ရည်ရွယ်ချက်ရှိရှိ နဲ့ အောင်ပွဲခံခဲ့တဲ့ မှတ်တမ်းကောင်းရ ဂရင်းဝုဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် အသင်းဟာ မနေ့ညက မိုလီနက်စ် ကွင်းထဲ မှာ ဝုလ်ဗ် အသင်းကို ရင်ဆိုင် ကစားခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်။

အဆိုပါ နိုင်ပွဲကြောင့် ယူနိုက်တက်တို့ဟာ အမှတ်ပေးဇယား အဆင့် 3 နေရာကို တက်လှမ်း နိုင်ခဲ့ပါပြီ။

ယူနိုက်တက်အတွက် သွင်းဂိုးကို တိုက်စစ်မှူးလေး မေဆွန် ဂရင်းဝုဒ် ကပဲ သွင်းယူပေးသွားခဲ့ ပါတယ်။

လာမယ့် အောက်တိုဘာလ ၁ရက်နေ့မှာ အသက် ၂၀ပြည့်မယ့် ဂရင်းဝုဒ်ဟာ သူ့ရဲ့ ဆယ်ကျော်သက် ကစားသမားဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ဖြတ်ကျော်နေသူ ဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာတော့ သူဟာ ၃ပွဲကစား သွင်းဂိုး ၃ဂိုး ရယူထားနိုင်ပါတယ်။

လူငယ် တိုက်စစ်မှူးတစ်ဦး အတွက် ပရီးမီးယားလိဂ် အဖွင့်ပွဲ ၃ပွဲဆက်တိုက် သွင်းဂိုးတွေ ရရှိတာဟာ အံ့မခန်း စွမ်းဆောင်ရည်တစ်ခုလို့ ပြောလို့ရသလို ဂရင်းဝုဒ်ရဲ့ သွင်းဂိုးတွေဟာ ယူနိုက်တက်အသင်းက အလိုအပ်ဆုံး ဖြစ်နေတဲ့ အချိန်မှာ သွင်းယူပေးခဲ့တဲ့ သွင်းဂိုးတွေ ဖြစ်နေပါတယ်။

ဂရင်းဝုဒ် ယမန်နေ့ညကဂိုးသွင်းယူခဲ့ပြီးနောက် အောင်ပွဲခံခဲ့တဲ့ပုံစံမှာ “Black Panther” အဖြစ် လူသိများကျော်ကြားလှတဲ့ နာမည်ကြီးသရုပ်ဆောင် “Chadwick Boseman” ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်ကိုရည်ရွယ်ခြင်းဖြစ်တယ်လို့ သူ့ရဲ့ တွစ်တာပေါ်မှရေးသားဖော်ပြချက်အရသိရပါတယ်။

ဂရင်းဝုဒ်ဟာ ယူနိုက်တက် အသင်း အတွက် ပရီးမီးယားလိဂ် သွင်းဂိုး 20 ပြည့်မြောက် သွားခဲ့ပါပြီ။

ယခင်တုန်းကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး အတွင်း ဆယ်ကျော်သက် ကစားသမား ဘဝမှာ လိဂ်ဂိုး 20+ သွင်းယူထားနိုင် ခဲ့တဲ့ ကစားသမား 3 ဦးသာ ရှိခဲ့ကြ ပါတယ်။

အဲဒီကစားသမားတွေ ကတော့ ဝိန်းရွန်းနီ ၊ မိုက်ကယ် အိုဝင် နဲ့ ရော်ဘီ ဖောင်လာ တို့ပဲ ဖြစ်ကြ ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ရည္႐ြယ္ခ်က္ရွိရွိ နဲ႔ ​ေအာင္ပြဲခံခဲ့တဲ့ မွတ္တမ္း​ေကာင္းရ ဂရင္း၀ုဒ္

ယူႏိုက္တက္ အသင္းဟာ မေန႔ညက မိုလီနက္စ္ ကြင္းထဲ မွာ ဝုလ္ဗ္ အသင္းကို ရင္ဆိုင္ ကစားခဲ့ရၿပီး 0 – 1 ဆိုတဲ့ ရလဒ္နဲ႔ ႏိုင္ပြဲ ရယူသြားႏိုင္ခဲ့ ပါတယ္ ။ အဆိုပါ ႏိုင္ပြဲေၾကာင့္ ယူႏိုက္တက္တို႔ဟာ အမွတ္ေပးဇယား အဆင့္ 3 ေနရာကို တက္လွမ္း ႏိုင္ခဲ့ပါၿပီ ။ ယူႏိုက္တက္အတြက္ သြင္းဂိုးကို တိုက္စစ္မႉးေလး ေမဆြန္ ဂရင္းဝုဒ္ ကပဲ သြင္းယူေပးသြားခဲ့ ပါတယ္ ။

လာမယ့္ ေအာက္တိုဘာလ ၁ရက္ေန႔မွာ အသက္ ၂၀ျပည့္မယ့္ ဂရင္းဝုဒ္ဟာ သူ႔ရဲ႕ ဆယ္ေက်ာ္သက္ ကစားသမားဘဝ ေနာက္ဆုံးအခ်ိန္ အပိုင္းအျခားကို ျဖတ္ေက်ာ္ေနသူ ျဖစ္ၿပီး လက္ရွိ ပရီးမီးယားလိဂ္ ေဘာလုံးရာသီမွာေတာ့ သူဟာ ၃ပြဲကစား သြင္းဂိုး ၃ဂိုး ရယူထားႏိုင္ပါတယ္။

လူငယ္ တိုက္စစ္မႉးတစ္ဦး အတြက္ ပရီးမီးယားလိဂ္ အဖြင့္ပြဲ ၃ပြဲဆက္တိုက္ သြင္းဂိုးေတြ ရရွိတာဟာ အံ့မခန္း စြမ္းေဆာင္ရည္တစ္ခုလို႔ ေျပာလို႔ရသလို ဂရင္းဝုဒ္ရဲ႕ သြင္းဂိုးေတြဟာ ယူႏိုက္တက္အသင္းက အလိုအပ္ဆုံး ျဖစ္ေနတဲ့ အခ်ိန္မွာ သြင္းယူေပးခဲ့တဲ့ သြင္းဂိုးေတြ ျဖစ္ေနပါတယ္။

ဂရင္း၀ုဒ္ ယမန္ေန႔ညကဂိုးသြင္းယူခဲ့ၿပီးေနာက္ ေအာင္ပြဲခံခဲ့တဲ့ပုံစံမွာ “Black Panther” အျဖစ္ လူသိမ်ားေက်ာ္ၾကားလွတဲ့ နာမည္ႀကီးသ႐ုပ္ေဆာင္ “Chadwick Boseman” ကြယ္လြန္ျခင္း တစ္ႏွစ္ျပည့္အထိမ္းအမွတ္ကိုရည္႐ြယ္ျခင္းျဖစ္တယ္လို႔ သူ႔ရဲ႕ တြစ္တာေပၚမွေရးသားေဖာ္ျပခ်က္အရသိရပါတယ္။

ဂရင္းဝုဒ္ဟာ ယူႏိုက္တက္ အသင္း အတြက္ ပရီးမီးယားလိဂ္ သြင္းဂိုး 20 ျပည့္ေျမာက္ သြားခဲ့ပါၿပီ။ ယခင္တုန္းကေတာ့ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲႀကီး အတြင္း ဆယ္ေက်ာ္သက္ ကစားသမား ဘဝမွာ လိဂ္ဂိုး 20+ သြင္းယူထားႏိုင္ ခဲ့တဲ့ ကစားသမား 3 ဦးသာ ရွိခဲ့ၾက ပါတယ္ ။ အဲဒီကစားသမားေတြ ကေတာ့ ဝိန္း႐ြန္းနီ ၊ မိုက္ကယ္ အိုဝင္ နဲ႔ ေရာ္ဘီ ေဖာင္လာ တို႔ပဲ ျဖစ္ၾက ပါတယ္။