ရည်မှန်းချက်များစွာထားထားတဲ့ ရက်ရှ်ဖို့နဲ့ပတ်သက်တဲ့သတင်း

M Cash 24 အကှောငြးသိလိုပါက M Cash 24 ကို နှိပပြါ။

ယူနိုက်တက်အသင်းအားထားရတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ရက်ရှ်ဖို့ဟာ ဒဏ်ရာပြဿနာကြောင့် အနားယူနေရပေမယ့် နည်းပြဆိုးလ်ရှားကတော့ ရာသီမကုန်ခင် ရက်ရှ်ဖို့တစ်ယောက်မြက်ခင်းစိမ်းပေါ်ပြန်လည် ခြေချနိုင်မယ်လို့သတင်းစကားပါးထားပါတယ်။ ကွင်းထဲကိုခြေမချနိုင်သေးပေမယ့် ရက်ရှ်ဖို့ရည်ရွယ်ထားတဲ့ ရည်မှန်းချက်တွေရှိပါတယ်။ ရက်ရှ်ဖို့တစ်ယောက်ဘာတွေရည်မှန်းထားလဲဆိုတာကို တင်ဆက်ပေးလိုက် ပါတယ်။ ရက်ရှ်ဖို့ရဲ့အဓိက ရည်ရွယ်ချက်တစ်ခုကတော့ ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဆုဖလားရရှိဖို့ ဖြစ်ပါတယ်။

photo internet

“ကျွန်တော့်အတွက်တော့ အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားရရှိဖို့ရယ်၊ယူနိုက်တက် နဲ့ ချန်ပီယံလိဂ် ရရှိဖို့ရယ်ကအရေးအကြီးဆုံးပါပဲ။ ကျွန်တော်တို့အနေနဲ့ အခုယူနိုက်တက်ကို တစ်ချိန်တုန်းက ယူနိုက်တက် လိုပြန်လည်တောက်ပအောင် စွမ်းဆောင်ပေးရပါမယ်။ ဘောလုံးလောကက ပြောင်းလဲနေတာပါပဲ။ အရင်ခေတ်လိုအနေအထားမျိုးတော့ ထပ်တူကျချင်မှကျပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကြိုးစား ကစားရပါမယ်။ ပြောင်းလဲလာတဲ့အနေအထားမှာ ခက်ခဲပေမယ့် တိုးတက်မှုရှိအောင် ကြိုးစားကြရပါ မယ်။အသင်းကြီးတစ်သင်းအနေနဲ့အခြေအနေတိုးတက်အောင် ဘာကြောင့်မလုပ်နိုင်ရမှာလဲ။အထူးသဖြင့် ဒီရာသီမှာ ဆုဖလားတစ်ခုမဖြစ်မနေ ရဖို့လိုအပ်ပါတယ်။တကယ်လို့ ဆုဖလားတစ်လုံးတောင်မရခဲ့ရင် ကျွန်တော့်အတွက်တော့ တကယ့်စိတ်ပျက်စရာပဲ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့စွမ်းဆောင်နိုင် တယ်ဆိုတာကို မန်နေဂျာရော ၊ အသင်းဖော်တွေကပါယုံကြည်ထားပါတယ်။ အခုအချိန်က တစ်စုံတစ်ခုအောင်မြင်ဖို့ အချိန်တန်ပြီလို့ကျွန်တော်ထင်ပါတယ်။ယူရိုပြိုင်ပွဲမှာလည်းကျွန်တော်တို့အစွမ်းကုန်ပေးဆပ်ကစားရပါလိမ့်မယ်။ကျွန်တော်တို့သာအကောင်းဆုံးပုံစံမှာရှိနေရင် မဖြစ်နိုင်ဘူးလို့ကျွန်တော်တော့ မထင်ပါဘူး။ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးအခိုက်အတန့်တစ်ခုကို ဒီရာသီမှာ တကယ်ပိုင်ဆိုင်ချင်ပါတယ်။” ဆိုပြီးရက်ရှ်ဖို့ကပြောပါတယ်။

photo internet

ဒါ့အပြင်တိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖိုဒ့် က အသင်းရဲ့ ဂန္ဓဝင်တိုက်စစ်မှုးကြီးဖြစ်တဲ့ ဝိန်းရွန်းနီ ရဲ့ ကလပ်စံချိန်တင် သွင်းဂိုး ၂၅၀ ကို ကျော်ဖြတ်ဖို့ အားခဲထားပါသေးတယ်။ ဝိန်းရွန်းနီဟာ ယူနိုက်တက် အသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာကစားခဲ့ပြီးအသင်းအတွက် များစွာပေးဆပ်ခဲ့သူဖြစ်ပါတယ်။ ရက်ရှ်ဖို့ကလည်း သူ့ဘဝကိုဒီကလပ်မှာမြှုပ်နှံထားဖို့ ရည်ရွယ်ထားပြီး တစ်နေ့မှာကလပ်ရဲ့ စံချိန်ရှင် ဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် စီနီယာနာမည်ကျော်ကစားသမားတွေရဲ့ စံချိန်ကိုကျော်ဖြတ်ဖို့ ထက်အခုလောလောဆယ်ယူနိုက်တက်အောင်မြင်ဖို့ကို ပိုမိုအရေးထားထား တာဖြစ်ပါတယ်။

photo internet

”အခုလက်ရှိမှာတော့ နာမည်ကျော်ကစားသမားတွေရဲ့စံချိန်တွေကိုကျော်ဖြတ်ဖို့ဟာ အိပ်မက်အဆင့် မှာပဲရှိပါသေးတယ်။နည်းနည်းဝေးပါသေးတယ်။ အဲဒီအရာအပေါ်အရမ်းကြီးမျှော်လင့်ထားတာ မျိုးမရှိပါဘူး။ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးပုံစံပြသနေနိုင်ရင် ဘောလုံးအားကစား မှာဘာမဆိုဖြစ်လာနိုင်တယ်မဟုတ်လား။ကျွန်တော်က ဂိုးသွင်းတဲ့နေရာမှာစံချိန်တင်နိုင်ပေမယ့် အသင်းကနောက်ထပ်နှစ်အတော်ကြာကြာအထိ ဆုဖလားတစ်ခုမှမရရင်လည်း ဒါက ကောင်းတဲ့ အချက်မဟုတ်ပါဘူး။ ကျွန်တော့်အတွက်တစ်ကိုယ်တော်စံချိန်တွေထက် နောက်ပြန်ကြည့်လိုက်ရင် အောင်မြင်ခဲ့တဲ့ဆုဖလား တွေအများအပြားရရှိခဲ့တာကိုပဲလိုချင်ပါတယ်။ဒါကအရေးကြီးဆုံးအရာပါပဲ။ ဒါပေမယ့် ယူနိုက်တက် ဂန္ဓဝင်ကြီးတွေရဲ့မှတ်တမ်းတွေကြားကြီးပြင်းလာတဲ့ ကစားသမားဖြစ်မယ်ဆိုရင်တော့ အဲဒီမှတ်တမ်း တွေကတကယ့်အိပ်မက်တွေပါပဲ။ တကယ်လို့ခင်ဗျားတို့အနေနဲ့ ယူနိုက်တက်ကစား သမားဖြစ်နေပြီဆိုရင် ပွဲထွက်ခွင့်ရရုံနဲ့တင်ကျေနပ်နေလို့မရပါဘူး။ ခင်ဗျားတို့အနေနဲ့ စီနီယာကစား သမားတွေဖြစ်တဲ့ ဘက်ခမ်း၊ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ် တို့လိုဖြစ်ဖို့ အိပ်မက်မက်ရပါမယ်။”ဆိုပြီး ရက်ရှ်ဖို့ကပြောပါတယ်။

photo internet

ယူနိုက်တက်အတွက် ဒီရာသီပြိုင်ပွဲစုံသွင်းဂိုး(၁၉)ဂိုးအထိသွင်းယူပေးထားခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာဇန်နဝါရီလ လယ်လောက်က ဒဏ်ရာကြောင့်အနားယူနေခဲ့ရတာဖြစ်ပါတယ်။ “နောက်ဆုံး Scan ဖတ်မှုအရ သူရဲ့ ဒဏ်ရာက တော်တော်လေး တိုးတက်လာနေပါပြီ၊ ဒါပေမဲ့ ကြံ့ခိုင်မှုပြည့်ဝဖို့တော့ အဆင်သင့်မဖြစ်သေးပါဘူး။ သူ့အတွက်လိုအပ်တဲ့အချိန်တော့ ကျွန်တော်တို့ ပေးရပါလိမ့်မယ်။ သူကကွင်းထဲပြန်လာနိုင်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေပါတယ်၊ ဒါပေမဲ့ သူ့ကို ကွင်းထဲမှာ ပြန်တွေ့ဖို့နောက်လအနည်းငယ်စောင့်ရ ပါဦးမယ်၊ နောက်ထပ် (၂) လအတောအတွင်းတော့ သူ့ကို မြင်ရပါလိမ့်မယ်။ သူပြန်လာတဲ့ အခါကျွန်တော်တို့အတွက်ကြီးမားတဲ့ တိုးတက်မှုတွေရှိလာပါလိမ့် မယ်။”ဆိုပြီးနည်းပြဆိုးလ်ရှားက ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီးပြောဆိုထားဖူးပါတယ်။

photo internet

M Cash 24 အကှောငြးသိလိုပါက M Cash 24 ကို နှိပပြါ။

(Zawgyi Version)

ရည္မွန္းခ်က္မ်ားစြာထားထားတဲ့ ရက္ရွ္ဖို႔နဲ႔ပတ္သက္တဲ့သတင္း

ယူႏိုက္တက္အသင္းအားထားရတဲ့ကစားသမားတစ္ေယာက္ျဖစ္တဲ့ရက္ရွ္ဖို႔ဟာ ဒဏ္ရာျပႆနာေၾကာင့္ အနားယူေနရေပမယ့္ နည္းျပဆိုးလ္ရွားကေတာ့ ရာသီမကုန္ခင္ ရက္ရွ္ဖို႔တစ္ေယာက္ျမက္ခင္းစိမ္းေပၚျပန္လည္ ေျခခ်ႏိုင္မယ္လို႔သတင္းစကားပါးထားပါတယ္။ ကြင္းထဲကိုေျခမခ်ႏိုင္ေသးေပမယ့္ ရက္ရွ္ဖို႔ရည္ရြယ္ထားတဲ့ ရည္မွန္းခ်က္ေတြရိွပါတယ္။ ရက္ရွ္ဖို႔တစ္ေယာက္ဘာေတြရည္မွန္းထားလဲဆိုတာကို တင္ဆက္ေပးလိုက္ ပါတယ္။ ရက္ရွ္ဖို႔ရဲ႕အဓိက ရည္ရြယ္ခ်က္တစ္ခုကေတာ့ ယူႏိုက္တက္အသင္း ခ်န္ပီယံလိဂ္ဆုဖလားရရွိဖို႔ ျဖစ္ပါတယ္။ “ကၽြန္ေတာ့္အတြက္ေတာ့ အဂၤလန္အသင္းနဲ႔ ကမာၻ႔ဖလားရရွိဖို႔ရယ္၊ယူႏိုက္တက္ နဲ႔ ခ်န္ပီယံလိဂ္ရရွိဖို႔ရယ္ကအေရးအႀကီးဆုံးပါပဲ။ ကၽြန္ေတာ္တို႔အေနနဲ႔ အခုယူႏိုက္တက္ကို တစ္ခ်ိန္တုန္းက ယူႏိုက္တက္လိုျပန္လည္ေတာက္ပေအာင္ စြမ္းေဆာင္ေပးရပါမယ္။ ေဘာလုံးေလာကက ေျပာင္းလဲေနတာပါပဲ။ အရင္ေခတ္လိုအေနအထားမ်ဳိးေတာ့ ထပ္တူက်ခ်င္မွက်ပါလိ္မ့္မယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ႀကိဳးစား ကစားရပါမယ္။ ေျပာင္းလဲလာတဲ့အေနအထားမွာ ခက္ခဲေပမယ့္ တိုးတက္မႈရိွေအာင္ ႀကိဳးစားၾကရပါ မယ္။အသင္းႀကီးတစ္သင္းအေနနဲ႔အေျခအေနတိုးတက္ေအာင္ ဘာေၾကာင့္မလုပ္ႏိုင္ရမွာလဲ။အထူးသျဖင့္ ဒီရာသီမွာ ဆုဖလားတစ္ခုမျဖစ္မေန ရဖို႔လိုအပ္ပါတယ္။တကယ္လို႔ ဆုဖလားတစ္လုံးေတာင္မရခဲ့ရင္ ကၽြန္ေတာ့္အတြက္ေတာ့ တကယ့္စိတ္ပ်က္စရာပဲ ဘာေၾကာင့္လဲဆိုရင္ ကၽြန္ေတာ္တို႔စြမ္းေဆာင္ႏိုင္ တယ္ဆိုတာကို မန္ေနဂ်ာေရာ ၊ အသင္းေဖာ္ေတြကပါယုံၾကည္ထားပါတယ္။ အခုအခ်ိန္က တစ္စုံတစ္ခုေအာင္ျမင္ဖို႔အခ်ိန္တန္ၿပီလို႔ကၽြန္ေတာ္ထင္ပါတယ္။ယူ႐ိုၿပိဳင္ပြဲမွာလည္းကၽြန္ေတာ္တို႔အစြမ္းကုန္ေပးဆပ္ကစားရပါလိမ့္မယ္။ကၽြန္ေတာ္တို႔သာအေကာင္းဆုံးပုံစံမွာရွိေနရင္ မျဖစ္ႏိုင္ဘူးလို႔ကၽြန္ေတာ္ေတာ့ မထင္ပါဘူး။ကၽြန္ေတာ့္ဘဝရဲ႕အေကာင္းဆုံးအခိုက္အတန႔္တစ္ခုကို ဒီရာသီမွာ တကယ္ပိုင္ဆိုင္ခ်င္ပါတယ္။” ဆိုၿပီးရက္ရွ္ဖို႔ကေျပာပါတယ္။
ဒါ့အျပင္တိုက္စစ္မွဴးမားကပ္စ္ရက္ရွ္ဖိုဒ့္ က အသင္းရဲ႕ ဂႏၶဝင္တိုက္စစ္မႈးႀကီးျဖစ္တဲ့ ဝိန္း႐ြန္းနီ ရဲ႕ ကလပ္စံခ်ိန္တင္ သြင္းဂိုး ၂၅၀ ကို ေက်ာ္ျဖတ္ဖို႔ အားခဲထားပါေသးတယ္။ ၀ိန္းရြန္းနီဟာ ယူႏိုက္တက္ အသင္းမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာကစားခဲ့ၿပီးအသင္းအတြက္ မ်ားစြာေပးဆပ္ခဲ့သူျဖစ္ပါတယ္။ ရက္ရွ္ဖို႔႔ကလည္း သူ႔ဘဝကိုဒီကလပ္မွာျမႇဳပ္ႏွံထားဖို႔ ရည္႐ြယ္ထားၿပီး တစ္ေန႔မွာကလပ္ရဲ႕ စံခ်ိန္ရွင္ ျဖစ္ဖို႔ ရည္႐ြယ္ထားတယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ စီနီယာနာမည္ေက်ာ္ကစားသမားေတြရဲ႕ စံခ်ိန္ကိုေက်ာ္ျဖတ္ဖို႔ ထက္အခုေလာေလာဆယ္ယူႏိုက္တက္ေအာင္ျမင္ဖို႔ကို ပိုမိုအေရးထားထား တာျဖစ္ပါတယ္။ ”အခုလက္ရွိမွာေတာ့ နာမည္ေက်ာ္ကစားသမားေတြရဲ႕စံခ်ိန္ေတြကိုေက်ာ္ျဖတ္ဖို႔ဟာ အိပ္မက္အဆင့္ မွာပဲရိွပါေသးတယ္။နည္းနည္းေ၀းပါေသးတယ္။ အဲဒီအရာအေပၚအရမ္းႀကီးေမွ်ာ္လင့္ထားတာ မ်ိဳးမရွိပါဘူး။ကၽြန္ေတာ္တို႔အေနနဲ႔ အေကာင္းဆုံးပုံစံျပသေနႏိုင္ရင္ ေဘာလုံးအားကစား မွာဘာမဆိုျဖစ္လာႏိုင္တယ္မဟုတ္လား။ကၽြန္ေတာ္က ဂိုးသြင္းတဲ့ေနရာမွာစံခ်ိန္တင္ႏိုင္ေပမယ့္ အသင္းကေနာက္ထပ္ႏွစ္အေတာ္ၾကာၾကာအထိ ဆုဖလားတစ္ခုမွမရရင္လည္း ဒါက ေကာင္းတဲ့ အခ်က္မဟုတ္ပါဘူး။ ကၽြန္ေတာ့္အတြက္တစ္ကိုယ္ေတာ္စံခ်ိန္ေတြထက္ ေနာက္ျပန္ၾကည့္လိုက္ရင္ ေအာင္ျမင္ခဲ့တဲ့ဆုဖလားေတြအမ်ားအျပားရရွိခဲ့တာကိုပဲလိုခ်င္ပါတယ္။ဒါကအေရးႀကီးဆုံးအရာပါပဲ။ ဒါေပမယ့္ ယူႏိုက္တက္ဂႏၶဝင္ႀကီးေတြရဲ႕မွတ္တမ္းေတြၾကားႀကီးျပင္းလာတဲ့ ကစားသမားျဖစ္မယ္ဆိုရင္ေတာ့ အဲဒီမွတ္တမ္းေတြကတကယ့္အိပ္မက္ေတြပါပဲ။ တကယ္လို႔ခင္ဗ်ားတို႔အေနနဲ႔ ယူႏိုက္တက္ကစား သမားျဖစ္ေနၿပီဆုိရင္ ပြဲဲထြက္ခြင့္ရရုံနဲ႔တင္ေက်နပ္ေနလို႔မရပါဘူး။ ခင္ဗ်ားတို႔အေနနဲ႔ စီနီယာကစား သမားေတြျဖစ္တဲ့ ဘက္ခမ္း၊ရိုင္ယန္ဂစ္၊ ေပါလ္စခုိးလ္ တို႔လိုျဖစ္ဖို႔ အိပ္မက္မက္ရပါမယ္။”ဆိုၿပီး ရက္ရွ္ဖို႔ကေျပာပါတယ္။
ယူႏိုက္တက္အတြက္ ဒီရာသီၿပိဳင္ပြဲစုံသြင္းဂိုး(၁၉)ဂိုးအထိသြင္းယူေပးထားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာဇန္နဝါရီလ လယ္ေလာက္က ဒဏ္ရာေၾကာင့္အနားယူေနခဲ့ရတာျဖစ္ပါတယ္။ “ေနာက္ဆုံး Scan ဖတ္မႈအရ သူရဲ႕ ဒဏ္ရာက ေတာ္ေတာ္ေလးတိုးတက္လာေနပါၿပီ၊ ဒါေပမဲ့ ႀကံ့ခိုင္မႈျပည့္ဝဖို႔ေတာ့ အဆင္သင့္မျဖစ္ေသးပါဘူး။ သူ႔အတြက္လိုအပ္တဲ့အခ်ိန္ေတာ့ ကြၽန္ေတာ္တို႔ ေပးရပါလိမ့္မယ္။ သူကကြင္းထဲျပန္လာႏိုင္ဖို႔ ျပင္းျပင္းထန္ထန္ႀကိဳးစားေနပါတယ္၊ ဒါေပမဲ့ သူ႔ကို ကြင္းထဲမွာ ျပန္ေတြ႕ဖို႔ေနာက္လအနည္းငယ္ေစာင့္ရ ပါဦးမယ္၊ ေနာက္ထပ္ (၂) လအေတာအတြင္းေတာ့ သူ႔ကို ျမင္ရပါလိမ့္မယ္။ သူျပန္လာတဲ့ အခါကြၽန္ေတာ္တို႔အတြက္ႀကီးမားတဲ့ တိုးတက္မႈေတြရွိလာပါလိမ့္မယ္။”ဆိုၿပီးနည္းျပဆိုးလ္ရွားက ရက္ရွ္ဖို႔ဒ္နဲ႔ပတ္သက္ၿပီးေျပာဆိုထားဖူးပါတယ္။