဟာ ၾကာသပေတးေန႔တြင္ ဘယ္လ္ဂ်ီယံႏွင့္ ကစားဖို႔ ရွိပါတယ္။